Beatles ၏ အဆိုေတာ္ ဂၽြန္လင္ႏြန္၊ အိုဘားမား၊ စတိဗ္ေဂ်ာ့၊ ျဗိတိန္ဝန္ၾကီးခ်ဳပ္ေဟာင္း မာဂရက္သက္ခ်ာတို႔ တည္းခိုခဲ့ေသာ တိုက်ဳိ၏ အထင္ကရ ဟိုတယ္ၾကီး Hotel Okura Tokyo ကို ၄ ႏွစ္ခန္႔ ပိတ္ထားခဲ့ကာ ကန္ေဒၚလာ ၁ ဘီလီယံ အကုန္အက်ခံမြမ္းမံခဲ့ရာမွ ယခုအခါ ျပန္လည္ဖြင့္လွစ္ျပီ

Beatles ၏ အဆိုေတာ္ ဂၽြန္လင္ႏြန္၊ အိုဘားမား၊ စတိဗ္ေဂ်ာ့၊ ျဗိတိန္ဝန္ၾကီးခ်ဳပ္ေဟာင္း မာဂရက္သက္ခ်ာတို႔ တည္းခိုခဲ့ေသာ တိုက်ဳိ၏ အထင္ကရ ဟိုတယ္ၾကီး Hotel Okura Tokyo ကို ၄ ႏွစ္ခန္႔ ပိတ္ထားခဲ့ကာ ကန္ေဒၚလာ ၁ ဘီလီယံ အကုန္အက်ခံမြမ္းမံခဲ့ရာမွ ယခုအခါ ျပန္လည္ဖြင့္လွစ္ျပီ - Property News in Myanmar from iMyanmarHouse.com
17 Sep 2019 11:34 am တွင် တင်ခဲ့သည်
1149 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဂ်ပန္ႏိုင္ငံတြင္ အေက်ာ္ၾကားဆံုးဟိုတယ္တစ္လံုးျဖစ္ေသာ “ဟိုတယ္ အိုကုရ တိုက်ဳိ” သည္ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရန္ ၄ ႏွစ္ခန္႔ ပိတ္ထားခဲ့ျပီး ကန္ေဒၚလာ ၁ ဘီလီယံခန္႔ အကုန္အက်ခံမြမ္းမံခဲ့ျပီးေနာက္ ယခုအခါ ျပဳျပင္မႈလုပ္ငန္းမ်ား ျပီးစီးကာ ျပန္လည္ဖြင့္လွစ္လိုက္ျပီျဖစ္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ယင္းသို႔ ျပန္လည္ဖြင့္လွစ္ရာတြင္ ဂ်ပန္၌ အၾကီးမားဆံုးဟိုတယ္အေဆာက္အအံုအျပင္ ကန္ေဒၚလာ ၄၀၀ တန္ေၾကးရွိ Dyson အမ်ဳိးအစား ဆံပင္အေျခာက္ခံစက္မ်ား ထည့္သြင္းေပးလာသည္။

မူရင္း အိုကုရ တိုက်ဳိဟိုတယ္ကို ၁၉၆၂ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ျပီး ႏွစ္ေပါင္းမ်ားစြာ ကာလအတြင္း အထင္ကရ ပုဂၢိဳလ္မ်ားစြာ ဧည့္ခံခဲ့ဖူးရာ Beatles ေတးဂီတအဖြဲ႔ၾကီး၏ ေရွ႕ထြက္အဆိုေတာ္ ဂၽြန္လင္ႏြန္၊ အေမရိကန္သမၼတေဟာင္း အိုဘားမား၊ Apple တည္ေထာင္သူ စတိဗ္ေဂ်ာ့ႏွင့္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ေဟာင္း မာဂရက္သက္ခ်ာတို႔ ပါဝင္သည္ဟု ဆိုသည္။

ယခုျပန္လည္ဖြင့္လွစ္ရာတြင္ အိုကုရ တိုက်ဳိဟူေသာအမည္ျဖင့္ ဖြင့္လွစ္လာျပီး နာမည္ေက်ာ္ အထင္ကရပုဂၢိဳလ္မ်ားစြာ လာေရာက္ တည္းခိုၾကေတာ့မည္မွာ သံသယျဖစ္ဖြယ္မရွိေခ်။

