"The Godfather" ႏွင့္ "Chinatown" ကဲ့သို႔ ကမၻာေက်ာ္ရုပ္ရွင္ကားမ်ားထုတ္လုပ္သူ၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ဒစၥကာဗာရီ ရုပ္သံလိုင္း ဥကၠဌက ဝယ္ယူ

"The Godfather" ႏွင့္ "Chinatown" ကဲ့သို႔ ကမၻာေက်ာ္ရုပ္ရွင္ကားမ်ားထုတ္လုပ္သူ၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ဒစၥကာဗာရီ ရုပ္သံလိုင္း ဥကၠဌက ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
10 Jan 2020 11:56 am တွင် တင်ခဲ့သည်
2197 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

"The Godfather" ႏွင့္ "Chinatown" တို႔ကဲ့သို႔ ကမၻာေက်ာ္ ရုပ္ရွင္ဇာတ္ကားမ်ား ထုတ္လုပ္ခဲ့သူ ေရာဘတ္အီဗန္စ္ ပိုင္ဆိုင္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ ဘီဗာလီေဟးလ္အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၁၆ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း နယူးေယာက္ အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

စတုရန္းေပ ၃၉၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီးကို ဒစၥကာဗာရီ ရုပ္သံလိုင္း၏ ဥကၠဌ၊ အမႈေဆာင္အရာရွိခ်ဳပ္ ေဒးဗစ္ အမ္-ဇာဆလက္ဗ္က ဝယ္ယူလိုက္ျခင္းျဖစ္သည္။

မစၥတာ အီဗန္စ္သည္ ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္အတြင္းက ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၉ ႏွစ္ ရွိျပီ ျဖစ္သည္။

စံအိမ္ၾကီးကို Woodland ဟု အမည္ေပးထားျပီး ျပင္သစ္ ရီဂ်န္စီ ဗိသုကာဟန္ျဖင့္ ၁၉၄၀ ျပည့္လြန္ကာလမ်ားအတြင္း ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ ဗိသုကာပညာရွင္ ဂၽြန္ အယ္လ္ဂ်င္း ဝုဖ္က ဒီဇိုင္းေရးဆြဲေပးခဲ့သည္။

အယ္လ္ဂ်င္း ဝုဖ္သည္ ဂ်ဴဒီ ဂါလန္ႏွုင့္ ကာရီဂရန္႔တို႔အတြက္ ေနအိမ္မ်ား ဒီဇိုင္းေရးဆြဲေပးခဲ့သူလည္း ျဖစ္သည္။

အဆိုပါစံအိမ္ၾကီးသည္ ရုပ္ရွင္မင္းသမီး ဂရီတာ ဂါဘို တိတ္တဆိတ္ အနားယူေနထိုင္ခဲ့ဖူးသည့္ေနရာလည္းျဖစ္ေၾကာင္း မစၥတာ အီဗန္စ္၏ ကိုယ္တိုင္ေရး အတၳဳပၸတၱိစာအုပ္ The Kid Stays in the Picture: A notorious life ဟူေသာ စာအုပ္တြင္ ေဖာ္ျပခဲ့ဖူးသည္။

ယင္းစာအုပ္အတြင္း မစၥတာအီဗန္စ္က ေရးသားခဲ့ဖူးသည္မွာ သူသည္အဆိုပါစံအိမ္ကို ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း ရုပ္ရွင္မင္းသမီး ေနာ္မာ ရွီယာရာႏွင့္အတူ ေတြ႔ရွိခဲ့ျခင္းျဖစ္ျပီး ခ်က္ခ်င္းပင္ ႏွစ္သက္ျမတ္ႏိုးမိခဲ့သည္ဟု ဆိုသည္။

Paramount ရုပ္ရွင္တြင္ အေရးပါသူတစ္ဦးျဖစ္လာျပီးေနာက္ပိုင္း ၁၉၆၀ ျပည့္လြန္ကာလမ်ားတြင္ အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၂၉၀၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

