ဂရိႏိုင္ငံရွိ ဂစ္တာပံုသ႑ာန္ ကၽြန္းတစ္ကၽြန္းကို Beatles ေတးဂီတအဖြဲ႔က ဝယ္ယူလိုခဲ့

ဂရိႏိုင္ငံရွိ ဂစ္တာပံုသ႑ာန္ ကၽြန္းတစ္ကၽြန္းကို Beatles ေတးဂီတအဖြဲ႔က ဝယ္ယူလိုခဲ့ - Property News in Myanmar from iMyanmarHouse.com
28 Jan 2020 11:43 am တွင် တင်ခဲ့သည်
1371 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

Beatles အဖြဲ႔၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ လူသိမ်ားသည္။

The Ballad of John & Yoko သီခ်င္းကို အဆိုေတာ္ ေဇာ္ဝင္းထြဋ္က အခ်စ္နဲ႔ကၽြန္ေတာ္ရဲ႕ျပဇာတ္ဟုလည္းေကာင္း၊ Come Together သီခ်င္းကို အေပၚထပ္နဲ႔ေအာက္ထပ္ဇာတ္လမ္းဟုလည္းေကာင္း ျပန္လည္သီဆိုခဲ့ရာတြင္ အလြန္ေအာင္ျမင္ခဲ့သည္။ ဂရိႏိုင္ငံတြင္ ဂစ္တာပံုသ႑ာန္ရွိေသာ ထူးျခားသည့္ ကၽြန္းတစ္ကၽြန္းရွိေနျပီး တစ္ခ်ိန္က ကမၻာကို ကိုင္လႈပ္ခဲ့သည့္ အဂၤလန္ေတးဂီတ အဖြဲ႔ၾကီး ဘီးတဲလ္က အဆိုပါကၽြန္းကို ဝယ္ယူလိုခဲ့ဖူးသည္။

အဆိုပါကၽြန္းမွ ေအသင္ျမိဳ ႔ေတာ္၏ ေလဆိပ္သို႔ ရဟတ္ယာဥ္ျဖင့္ သြားလွ်င္ ၁၅ မိနစ္ခန္႔သာ ၾကာျမင့္သည္။

ဂရိႏိုင္ငံရွိ ဂစ္တာပံုကၽြန္းသည္ ၁၉၆၇ ခုႏွစ္အတြင္း ဘီးတဲလ္အဖြဲ႔ကို ဖမ္းစားခဲ့ဖူးသည္။

ထိုကာလက ဘီးတဲလ္အဖြဲ႔သားမ်ားသည္ ေျမထဲပင္လယ္ဝန္းက်င္တြင္ ၎တို႔အဖြဲ႔သားမ်ား အတူတကြ ေနထုိင္ႏိုင္မည့္ ပုဂၢလိကပိုင္ ကၽြန္းတစ္ကၽြန္းကို ဝယ္ယူရန္ ရြက္လႊင့္ရွာေဖြခဲ့ဖူးသည္။

ဘီးတဲလ္အဖြဲ႔က ဂစ္တာပံုကၽြန္းကို ေတြ႔ေသာအခါ မ်ားစြာႏွစ္ျခိဳက္သြားျပီး ဝယ္ယူရန္ေဆြးေႏြးေသာ္လည္း ေဆြးေႏြးမႈမွာ အျပီးသတ္ အထမေျမာက္ခဲ့ေၾကာင္း ေစ်းကြက္တင္သည့္အက်ဳိးေဆာင္ ဆဗက္စ္ ဆဗိုင္းဒစ္က ေျပာၾကားသည္။ အီသာ ရီးယဲကၽြန္းကို ထရီနီတီကၽြန္းဟုလည္း လူသိမ်ားသည္။

ကၽြန္းမွာေသးငယ္ကာ ေျမျပင္ညီကၽြန္းတစ္ကၽြန္းျဖစ္၏။

“ဂရိမွာ ကၽြန္းအမ်ားစုဟာ ေက်ာက္ေဆာင္ေတြမ်ားျပီး လူေနလို႔မရပါဘူး။ ဒီကၽြန္းကေတာ့ ေျမျပင္ညီျဖစ္တဲ့အျပင္ စိုက္ခင္းေတြလည္း ပါပါတယ္” ဟု မစၥတာ ဆဗိုင္းဒစ္က ေျပာၾကားသည္။

ၾကီးမားသည့္ ကြန္ကရစ္ဆိပ္ခံတစ္ခုလည္းပါဝင္ျပီး ေလွမ်ား၊ ရဟတ္ယာဥ္မ်ား ဆိုက္ကပ္၊ ရပ္နားႏိုင္သည္ဟု ဆိုသည္။