ျပန္လည္ဖြင့္လွစ္လာေသာ ဟိုတယ္တြင္ အေဆာက္အအံုသစ္ၾကီး ၂ ခု တိုးခ်ဲ႕ပါဝင္လာရာ Okura Heritage Wing ဟု အမည္ေပးထားသည့္ ၁၇ ထပ္အေဆာက္အအံုႏွင့္ Okura Prestige Tower ဟု အမည္ေပးထားေသာ ၄၁ ထပ္ အေဆာက္အအံုတို႔ ပါဝင္လာသည္။

Okura Prestige Tower ၏ အျမင့္မွာ ၁၈၈ မီတာ (၆၁၆ ေပ) ခန္႔အထိ ျမင့္မားသည္ဟု ဆိုသည္။

အခန္းေပါင္း ၅၀၈ ခန္းပါဝင္ျပီး အခန္းအမ်ားစုမွာ တိုက်ဳိျမိဳ႕ေတာ္၏ ရင္သပ္ရႈေမာဖြယ္ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

Heritage Wing တြင္ သီးသန္႔ reception တစ္ခု ထားရွိေပးထားျပီး ပန္းဥယ်ာဥ္ျမင္ကြင္းမ်ားရွိကာ မ်က္ႏွာစာ သံုးဖက္တြင္ စိမ္းလန္း ေသာ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားေၾကာင္း ဟိုတယ္၏ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

“Okura Heritage Wing သည္ အဆင့္ျမင့္ ဇိမ္ခံဟိုတယ္တစ္လံုးျဖစ္ျပီး ဂ်ပန္ရိုးရာဂႏၳဝင္ အေငြ႔အသက္အရသာမ်ားလည္း ေပးစြမ္းမည္ ျဖစ္သည္။

ကာလၾကာရွည္ေစာင့္ေမွ်ာ္ခဲ့ၾကရေသာ Yamazato ဂ်ပန္ရိုးရာ စားေသာက္ဆိုင္လည္း ျပန္လည္ဖြင့္လွစ္ထားျပီ ျဖစ္သည့္ အျပင္ နာမည္ေက်ာ္ Chosho-an လဖက္ရည္ခန္းမလည္း ပါဝင္လာရာ Okura Heritage Wing သည္ ဂ်ပန္ရိုးရာျဖင့္ ျပဳလုပ္မည့္ ခမ္းနားထည္ဝါေသာ အထူးပြဲလမ္းမ်ားအတြက္ ျပီးျပည့္စံုသည့္ ေနရာတစ္ခုျဖစ္သည္”ဟု ဟိုတယ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Heritage Wing မွ အိပ္ခန္းမ်ားတြင္ ႏွမ္းဖတ္ေက်ာက္ျပားမ်ားျဖင့္ ခင္းက်င္းထားသည့္ ေရခ်ဳိးခန္းမ်ား၊ Bamford ကုမၸဏီထုတ္ ေရခ်ဳိးခန္းသံုးပစၥည္းမ်ား၊ ကန္ေဒၚလာ ၄၀၀ ခန္႔ တန္ေၾကးရွိေသာ Dyson Supersonic ဆံပင္အေျခာက္ခံစက္မ်ား ထည့္သြင္းေပးထားသည္။

အေပၚဆံုးထပ္တြင္ကား ဟိုတယ္ၾကီး၏ ဂ်ပန္ရိုးရာ အစားအစာ တက္ပန္းယာကိေရာင္းခ်သည့္ စားေသာက္ဆိုင္ ဆာဇန္ကကို ဖြင့္လွစ္ေပးထားသည္။

Okura Prestige Tower ၏ lobby ခန္းကို နာမည္ေက်ာ္ ဗိသုကာပညာရွင္ ယိုရွီယို တာနီဂူခ်ီက ဒီဇိုင္းေရးဆြဲေပးထားျခင္းျဖစ္သည္။

တာနီဂူခ်ီသည္ အေမရိကန္ျပည္၊ နယူးေယာက္မွ Modern Art ျပတိုက္ကို ျပန္လည္ဒီဇိုင္းေရးဆြဲေပးခဲ့သူလည္း ျဖစ္သည္။

တိုက္ဆိုင္မႈတစ္ခုမွာ တာနီဂူခ်ီ၏ ဖခင္သည္ “ဟိုတယ္ အိုကုရ တိုက်ဳိ” ၏ မူလ lobby ခန္းကို ဒီဇိုင္းေရးဆြဲေပးခဲ့သူျဖစ္သည္။

