ေျမကြက္ ေလွ်ာက္ထားသူ ေတြထဲကဝယ္ယူခြင့္ရရွိသူစာရင္းဒုတိယအႀကိမ္ထုတ္ျပန္

ေျမကြက္ ေလွ်ာက္ထားသူ ေတြထဲကဝယ္ယူခြင့္ရရွိသူစာရင္းဒုတိယအႀကိမ္ထုတ္ျပန္ - Property News in Myanmar from iMyanmarHouse.com
24 Jan 2020 9:51 am တွင် တင်ခဲ့သည်
6780 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီး အစိုးရက လူေနထိုင္ရန္ေရာင္းခ်မည့္ ေျမကြက္မ်ားအား ဝယ္ယူ ခြင့္ရရွိသူ ၂၅၀ ေက်ာ္စာရင္းကို ဇန္နဝါရီ ၂၂ ရက္တြင္ထုတ္ျပန္သည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရသည္ လႈိင္သာယာ ေ႐ႊျပည္သာ ႏွင့္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္ရွိ ေျမကြက္ ၅၀၀ ေက်ာ္ထဲမွ ဝယ္ယူရန္ေလွ်ာက္ထားသူမ်ားကို စိစစ္ၿပီးေနာက္ ဝယ္ယူခြင့္ရရွိသူ ၂၆၅ ဦးကို ထုတ္ျပန္ျခင္းျဖစ္သည္။

ထိုသို႔ ရန္ကုန္တိုင္းေဒသၾကီးအစိုးရက ျပန္လည္ေရာင္းခ်မည့္ ေျမကြက္မ်ားမွာ အနည္းဆုံး ေပ ၄၀× ၆၀ မွ ေပ ၁၀၀ ပတ္လည္အက်ယ္ရွိသည္။

အဆိုပါေျမကြက္မ်ားတြင္ အက်ယ္ဆုံးျဖစ္သည့္ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ရွိ ေပ ၁၀၀ ပတ္လည္ေျမကြက္ကို ဦးဇာနည္ေအာင္ဆိုသူက က်ပ္သိန္း ၁,၁၀၀ ျဖင့္ ဝယ္ယူခြင့္ရရွိသည္။

ေပ ၄၀×၆၀ ေျမကြက္မ်ားကို အနည္းဆုံးက်ပ္သိန္း ၅၀ မွ အမ်ားဆုံး ၂၂၅ သိန္းႏႈန္းျဖင့္ ဝယ္ယူခြင့္ရရွိခဲ့ေၾကာင္းထုတ္ျပန္ခ်က္စာရင္းတြင္ ေဖာ္ျပထားသည္။

ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ ေျမတိုင္းရပ္ကြက္အမွတ္ (၁၆၈ /၃) ရွိ ေပ ၄၀×၆၀ အား က်ပ္ သိန္း ၅၀ ျဖင့္ ဦးၿဖိဳးကိုကိုဆိုသူက ဝယ္ယူခြင့္ရရွိျခင္းျဖစ္သည္။

‘‘က်န္တဲ့ေျမကြက္ဝယ္ယူ ခြင့္ရရွိသူေတြကိုလည္းထပ္ၿပီး ထုတ္ျပန္ဖို႔ရွိတယ္’’ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရသည္ စက္မႈေျမကြက္မ်ားဝယ္ယူခြင့္ရရွိသူ ၁၉ ဦးစာရင္းကို ဇန္နဝါရီ ၁၆ ရက္က ထုတ္ျပန္ခဲ့ၿပီး ယခုဒုတိယေျမာက္အျဖစ္ လူေနထိုင္ခြင့္၊ ေျမဝယ္ယူခြင့္ရရွိသူစာရင္းကို ထုတ္ျပန္ျခင္းျဖစ္သည္။