“ေအသင္ ႏိုင္ငံတကာေလဆိပ္ကို ရဟတ္ယာဥ္နဲ႔ သြားမယ္ဆိုရင္ ၁၀ မိနစ္ေလာက္ပဲ ၾကာျမင့္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အားလပ္ရက္ အပန္းေျဖဖို႔ အလြန္ေကာင္းမြန္ပါတယ္။ ကၽြန္းက အရမ္းလည္းမၾကီးဘူး။ အရမ္းလည္း မေသးဘူး” ကၽြန္းေပၚရွိ အေဆာက္အအံု ၉ ခုကို လမ္းမမ်ား၊ လူသြားလမ္းမ်ားျဖင့္ ဆက္သြယ္ေပးထားသည္။

အေဆာက္အအံုမ်ားတြင္ ဘုရားေက်ာင္းငယ္တစ္ခု၊ ေလွအိမ္တစ္ခု၊ Venetian တာဝါတစ္ခုတို႔လည္း အပါအဝင္ျဖစ္သည္။

ေရအရင္းအျမစ္ မ်ားစြာပါဝင္ရာ ေျမေအာက္ေရပိုက္လိုင္းမွသည္ သီးသန္႔ေရတြင္းတစ္ခုအထိ ျဖစ္သည္။

ယခင္ပိုင္ရွင္မ်ားက ေျမယာအလွ ျပင္ဆင္မႈမ်ားျပဳလုပ္ခဲ့ရာ သံလြင္ပင္မ်ား၊ ကမ္းေျခစၾကံန္လမ္းႏွင့္ ေနအိမ္ျပင္ပ ထိုင္ရန္ေနရာမ်ားလည္း ပါဝင္သည္။

ပင္မစံအိမ္မွာ ၁၉၆၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေနအိမ္မွာ ေကာင္းမြန္သည့္အေနအထားမရွိေတာ့ဘဲ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေနျပီျဖစ္ျပီး ကုန္က်စရိတ္မွာ ယူရို ၁ သန္းခန္႔ ကုန္က်ဖြယ္ရာရွိသည္။

အားသာခ်က္မွာ တစ္ကိုယ္ရည္လံုျခံဳမႈ အလြန္ေကာင္းမြန္ျပီး ပင္လယ္လိႈင္းခတ္သံမ်ားကို ၾကားေနရမည္ျဖစ္ကာ နံနက္ခင္းႏွင့္ မြန္းလြဲခ်ိန္မ်ားတြင္ ေလညွင္း၏အရသာကို ခံစားႏိုင္မည္ျဖစ္ျပီး မည္သည့္အခါမွ် ေလထန္ေလ့မရွိေၾကာင္းလည္း မစၥတာ ဆဗိုင္းဒစ္က ေျပာၾကားသည္။

အဆိုပါကၽြန္းတြင္ မ်က္စိပသာဒျဖစ္ဖြယ္ ဆည္းဆာခ်ိန္မ်ားရွိျပီး အားလပ္ရက္ အပန္းေျဖရန္ အလြန္ေကာင္းမြန္သည့္ေနရာတစ္ခု ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။

Beatles အဖြဲ႔ကို ေပါလ္မကၠာတ္ေန၊ ဂၽြန္လင္ႏြန္၊ ေဂ်ာ့ဂ်္ဟာရစ္ဆင္ႏွင့္ ရင္ဂိုစတားတို႔ ပူးေပါင္း၍ လီဗာပူးၿမိဳ႕တြင္ ၁၉၆၀ ခုႏွစ္အတြင္း စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

တည္ေနရာ- ဂရိႏိုင္ငံ၊ ယူဘိုးအား၊ အီရီ ထရီးယား၊ အီသာ ရီးယဲကၽြန္း

ေခၚေစ်း- ယူရို ၉ သန္း (ကန္ေဒၚလာ ၁၀ သန္း)

(ဆက္စပ္သတင္းမ်ား)