“ဟိုတယ္ရဲ႕ မူလ lobby ခန္းကို ကၽြန္ေတာ့္အေဖက ဒီဇိုင္းဆြဲေပးခဲ့ျပီး ေတာ္ေတာ္နာမည္ၾကီးခဲ့ပါတယ္။ ဒါေၾကာင့္ Okura Tokyo ရဲ႕ lobby ခန္းသစ္ကို ဒီဇိုင္းေရးဆြဲေပးဖို႔ ကၽြန္ေတာ့္ကို အပ္ႏွံျခင္းခံရတာဟာ ၾကီးမားတဲ့ဂုဏ္ျပဳခံရမႈတစ္ခုပါ။ တခ်ိန္တည္းမွာပဲ ဆန္းၾကယ္တဲ့ ကံဆိုတာနဲ႔ တာဝန္ဆိုတာကို ခံစားမိလိုက္တယ္။ ဒါက အရင္ lobby ခန္းကို ျပန္လည္ေဖာ္ထုတ္ရမွာတင္မကဘဲ အံ့ဖြယ္ အသစ္တစ္ခုလည္း ေဆာင္ၾကဥ္းေပးႏိုင္ဖို႔ လိုပါတယ္။ ဟိုတယ္ရဲ႕ lobby ခန္းသစ္ကို လာေရာက္တည္းခိုမယ့္ ဧည့္သည္ေတြအားလံုး ႏွစ္သက္ျမတ္ႏိုးၾကမယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္”ဟု တာနီဂူခ်ီက ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဂျပန်နိုင်ငံတွင် အကျော်ကြားဆုံးဟိုတယ်တစ်လုံးဖြစ်သော “ဟိုတယ် အိုကုရ တိုကျို” သည် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် ၄ နှစ်ခန့် ပိတ်ထားခဲ့ပြီး ကန်ဒေါ်လာ ၁ ဘီလီယံခန့် အကုန်အကျခံမွမ်းမံခဲ့ပြီးနောက် ယခုအခါ ပြုပြင်မှုလုပ်ငန်းများ ပြီးစီးကာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းသို့ ပြန်လည်ဖွင့်လှစ်ရာတွင် ဂျပန်၌ အကြီးမားဆုံးဟိုတယ်အဆောက်အအုံအပြင် ကန်ဒေါ်လာ ၄၀၀ တန်ကြေးရှိ Dyson အမျိုးအစား ဆံပင်အခြောက်ခံစက်များ ထည့်သွင်းပေးလာသည်။

မူရင်း အိုကုရ တိုကျိုဟိုတယ်ကို ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ကာလအတွင်း အထင်ကရ ပုဂ္ဂိုလ်များစွာ ဧည့်ခံခဲ့ဖူးရာ Beatles တေးဂီတအဖွဲ့ကြီး၏ ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်၊ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ Apple တည်ထောင်သူ စတိဗ်ဂျော့နှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့ ပါဝင်သည်ဟု ဆိုသည်။

ယခုပြန်လည်ဖွင့်လှစ်ရာတွင် အိုကုရ တိုကျိုဟူသောအမည်ဖြင့် ဖွင့်လှစ်လာပြီး နာမည်ကျော် အထင်ကရပုဂ္ဂိုလ်များစွာ လာရောက် တည်းခိုကြတော့မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ပြန်လည်ဖွင့်လှစ်လာသော ဟိုတယ်တွင် အဆောက်အအုံသစ်ကြီး ၂ ခု တိုးချဲ့ပါဝင်လာရာ Okura Heritage Wing ဟု အမည်ပေးထားသည့် ၁၇ ထပ်အဆောက်အအုံနှင့် Okura Prestige Tower ဟု အမည်ပေးထားသော ၄၁ ထပ် အဆောက်အအုံတို့ ပါဝင်လာသည်။

Okura Prestige Tower ၏ အမြင့်မှာ ၁၈၈ မီတာ (၆၁၆ ပေ) ခန့်အထိ မြင့်မားသည်ဟု ဆိုသည်။

အခန်းပေါင်း ၅၀၈ ခန်းပါဝင်ပြီး အခန်းအများစုမှာ တိုကျိုမြို့တော်၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများ ပိုင်ဆိုင်ထားသည်။

