ကမ္ဘာကျော် မော်ဒယ်သရုပ်ဆောင် ကေတီ ပရိုက်စ် ဒေဝါလီခံလိုက်ရပြီးနောက် ပေါင် ၂ သန်းတန် နေအိမ်ဆုံးရှုံးတော့မည့်အရေး ရင်ဆိုင်နေရ
ကမ္ဘာကျော် မော်ဒယ်သရုပ်ဆောင် ကေတီ ပရိုက်စ် ဒေဝါလီခံလိုက်ရပြီးနောက် ပေါင် ၂ သန်းတန် နေအိမ်ဆုံးရှုံးတော့မည့်အရေး ရင်ဆိုင်နေရ - Property News in Myanmar from iMyanmarHouse.com
23 Dec 2019 11:15 am တွင် တင်ခဲ့သည်
1018 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
 ### Unicode Version ###
ကမ္ဘာကျော် မော်ဒယ်သရုပ်ဆောင် ကေတီ ပရိုက်စ်သည် ကြွေးမြီများ မဆပ်နိုင်ခဲ့သောကြောင့် ပြီးခဲ့သော နိုဝင်ဘာလ ၂၆ ရက်တွင် အင်္ဂလန်တရားရုံးချုပ်က ဒေဝါလီကြေညာခံလိုက်ရပြီးနောက် ပေါင် ၂ သန်းတန် နေအိမ်ဆုံးရှုံးတော့မည့် အရေး ရင်ဆိုင်နေရကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။
ဒေဝါလီခံသူအဖြစ် ကြေညာခြင်းခံလိုက်ရပြီးနောက် ကေတီပရိုက်စ်၏ ဘဏ္ဍရေးကိစ္စရပ်များနှင့် နေအိမ်တို့ကို အာဏာပိုင်တို့က စီမံချုပ်ကိုင်သွားမည် ဖြစ်သည်။
ကေတီပရိုက်စ်၏ အမည်ရင်းမှာ ကက်ထရီနာ အေမီ အလက်ဇန္ဒြား အလက်ဇစ် ပရိုက်စ်ဖြစ်ပြီး ၁၉၇၈ ခုနှစ်၊ မေလ ၂၂ ရက်တွင် အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အရှေ့ဆပ်ဆက်စ်ပြည်နယ်၊ ဘရိုက်တန်မြို့တွင် မွေးဖွားသည်။
ကေတီပရိုက်စ်က ပေါင် ၂ သန်းတန်နေအိမ်မှ ထွက်ခွာပေးရန် ငြင်းဆန်နေသည်ဟု ဆိုသည်။
အသက် ၄၁ နှစ်ရှိပြီဖြစ်သော ကေတီပရိုက်စ်သည် တချိန်ကမူ ပေါင် ၄၅ သန်းခန့် ချမ်းသာကြွယ်ဝခဲ့သူဖြစ်ပြီး လက်ရှိတွင်မူ ကလေးငယ်များနှင့်အတူနေထိုင်လျက်ရှိသော နေအိမ်မှ မောင်းထုတ်ခံရတော့မည့် အခြေအနေ ဖြစ်နေသည်။
ကေတီပရိုက်စ်က နေအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုထားပြီး မိသားစုနေအိမ်ကို ဆက်လက်ပိုင်ဆိုင်ထိန်းသိမ်းထားနိုင်ရေးအတွက် ဖြစ်နိုင်သမျှ အားလုံးကြိုးပမ်းရန် သူ၏ စာရင်းကိုင်အဖွဲ့ကို ညွှန်ကြားထားကြောင်း မိတ်ဆွေများက ပြောကြားသည်။
ကေတီပရိုက်စ်၏ မိတ်ဆွေတစ်ဦးက ပြောကြားရာတွင် “နေအိမ်ကို ဆုံးရှုံးတော့မယ်ဆိုတဲ့ဟာအပေါ် ကေတီက လက်မခံနိုင်ဘူး ဖြစ်နေပါတယ်။
သူက ဒီအိမ်ကို အရမ်းမြတ်နိုးတဲ့သူပါ။ ဒေဝါလီခံတဲ့ ကိစ္စရဲ့ ကြီးကြပ်သူတွေကို သူ့အတွက် နည်းလမ်းတစ်ခု ရှာပေးဖို့ ကေတီက ပြောထားပါတယ်။
သူနဲ့ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ ဒီအိမ်ကြီးကနေ ဘယ်လို၊ ဘာကြောင့် ပြောင်းပေးရမယ်ဆိုတာကို သူက လုံးဝတွက်မထားပါဘူး”ဟု ဆိုသည်။
“သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေက ဒီအခြေအနေအပေါ် အရမ်းစိတ်ပူပါတယ်။
ကေတီဟာ အရှိတရားကို ရင်ဆိုင်ဖို့ ငြင်းဆန်နေပြီး ကိုယ့်ကိုယ်ကို လှည့်စားနေပါတယ်။ နှစ်သစ်ကျရင် ဘယ်မှာနေမလဲလို့ မေးတိုင်းသူက စကားလမ်းကြောင်း ပြောင်းပစ်တယ်။ အားလုံး ဖြေရှင်းပြေလည်သွားလိမ့်မယ်ထင်ကြောင်းပဲ သူကပြောနေပါတယ်” ဟု ကေတီပရိုက်စ်၏ မိတ်ဆွေက ဆက်လက်ပြောကြားသည်။
ကေတီပရိုက်စ်သည် အိပ်ခန်း ၉ ခန်းပါသော စံအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ပေါင် ၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အခြားသတင်းရင်းမြစ်တစ်ခုက ပြောကြားရာတွင် ကေတီက သူ့တွင် အိမ်မွေးတိရ စ္ဆာန်များစွာရှိနေခြင်းကြောင့် အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ရန် မဖြစ်နိုင်ကြောင်း မိတ်ဆွေများကို ပြောပြသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service