(၁) Beatles အဖြဲ႕၀င္ ရင္ဂိုစတား၏ ငယ္ဘ၀အိမ္အား ေဒၚလာ ၉၉,၀၀၀ ျဖင့္ အမာခံပရိသတ္တစ္ဦး ၀ယ္ယူ

https://www.imyanmarhouse.com/news/read/463739

(၂) Beatles ၏ အဆိုေတာ္ ဂၽြန္လင္ႏြန္၊ အိုဘားမား၊ စတိဗ္ေဂ်ာ့၊ ျဗိတိန္ဝန္ၾကီးခ်ဳပ္ေဟာင္း မာဂရက္သက္ခ်ာတို႔ တည္းခိုခဲ့ေသာ တိုက်ဳိ၏ အထင္ကရ ဟိုတယ္ၾကီး Hotel Okura Tokyo ကို ၄ ႏွစ္ခန္႔ ပိတ္ထားခဲ့ကာ ကန္ေဒၚလာ ၁ ဘီလီယံ အကုန္အက်ခံမြမ္းမံ ခဲ့ရာမွ ယခုအခါ ျပန္လည္ဖြင့္လွစ္ျပီ

https://www.imyanmarhouse.com/news/read/857779

(၃) ကမၻာေက်ာ္ဘီးတဲလ္ ေတးဂီတအဖြဲ႔ၾကီး၏ အဆိုေတာ္၊ ေဘ့စ္ဂစ္တာသမား ေပါလ္ မကၠာတေနးတို႔ဇနီးေမာင္ႏွံ တိုက္ခန္းရွာေဖြ လ်က္ရွိ

https://www.imyanmarhouse.com/news/read/780676

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

### Unicode Version ###

Beatles အဖွဲ့၏ သီချင်းများကို မြန်မာနိုင်ငံတွင် လူသိများသည်။

The Ballad of John & Yoko သီချင်းကို အဆိုတော် ဇော်ဝင်းထွဋ်က အချစ်နဲ့ကျွန်တော်ရဲ့ပြဇာတ်ဟုလည်းကောင်း၊ Come Together သီချင်းကို အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်းဟုလည်းကောင်း ပြန်လည်သီဆိုခဲ့ရာတွင် အလွန်အောင်မြင်ခဲ့သည်။ ဂရိနိုင်ငံတွင် ဂစ်တာပုံသဏ္ဍာန်ရှိသော ထူးခြားသည့် ကျွန်းတစ်ကျွန်းရှိနေပြီး တစ်ချိန်က ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် အင်္ဂလန်တေးဂီတ အဖွဲ့ကြီး ဘီးတဲလ်က အဆိုပါကျွန်းကို ဝယ်ယူလိုခဲ့ဖူးသည်။

အဆိုပါကျွန်းမှ အေသင်မြို့တော်၏ လေဆိပ်သို့ ရဟတ်ယာဉ်ဖြင့် သွားလျှင် ၁၅ မိနစ်ခန့်သာ ကြာမြင့်သည်။

ဂရိနိုင်ငံရှိ ဂစ်တာပုံကျွန်းသည် ၁၉၆၇ ခုနှစ်အတွင်း ဘီးတဲလ်အဖွဲ့ကို ဖမ်းစားခဲ့ဖူးသည်။

ထိုကာလက ဘီးတဲလ်အဖွဲ့သားများသည် မြေထဲပင်လယ်ဝန်းကျင်တွင် ၎င်းတို့အဖွဲ့သားများ အတူတကွ နေထိုင်နိုင်မည့် ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်းကို ဝယ်ယူရန် ရွက်လွှင့်ရှာဖွေခဲ့ဖူးသည်။

ဘီးတဲလ်အဖွဲ့က ဂစ်တာပုံကျွန်းကို တွေ့သောအခါ များစွာနှစ်ခြိုက်သွားပြီး ဝယ်ယူရန်ဆွေးနွေးသော်လည်း ဆွေးနွေးမှုမှာ အပြီးသတ် အထမမြောက်ခဲ့ကြောင်း ဈေးကွက်တင်သည့်အကျိုးဆောင် ဆဗက်စ် ဆဗိုင်းဒစ်က ပြောကြားသည်။ အီသာ ရီးယဲကျွန်းကို ထရီနီတီကျွန်းဟုလည်း လူသိများသည်။

ကျွန်းမှာသေးငယ်ကာ မြေပြင်ညီကျွန်းတစ်ကျွန်းဖြစ်၏။

“ဂရိမှာ ကျွန်းအများစုဟာ ကျောက်ဆောင်တွေများပြီး လူနေလို့မရပါဘူး။ ဒီကျွန်းကတော့ မြေပြင်ညီဖြစ်တဲ့အပြင် စိုက်ခင်းတွေလည်း ပါပါတယ်” ဟု မစ္စတာ ဆဗိုင်းဒစ်က ပြောကြားသည်။ ကြီးမားသည့် ကွန်ကရစ်ဆိပ်ခံတစ်ခုလည်းပါဝင်ပြီး လှေများ၊ ရဟတ်ယာဉ်များ ဆိုက်ကပ်၊ ရပ်နားနိုင်သည်ဟု ဆိုသည်။