Heritage Wing တွင် သီးသန့် reception တစ်ခု ထားရှိပေးထားပြီး ပန်းဥယျာဉ်မြင်ကွင်းများရှိကာ မျက်နှာစာ သုံးဖက်တွင် စိမ်းလန်း သော မြင်ကွင်းများ ပိုင်ဆိုင်ထားကြောင်း ဟိုတယ်၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

“Okura Heritage Wing သည် အဆင့်မြင့် ဇိမ်ခံဟိုတယ်တစ်လုံးဖြစ်ပြီး ဂျပန်ရိုးရာဂန္ထဝင် အငွေ့အသက်အရသာများလည်း ပေးစွမ်းမည် ဖြစ်သည်။

ကာလကြာရှည်စောင့်မျှော်ခဲ့ကြရသော Yamazato ဂျပန်ရိုးရာ စားသောက်ဆိုင်လည်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်သည့် အပြင် နာမည်ကျော် Chosho-an လဖက်ရည်ခန်းမလည်း ပါဝင်လာရာ Okura Heritage Wing သည် ဂျပန်ရိုးရာဖြင့် ပြုလုပ်မည့် ခမ်းနားထည်ဝါသော အထူးပွဲလမ်းများအတွက် ပြီးပြည့်စုံသည့် နေရာတစ်ခုဖြစ်သည်”ဟု ဟိုတယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Heritage Wing မှ အိပ်ခန်းများတွင် နှမ်းဖတ်ကျောက်ပြားများဖြင့် ခင်းကျင်းထားသည့် ရေချိုးခန်းများ၊ Bamford ကုမ္ပဏီထုတ် ရေချိုးခန်းသုံးပစ္စည်းများ၊ ကန်ဒေါ်လာ ၄၀၀ ခန့် တန်ကြေးရှိသော Dyson Supersonic ဆံပင်အခြောက်ခံစက်များ ထည့်သွင်းပေးထားသည်။

အပေါ်ဆုံးထပ်တွင်ကား ဟိုတယ်ကြီး၏ ဂျပန်ရိုးရာ အစားအစာ တက်ပန်းယာကိရောင်းချသည့် စားသောက်ဆိုင် ဆာဇန်ကကို ဖွင့်လှစ်ပေးထားသည်။

Okura Prestige Tower ၏ lobby ခန်းကို နာမည်ကျော် ဗိသုကာပညာရှင် ယိုရှီယို တာနီဂူချီက ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်သည်။

တာနီဂူချီသည် အမေရိကန်ပြည်၊ နယူးယောက်မှ Modern Art ပြတိုက်ကို ပြန်လည်ဒီဇိုင်းရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။

တိုက်ဆိုင်မှုတစ်ခုမှာ တာနီဂူချီ၏ ဖခင်သည် “ဟိုတယ် အိုကုရ တိုကျို” ၏ မူလ lobby ခန်းကို ဒီဇိုင်းရေးဆွဲပေးခဲ့သူဖြစ်သည်။

“ဟိုတယ်ရဲ့ မူလ lobby ခန်းကို ကျွန်တော့်အဖေက ဒီဇိုင်းဆွဲပေးခဲ့ပြီး တော်တော်နာမည်ကြီးခဲ့ပါတယ်။ ဒါကြောင့် Okura Tokyo ရဲ့ lobby ခန်းသစ်ကို ဒီဇိုင်းရေးဆွဲပေးဖို့ ကျွန်တော့်ကို အပ်နှံခြင်းခံရတာဟာ ကြီးမားတဲ့ဂုဏ်ပြုခံရမှုတစ်ခုပါ။ တချိန်တည်းမှာပဲ ဆန်းကြယ်တဲ့ ကံဆိုတာနဲ့ တာဝန်ဆိုတာကို ခံစားမိလိုက်တယ်။ ဒါက အရင် lobby ခန်းကို ပြန်လည်ဖော်ထုတ်ရမှာတင်မကဘဲ အံ့ဖွယ် အသစ်တစ်ခုလည်း ဆောင်ကြဉ်းပေးနိုင်ဖို့ လိုပါတယ်။ ဟိုတယ်ရဲ့ lobby ခန်းသစ်ကို လာရောက်တည်းခိုမယ့် ဧည့်သည်တွေအားလုံး နှစ်သက်မြတ်နိုးကြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု တာနီဂူချီက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
kalaw-garden-valley
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service