မစၥတာအီဗန္စ္ ျဖည့္စြက္ထည့္သြင္းခဲ့ေသာ သစ္သားအလွဆင္နံရံမ်ားျဖင့္ ရုပ္ရွင္ခန္းမသည္ ထိုေခတ္ထိုအခါက အလြန္အဆင့္ျမင့္ေသာ ရုပ္ရွင္ရံုတစ္ခုျဖစ္ခဲ့သည္။

အဆိုပါခန္းမသည္ ေဟာလိဝုဒ္ဒိတ္ဒိတ္ၾကဲမ်ား က်က္စားရာေနရာတစ္ခုျဖစ္ခဲ့ျပီး ပါတီပြဲမ်ားက်င္းပရာလည္း ျဖစ္ခဲ့သည္။

တစ္ခါတြင္ ျခံဝန္းအတြင္းရွိ ဧည့္ေဂဟာတြင္ ရိုမန္ ပိုလန္စကီးပင္လွ်င္ လာေရာက္ေနထိုင္ခဲ့ဖူးေၾကာင္း အီဗန္စ္၏ စာအုပ္တြင္ ေဖာ္ျပသည္။

၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ မူးယစ္ေဆးဝါးေရာင္းဝယ္မႈျဖင့္ ျပစ္ဒဏ္က်ခံရျပီးေနာက္ မစၥတာအီဗန္စ္က ျပင္သစ္လုပ္ငန္းရွင္ တိုနီမာေရးထံ စံအိမ္ေရာင္းခ်ခဲ့သည္။

ေရာင္းခ်ျပီး ခ်က္ခ်င္းဆိုသလိုပင္ မစၥတာအီဗန္စ္ ေနာင္တရသြားခဲ့သည္။

ရာစုႏွစ္၏ ေလးပံုတစ္ပံုနီးပါး ပိုင္ဆိုင္ထားေသာ ကိုယ္ပိုင္ေအဒင္ဥယ်ာဥ္ၾကီးမွာ ယခုအခါ မိမိအပိုင္ မဟုတ္ေတာ့ေၾကာင္း မစၥတာအီဗန္စ္က ဝမ္းနည္းစြာေျပာၾကားခဲ့ဖူးသည္။

ထိုအခ်ိန္က ပစၥတာ အီဗန္စ္သည္ The two jakes ဟူေသာ ဇာတ္ကားကို ရုပ္ရွင္မင္းသား ဂ်က္ခ္ နစ္ကိုးလ္ဆင္ျဖင့္ ရိုက္ကူးေနခ်ိန္ျဖစ္ျပီး မစၥတာ အီဗန္စ္က သူ၏ေနအိမ္ကို တိုနီမာေရးမွ ျပန္လည္ေရာင္းခ်ေပးေရးအတြက္ နစ္ကိုးလ္ဆင္မွတဆင့္ ေျပာၾကားေစခဲ့သည္။ ကာလအတန္ၾကာ ၾကိဳးပမ္းခဲ့ရျပီး ေနာက္ဆံုးတြင္ ေနအိမ္ကို ျပန္လည္ဝယ္ယူႏိုင္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 ### Unicode Version ###

"The Godfather" နှင့် "Chinatown" တို့ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ခဲ့သူ ရောဘတ်အီဗန်စ် ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

စတုရန်းပေ ၃၉၀၀ ကျယ်ဝန်းသော စံအိမ်ကြီးကို ဒစ္စကာဗာရီ ရုပ်သံလိုင်း၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ် ဒေးဗစ် အမ်-ဇာဆလက်ဗ်က ဝယ်ယူလိုက်ခြင်းဖြစ်သည်။

မစ္စတာ အီဗန်စ်သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်းက ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ် ရှိပြီ ဖြစ်သည်။

စံအိမ်ကြီးကို Woodland ဟု အမည်ပေးထားပြီး ပြင်သစ် ရီဂျန်စီ ဗိသုကာဟန်ဖြင့် ၁၉၄၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဗိသုကာပညာရှင် ဂျွန် အယ်လ်ဂျင်း ဝုဖ်က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။

အယ်လ်ဂျင်း ဝုဖ်သည် ဂျူဒီ ဂါလန်နှုင့် ကာရီဂရန့်တို့အတွက် နေအိမ်များ ဒီဇိုင်းရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။

