သီလဝါမြို့ပြဖွံ့ဖြိုးရေး သိသာထင်ရှားစွာ မြင်ရပြီဟု JICA အကြီးအကဲပြော

သီလဝါမြို့ပြဖွံ့ဖြိုးရေး သိသာထင်ရှားစွာ မြင်ရပြီဟု JICA အကြီးအကဲပြော - Property News in Myanmar from iMyanmarHouse.com
24 Mar 2020 11:45 am တွင် တင်ခဲ့သည်
3981 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

မြန်မာနိုင်ငံတွင် သီလဝါမြို့ပြဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့မှုကို ၂၀၁၉ နောက်ပိုင်းတွင် သိသာထင်ရှားစွာ မြင်ရတော့မည်ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) အကြီးအကဲ မစ္စတာမာဆာယုကီကာရာဆာဝါက ပြောသည်။

ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် မတ်လ ၂၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ JICA အကြီးအကဲလွှဲပြောင်းခြင်း သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

သီလဝါဒေသကို စမတ်မြို့တော်ဖြစ်ရန် ဂျပန်နိုင်ငံက ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုအတွက် အထူးစီးပွားရေးဇုန်အပြင် လမ်း၊တံတား၊ပတ်ဝန်းကျင်ဒေသများဖွံဖြိုးရေးနှင့် အလုပ်အကိုင်များရရှိရေးကိုဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုပြင် မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက ငါးနှစ်အတွင်း ဒေါ်လာ ရှစ်ဘီလီယံကူညီရန် သဘောတူထားခြင်းမှ ၆၀ ရာခိုင်နှုန်း ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

အထက်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် တချို့သည် ထိုစီမံကိန်းများအောက်မှ ဆောင်ရွက်ခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက NLD အစိုးရသက်တမ်းအတွင်း အကူအညီ၊ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ကန်ဒေါ်လာ ရှစ်ဘီလီယံကို ငါးနှစ်အတွင်း ပေးအပ်မည်ဟု ၂၀၁၆ နိုဝင်ဘာတွင် ကြေညာခဲ့သည်။

‘‘၆၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်းနီးပါးလောက် ထောက်ပံ့ပြီးပြီ။ နောက်ကျန်တဲ့ တစ်နှစ်အတွင်း အကုန်လုံးပေးသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမူတွေအပါအဝင် ဖြစ် တယ်’’ဟု ၎င်းက ဆိုသည်။

ဒေါ်လာ ရှစ်ဘီလီယံတွင် အစိုးရအကူအညီနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမူများလည်းပါဝင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက်ဖြစ်သည်ဟု ဂျပန်နိုင်ငံက ဆိုသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း လူစွမ်းအင်အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အခြားကဏ္ဍများ တိုးတက်ရေးဆောင်ရွက်မည်ဟု ဆိုထားသည်။

JICA သည် ဂျပန်အစိုးရ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး (ODA) ကို အကောင်အထည်ဖော်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

၂၀၁၇ အထိ စာရင်းများအရ JICA က မြန်မာနိုင်ငံတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှုအ တွက် ဂျပန်ယန်း ၈၈ ဘီလီယံ (ကန်ဒေါ်လာ သန်း ၇၉၀)၊ အတိုးနှုန်းသက်သာသော ချေးငွေ ထောက်ပံ့ပေးမှုဖြင့် စီမံကိန်း ၉၄ ခုအတွက် ဂျပန်ယန်း ၁,၁၃၆ ဘီလီယံ (ဒေါ်လာ ၁၀ ဘီလီယံ)၊ ပြန်လည်ပေးဆပ်ရန်မလိုသော ငွေကြေးထောက်ပံ့မှုအရ စီမံကိန်း ၁၄၀ ပေးအပ်ထားပြီး ဖြစ်သည်ဟု JICA က ထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

သီလဝါၿမိဳ႕ျပဖြံ႕ၿဖိဳးေရး သိသာထင္ရွားစြာ ျမင္ရၿပီဟု JICA အႀကီးအကဲေျပာ

ျမန္မာႏိုင္ငံတြင္ သီလဝါၿမိဳ႕ျပဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္​ေရးကို ​ေဆာင္႐ြက္ခဲ့မႈကို ၂၀၁၉​ ေနာက္ပိုင္းတြင္ သိသာထင္ရွားစြာ ျမင္ရ​ေတာ့မည္ဟု ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ ေရး ေအဂ်င္စီ (JICA) အႀကီးအကဲ မစၥတာမာဆာယုကီကာရာဆာဝါက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ သီလဝါၿမိဳ႕ျပဆိုင္ရာဖြံၿဖိဳးတိုးတက္​ေရးကို ​ေဆာင္႐ြက္ခဲ့မႈကို ၂၀၁၉​ ေနာက္ပိုင္းတြင္ သိသာထင္ရွားစြာ ျမင္ရ​ေတာ့မည္ဟု ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA) အႀကီးအကဲ မစၥတာမာဆာယုကီကာရာဆာဝါက ေျပာသည္။