အဆိုပါေျမကြက္ဝယ္ယူခြင့္ ေလွ်ာက္လႊာကို ၂၀၁၉ ေအာက္တိုဘာတြင္ စတင္လက္ခံခဲ့ၿပီး ေလွ်ာက္ထားသူမ်ားမွဝယ္ယူလိုသည့္ ေျမကြက္အားကာလတန္ဖိုးေပၚ အေျခခံ၍ အဆိုျပဳေဈးႏႈန္းသတ္မွတ္ေလွ်ာက္ထားေစခဲ့ျခင္းျဖစ္သည္။

ယင္းေျမကြက္မ်ား ဝယ္ယူ ခြင့္ရရွိသူမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံ ဇန္နဝါရီ ၂၂ ရက္ ကစ၍ ဆက္သြယ္ႏိုင္ၿပီး ႏွစ္လအ တြင္း ေငြေပးသြင္းရန္ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 ### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အစိုးရက လူနေထိုင်ရန်ရောင်းချမည့် မြေကွက်များအား ဝယ်ယူ ခွင့်ရရှိသူ ၂၅၀ ကျော်စာရင်းကို ဇန်နဝါရီ ၂၂ ရက်တွင်ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်လေးမြို့နယ်ရှိ မြေကွက် ၅၀၀ ကျော်ထဲမှ ဝယ်ယူရန်လျှောက်ထားသူများကို စိစစ်ပြီးနောက် ဝယ်ယူခွင့်ရရှိသူ ၂၆၅ ဦးကို ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြန်လည်ရောင်းချမည့် မြေကွက်များမှာ အနည်းဆုံး ပေ ၄၀× ၆၀ မှ ပေ ၁၀၀ ပတ်လည်အကျယ်ရှိသည်။

အဆိုပါမြေကွက်များတွင် အကျယ်ဆုံးဖြစ်သည့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ပေ ၁၀၀ ပတ်လည်မြေကွက်ကို ဦးဇာနည်အောင်ဆိုသူက ကျပ်သိန်း ၁,၁၀၀ ဖြင့် ဝယ်ယူခွင့်ရရှိသည်။

ပေ ၄၀×၆၀ မြေကွက်များကို အနည်းဆုံးကျပ်သိန်း ၅၀ မှ အများဆုံး ၂၂၅ သိန်းနှုန်းဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကြောင်းထုတ်ပြန်ချက်စာရင်းတွင် ဖော်ပြထားသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် (၁၆၈ /၃) ရှိ ပေ ၄၀×၆၀ အား ကျပ် သိန်း ၅၀ ဖြင့် ဦးဖြိုးကိုကိုဆိုသူက ဝယ်ယူခွင့်ရရှိခြင်းဖြစ်သည်။

‘‘ကျန်တဲ့မြေကွက်ဝယ်ယူ ခွင့်ရရှိသူတွေကိုလည်းထပ်ပြီး ထုတ်ပြန်ဖို့ရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် စက်မှုမြေကွက်များဝယ်ယူခွင့်ရရှိသူ ၁၉ ဦးစာရင်းကို ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ယခုဒုတိယမြောက်အဖြစ် လူနေထိုင်ခွင့်၊ မြေဝယ်ယူခွင့်ရရှိသူစာရင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါမြေကွက်ဝယ်ယူခွင့် လျှောက်လွှာကို ၂၀၁၉ အောက်တိုဘာတွင် စတင်လက်ခံခဲ့ပြီး လျှောက်ထားသူများမှဝယ်ယူလိုသည့် မြေကွက်အားကာလတန်ဖိုးပေါ် အခြေခံ၍ အဆိုပြုဈေးနှုန်းသတ်မှတ်လျှောက်ထားစေခဲ့ခြင်းဖြစ်သည်။

ယင်းမြေကွက်များ ဝယ်ယူ ခွင့်ရရှိသူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံ ဇန်နဝါရီ ၂၂ ရက် ကစ၍ ဆက်သွယ်နိုင်ပြီး နှစ်လအ တွင်း ငွေပေးသွင်းရန် ကြေညာချက်တွင် ဖော်ပြထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service