“အေသင် နိုင်ငံတကာလေဆိပ်ကို ရဟတ်ယာဉ်နဲ့ သွားမယ်ဆိုရင် ၁၀ မိနစ်လောက်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အားလပ်ရက် အပန်းဖြေဖို့ အလွန်ကောင်းမွန်ပါတယ်။ ကျွန်းက အရမ်းလည်းမကြီးဘူး။ အရမ်းလည်း မသေးဘူး” ကျွန်းပေါ်ရှိ အဆောက်အအုံ ၉ ခုကို လမ်းမများ၊ လူသွားလမ်းများဖြင့် ဆက်သွယ်ပေးထားသည်။

အဆောက်အအုံများတွင် ဘုရားကျောင်းငယ်တစ်ခု၊ လှေအိမ်တစ်ခု၊ Venetian တာဝါတစ်ခုတို့လည်း အပါအဝင်ဖြစ်သည်။

ရေအရင်းအမြစ် များစွာပါဝင်ရာ မြေအောက်ရေပိုက်လိုင်းမှသည် သီးသန့်ရေတွင်းတစ်ခုအထိ ဖြစ်သည်။

ယခင်ပိုင်ရှင်များက မြေယာအလှ ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ သံလွင်ပင်များ၊ ကမ်းခြေစကြံန်လမ်းနှင့် နေအိမ်ပြင်ပ ထိုင်ရန်နေရာများလည်း ပါဝင်သည်။

ပင်မစံအိမ်မှာ ၁၉၆၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်မှာ ကောင်းမွန်သည့်အနေအထားမရှိတော့ဘဲ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ပြီး ကုန်ကျစရိတ်မှာ ယူရို ၁ သန်းခန့် ကုန်ကျဖွယ်ရာရှိသည်။ အားသာချက်မှာ တစ်ကိုယ်ရည်လုံခြုံမှု အလွန်ကောင်းမွန်ပြီး ပင်လယ်လှိုင်းခတ်သံများကို ကြားနေရမည်ဖြစ်ကာ နံနက်ခင်းနှင့် မွန်းလွဲချိန်များတွင် လေညှင်း၏အရသာကို ခံစားနိုင်မည်ဖြစ်ပြီး မည်သည့်အခါမျှ လေထန်လေ့မရှိကြောင်းလည်း မစ္စတာ ဆဗိုင်းဒစ်က ပြောကြားသည်။ အဆိုပါကျွန်းတွင် မျက်စိပသာဒဖြစ်ဖွယ် ဆည်းဆာချိန်များရှိပြီး အားလပ်ရက် အပန်းဖြေရန် အလွန်ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

Beatles အဖွဲ့ကို ပေါလ်မက္ကာတ်နေ၊ ဂျွန်လင်နွန်၊ ဂျော့ဂျ်ဟာရစ်ဆင်နှင့် ရင်ဂိုစတားတို့ ပူးပေါင်း၍ လီဗာပူးမြို့တွင် ၁၉၆၀ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

တည်နေရာ- ဂရိနိုင်ငံ၊ ယူဘိုးအား၊ အီရီ ထရီးယား၊ အီသာ ရီးယဲကျွန်း

ခေါ်ဈေး- ယူရို ၉ သန်း (ကန်ဒေါ်လာ ၁၀ သန်း)

(ဆက်စပ်သတင်းများ)

(၁) Beatles အဖွဲ့ဝင် ရင်ဂိုစတား၏ ငယ်ဘဝအိမ်အား ဒေါ်လာ ၉၉,၀၀၀ ဖြင့် အမာခံပရိသတ်တစ်ဦး ဝယ်ယူ

https://www.imyanmarhouse.com/news/read/463739

(၂) Beatles ၏ အဆိုတော် ဂျွန်လင်နွန်၊ အိုဘားမား၊ စတိဗ်ဂျော့၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့ တည်းခိုခဲ့သော တိုကျို၏ အထင်ကရ ဟိုတယ်ကြီး Hotel Okura Tokyo ကို ၄ နှစ်ခန့် ပိတ်ထားခဲ့ကာ ကန်ဒေါ်လာ ၁ ဘီလီယံ အကုန်အကျခံမွမ်းမံ ခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်ပြီ

https://www.imyanmarhouse.com/news/read/857779

(၃) ကမ္ဘာကျော်ဘီးတဲလ် တေးဂီတအဖွဲ့ကြီး၏ အဆိုတော်၊ ဘေ့စ်ဂစ်တာသမား ပေါလ် မက္ကာတနေးတို့ဇနီးမောင်နှံ တိုက်ခန်းရှာဖွေ လျက်ရှိ

https://www.imyanmarhouse.com/news/read/780676

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service