ရန္ကုန္ၿမိဳ႕ ဆူးေလရွန္ဂရီလာဟိုတယ္တြင္ မတ္လ ၂၀ ရက္က ျပဳလုပ္သည့္ ျမန္မာႏိုင္ငံဆိုင္ရာ JICA အႀကီးအကဲလႊဲေျပာင္းျခင္း သတင္းစာရွင္းလင္းပြဲ၌ ၎က ေျပာၾကားခဲ့သည္။

သီလဝါ​ေဒသကို စမတ္ၿမိဳ႕​ေတာ္ျဖစ္ရန္ ဂ်ပန္ႏိုင္ငံက ​ေဆာင္႐ြက္​ေနျခင္းျဖစ္သည္။ ထိုအတြက္ အထူးစီးပြား​ေရးဇုန္အျပင္ လမ္း၊တံတား၊ပတ္ဝန္းက်င္​ေဒသမ်ားဖြံၿဖိဳး​ေရးႏွင့္ အလုပ္အကိုင္မ်ားရရွိ​ေရးကို​ေဆာင္႐ြက္​ေနျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

ထိုျပင္ ျမန္မာႏိုင္ငံကို ဂ်ပန္ႏိုင္ငံက ငါးႏွစ္အတြင္း ေဒၚလာ ရွစ္ဘီလီယံကူညီရန္ သေဘာတူထားျခင္းမွ ၆၀ ရာခိုင္ႏႈန္း ေပးအပ္ထားၿပီးျဖစ္ေၾကာင္း ၎ကဆိုသည္။

အထက္ပါ ဖြံ႕ၿဖိဳး​ေရးလုပ္ငန္းတြင္ တခ်ိဳ႕သည္ ထိုစီမံကိန္းမ်ား​ေအာက္မွ ​ေဆာင္႐ြက္ျခင္းျဖစ္သည္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက NLD အစိုးရသက္တမ္းအတြင္း အကူအညီ၊ ေခ်းေငြႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအပါအဝင္ ကန္ေဒၚလာ ရွစ္ဘီလီယံကို ငါးႏွစ္အတြင္း ေပးအပ္မည္ဟု ၂၀၁၆ ႏိုဝင္ဘာတြင္ ေၾကညာခဲ့သည္။

‘‘၆၀ ရာခိုင္ႏႈန္းနဲ႔ ၇၀ ရာခိုင္ႏႈန္းနီးပါးေလာက္ ေထာက္ပံ့ၿပီးၿပီ။ ေနာက္က်န္တဲ့ တစ္ႏွစ္အတြင္း အကုန္လုံးေပးသြားမွာ ျဖစ္ပါတယ္။ ပုဂၢလိပိုင္းဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြအပါအဝင္ ျဖစ္ တယ္’’ဟု ၎က ဆိုသည္။

ေဒၚလာ ရွစ္ဘီလီယံတြင္ အစိုးရအကူအညီႏွင့္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလည္းပါဝင္ၿပီး ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ဒီမိုကေရစီဖြံ႕ၿဖိဳးေရးအတြက္ျဖစ္သည္ဟု ဂ်ပန္ႏိုင္ငံက ဆိုသည္။

ဂ်ပန္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအတြင္း လူစြမ္းအင္အရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအပါအဝင္ အျခားက႑မ်ား တိုးတက္ေရးေဆာင္႐ြက္မည္ဟု ဆိုထားသည္။

JICA သည္ ဂ်ပန္အစိုးရ၏ တရားဝင္ဖြံ႕ၿဖိဳးတိုးတက္မႈ အကူအညီေပးေရး (ODA) ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနေသာ အဖြဲ႕အစည္းျဖစ္သည္။

၂၀၁၇ အထိ စာရင္းမ်ားအရ JICA က ျမန္မာႏိုင္ငံတြင္ နည္းပညာပူးေပါင္းေဆာင္႐ြက္မႈအ တြက္ ဂ်ပန္ယန္း ၈၈ ဘီလီယံ (ကန္ေဒၚလာ သန္း ၇၉၀)၊ အတိုးႏႈန္းသက္သာေသာ ေခ်းေငြ ေထာက္ပံ့ေပးမႈျဖင့္ စီမံကိန္း ၉၄ ခုအတြက္ ဂ်ပန္ယန္း ၁,၁၃၆ ဘီလီယံ (ေဒၚလာ ၁၀ ဘီလီယံ)၊ ျပန္လည္ေပးဆပ္ရန္မလိုေသာ ေငြေၾကးေထာက္ပံ့မႈအရ စီမံကိန္း ၁၄၀ ေပးအပ္ထားၿပီး ျဖစ္သည္ဟု JICA က ထုတ္ျပန္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service