အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ်ကာလအတွင်း အိမ်ခြံမြေချေးငွေ ပြန်လည်ပေးဆပ်ရမှုများကို ဆိုင်းငံ့ပေးထားမည်
အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ်ကာလအတွင်း အိမ်ခြံမြေချေးငွေ ပြန်လည်ပေးဆပ်ရမှုများကို ဆိုင်းငံ့ပေးထားမည် - Property News in Myanmar from iMyanmarHouse.com
12 Mar 2020 12:38 pm တွင် တင်ခဲ့သည်
897 ကြိမ် ကြည့်ရှု့ပြီး
### Unicode Version ###
တရုတ်ပြည်ပြီးလျှင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားကူးစက်မှု အပြင်းထန်ဆုံးဖြစ်ပွားနေသော အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေစဉ်ကာလအတွင်း အိမ်ခြံမြေချေးငွေ ပြန်လည်ပေးဆပ်ရမှုများကို ဆိုင်းငံ့ပေးထားမည်ဟု ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီပြည်သူများ စီးပွားရေးထိခိုက်နေမှုကို ကူညီသည့်အနေဖြင့် ယခုကဲ့သို့ ဆိုင်းငံ့ပေးထားခြင်းဖြစ်ကြောင်း အီတလီဝန်ကြီးတစ်ဦးက ပြောကြားသည်။
အီတလီ စီးပွားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး လော်ရာ ကက်စ်တယ်လီက အိမ်ထောင်စုများနှင့် လူတစ်ဦးချင်းစီတိုင်းအတွက် ချေးငွေ ပေးဆပ်မှုများ ဆိုင်းငံ့ပေးမည်ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
အီတလီမှ ဘဏ်လော်ဘီအဖွဲ့တစ်ခုဖြစ်သော ABI က ပြောကြားရာတွင် ချေငွေ ထုတ်ပေးထားသူတို့သည် အီတလီမှ အဖွဲ့အစည်းငယ်များနှင့် အိမ်ထောင်စုများအတွက် ချေးငွေပေးဆပ်မှု ရပ်နားသည့်ကာလတစ်ခု ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ချေးငွေများ ပြန်လည်ပေးဆပ်မှု ဆိုင်းငံ့ခြင်းဟူသည်မှာ ယခင်က အီတလီတွင် မကြားဖူးခဲ့သည့် အကြောင်းရပ်တစ်ခု ဖြစ်သည်။
အီတလီသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အရေးပေါ်ဆောင်ရွက်မှုများ ချမှတ်ခဲ့ရာ ခရီးသွားလာမှုများ ကန့်သတ်တင်းကြပ်ခြင်းနှင့် အများပြည်သူ စုဝေးခြင်းများ ပိတ်ပင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက ပြည်သူများကို နေအိမ်အတွင်းတွင်သာ နေထိုင်ကြရန်နှင့် မသွားမဖြစ်ပါက ခွင့်ပြုချက်ရယူပြီးမှ ခရီးသွားကြရန် လမ်းညွှန်ထားသည်။
အီတလီတွင် ပြီးခဲ့သော တနင်္လာနေ့အထိ အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၆ ဦးမှ ၄၆၃ ဦးအထိ ရှိလာခဲ့သည်။
တရုတ်နိုင်ငံပြီးလျှင် အဆိုးရွားဆုံးကူးစက်ခံရသည့် နိုင်ငံဖြစ်နေသည်။
အီတလီစီးပွားရေးကိုကြည့်မည်ဆိုလျှင်လည်း လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ဘဏ္ဍာရေးအကျပ်ဆိုက်မှု ကြုံခဲ့ရပြီးနောက်ပိုင်း ပြန်လည်နာလံထူနိုင်ရန် ကြိုးစားနေဆဲ အခြေအနေဖြစ်သည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ စုစုပေါင်းထုတ်လုပ်မှုမှာ လွန်ခဲ့သော ၁၅ နှစ်က ပမာဏအတိုင်းသာ ရှိနေသည်။
အလုပ်လက်မဲ့ပြဿနာမှာလည်း အီတလီလူငယ်များအကြား အမြဲရင်ဆိုင်နေရသည့် အကြောင်းရပ်ဖြစ်နေသည်။
အသက် ၂၅ နှစ်အောက် အလုပ်လက်မဲ့ ပမာဏမှာ ၂၈ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ဥရောပသမဂ္ဂတွင် ထိုမျှအလုပ်လက်မဲ့များပြားသည့် အခြား ၂ နိုင်ငံသာ ရှိနေပြီး စပိန်နှင့် ဂရိတို့ ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service