အဆိုပါစံအိမ်ကြီးသည် ရုပ်ရှင်မင်းသမီး ဂရီတာ ဂါဘို တိတ်တဆိတ် အနားယူနေထိုင်ခဲ့ဖူးသည့်နေရာလည်းဖြစ်ကြောင်း မစ္စတာ အီဗန်စ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် The Kid Stays in the Picture: A notorious life ဟူသော စာအုပ်တွင် ဖော်ပြခဲ့ဖူးသည်။

ယင်းစာအုပ်အတွင်း မစ္စတာအီဗန်စ်က ရေးသားခဲ့ဖူးသည်မှာ သူသည်အဆိုပါစံအိမ်ကို ၁၉၅၀ ပြည့်လွန်ကာလများအတွင်း ရုပ်ရှင်မင်းသမီး နော်မာ ရှီယာရာနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ချက်ချင်းပင် နှစ်သက်မြတ်နိုးမိခဲ့သည်ဟု ဆိုသည်။

Paramount ရုပ်ရှင်တွင် အရေးပါသူတစ်ဦးဖြစ်လာပြီးနောက်ပိုင်း ၁၉၆၀ ပြည့်လွန်ကာလများတွင် အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၂၉၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

မစ္စတာအီဗန်စ် ဖြည့်စွက်ထည့်သွင်းခဲ့သော သစ်သားအလှဆင်နံရံများဖြင့် ရုပ်ရှင်ခန်းမသည် ထိုခေတ်ထိုအခါက အလွန်အဆင့်မြင့်သော ရုပ်ရှင်ရုံတစ်ခုဖြစ်ခဲ့သည်။

အဆိုပါခန်းမသည် ဟောလိဝုဒ်ဒိတ်ဒိတ်ကြဲများ ကျက်စားရာနေရာတစ်ခုဖြစ်ခဲ့ပြီး ပါတီပွဲများကျင်းပရာလည်း ဖြစ်ခဲ့သည်။

တစ်ခါတွင် ခြံဝန်းအတွင်းရှိ ဧည့်ဂေဟာတွင် ရိုမန် ပိုလန်စကီးပင်လျှင် လာရောက်နေထိုင်ခဲ့ဖူးကြောင်း အီဗန်စ်၏ စာအုပ်တွင် ဖော်ပြသည်။

၁၉၈၀ ပြည့်လွန်ကာလများတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် မစ္စတာအီဗန်စ်က ပြင်သစ်လုပ်ငန်းရှင် တိုနီမာရေးထံ စံအိမ်ရောင်းချခဲ့သည်။

ရောင်းချပြီး ချက်ချင်းဆိုသလိုပင် မစ္စတာအီဗန်စ် နောင်တရသွားခဲ့သည်။

ရာစုနှစ်၏ လေးပုံတစ်ပုံနီးပါး ပိုင်ဆိုင်ထားသော ကိုယ်ပိုင်အေဒင်ဥယျာဉ်ကြီးမှာ ယခုအခါ မိမိအပိုင် မဟုတ်တော့ကြောင်း မစ္စတာအီဗန်စ်က ဝမ်းနည်းစွာပြောကြားခဲ့ဖူးသည်။

ထိုအချိန်က ပစ္စတာ အီဗန်စ်သည် The two jakes ဟူသော ဇာတ်ကားကို ရုပ်ရှင်မင်းသား ဂျက်ခ် နစ်ကိုးလ်ဆင်ဖြင့် ရိုက်ကူးနေချိန်ဖြစ်ပြီး မစ္စတာ အီဗန်စ်က သူ၏နေအိမ်ကို တိုနီမာရေးမှ ပြန်လည်ရောင်းချပေးရေးအတွက် နစ်ကိုးလ်ဆင်မှတဆင့် ပြောကြားစေခဲ့သည်။ ကာလအတန်ကြာ ကြိုးပမ်းခဲ့ရပြီး နောက်ဆုံးတွင် နေအိမ်ကို ပြန်လည်ဝယ်ယူနိုင်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service