Ghost ရုပ္ရွင္ဇာတ္ကားတြင္ အၾကားအျမင္ဆရာမၾကီးအျဖစ္ သရုပ္ေဆာင္ကာ အေကာင္းဆံုး ဇာတ္ပို႔ ေအာ္စကာဆုရခဲ့သူ ဝူပီ ဂိုးဘတ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္ အေရာင္းေစ်းကြက္ ျပန္ဝင္လာ

Ghost ရုပ္ရွင္ဇာတ္ကားတြင္ အၾကားအျမင္ဆရာမၾကီးအျဖစ္ သရုပ္ေဆာင္ကာ အေကာင္းဆံုး ဇာတ္ပို႔ ေအာ္စကာဆုရခဲ့သူ ဝူပီ ဂိုးဘတ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္ အေရာင္းေစ်းကြက္ ျပန္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
14 Nov 2019 11:41 am တွင် တင်ခဲ့သည်
1398 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

Ghost ရုပ္ရွင္ဇာတ္ကားတြင္ အၾကားအျမင္ဆရာမၾကီး အိုဒါ မဲဘေရာင္းအျဖစ္ သရုပ္ေဆာင္ကာ အေကာင္းဆံုး ဇာတ္ပို႔ ေအာ္စကာဆုရခဲ့သူ ဝူပီ ဂိုးဘတ္၏ ေလာ့စ္အိန္ဂ်လိစံအိမ္ အေရာင္းေစ်းကြက္သို႔ ျပန္လည္ဝင္ေရာက္လာသည္။

Ghost ရုပ္ရွင္ဇာတ္ကားတြင္ ပက္ထရစ္ေဆြဇီႏွင့္ ဒင္မီမိုးတို႔ ေခါင္းေဆာင္ပါဝင္ခဲ့ျပီး ၁၉၉၀ ျပည့္ႏွစ္တြင္ ရိုက္ကူးထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

ရိုက္ကူးစရိတ္ ကန္ေဒၚလာ ၂၂ သန္းသာ ကုန္က်ျပီး ျပန္လည္ရရွိေငြမွာ ကန္ေဒၚလာ ၅၀၅ ဒသမ ၇ သန္းျဖစ္ေသာေၾကာင့္ ၁၉၉၀ ျပည့္ႏွစ္၏ အျမတ္အစြန္းအမ်ားဆံုးရုပ္ရွင္အျဖစ္ စံခ်ိန္တင္ခဲ့သည္။

ဝူပီ ဂိုးဘတ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ ပစိဖိတ္ ပါလစ္ဆိတ္အရပ္ရွိေနအိမ္ကို ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္အတြင္းက ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ယခုအခါ အေရာင္းေစ်းကြက္ ျပန္ဝင္လာျခင္း ျဖစ္သည္။

(ဝူပီ ဂိုးဘတ္က ၂၀၁၈ ခုႏွစ္အတြင္း ေစ်းကြက္တင္ခဲ့သည့္ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ တင္ျပခဲ့ျပီး ျဖစ္ပါသည္။ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/718976 အင္တာနက္ လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)

ဝူပီ ဂိုးဘတ္၏ အမည္ရင္းမွာ ကန္း အယ္လိန္း ဂၽြန္ဆင္ျဖစ္ျပီး ၁၉၅၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္တြင္ နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္ အရပ္၌ ေမြးဖြားသည္။ ရုပ္ရွင္သရုပ္ေဆာင္၊ ဟာသလူရႊင္ေတာ္၊ စာေရးဆရာ၊ ရုပ္သံတင္ဆက္သူအျဖစ္ က်င္လည္ခဲ့သည္။

အႏုပညာသက္တမ္းတစ္ေလွ်ာက္ ေအာ္စကာဆု ၁ ခု၊ အင္မီဆု တစ္ခု၊ ဂရမ္မီဆု တစ္ခုႏွင့္ တိုနီဆုတစ္ခုတို႔ ရရွိခဲ့ျပီးျဖစ္သည္။

ေအာ္စကာဆုသမိုင္းတြင္ ဒုတိယေျမာက္ ေအာ္စကာဆုရခဲ့သည့္ လူမည္းအမ်ဳိးသမီးတစ္ဦးလည္း ျဖစ္သည္။

ဝူပီ ဂိုးဘတ္သည္ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ၁၉၉၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂ ဒသမ ၅၄၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဆယ္စုႏွစ္ ၃ ခုနီးပါး ပိုင္ဆိုင္ထားခဲ့သည္။ ယင္းေနာက္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ကန္ေဒၚလာ ၈ ဒသမ ၈ သန္းျဖင့္ ျပန္လည္ေရာင္းထုတ္သြားျခင္း ျဖစ္သည္။

ဝူပီဂိုးဘတ္မတိုင္မီက Grand Hotel ဟူေသာ ဝတၳဳျဖင့္ လူသိမ်ားသည့္ နာမည္ေက်ာ္ ၾသစေတးလ်စာေရးဆရာ ဗစ္ကီေဘာင္းက ပိုင္ဆိုင္ခဲ့သည္။

ဗစ္ကီေဘာင္းေနာက္ပိုင္းတြင္ ေအာ္စကာဆုရွင္ ေဟာလိဝုဒ္သရုပ္ေဆာင္ ေဒးဗစ္ နီဗန္လည္း ပိုင္ဆိုင္ခဲ့ဖူးေသးသည္။

စတုရန္းေပ ၇၀၀၀ က်ယ္ဝန္းေသာ စံအိမ္အတြင္း အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၇ ခန္း ပါဝင္သည္။

၁၉၃၃ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္ေနအိမ္ျဖစ္ျပီး ေဟာလိဝုဒ္ေရႊေခတ္က ေနအိမ္တြင္း မြမ္းမံမႈဟန္မ်ားျဖစ္သည့္ အာ့ထ္ဒက္ကို စိတ္ကူးစိတ္သန္းလက္ရာမ်ားကို မူရင္းမပ်က္ေတြ႔ရသည္။

သီးသန္႔အိမ္ရာ ဝန္းတစ္ခုအတြင္းတည္ရွိျပီး ျခံဝန္းအတြင္း ေမပယ္လ္ပင္မ်ားစြာ ပါဝင္သည္။

(ဆက္စပ္သတင္းမ်ား)

(၁) ကမၻာေက်ာ္ Ghost ကားသရုပ္ေဆာင္မင္းသမီး ဒီမီမိုးက နယူးေယာက္ Penthouse ခန္းကို ကန္ေဒၚလာ သန္း ၃၀ ေစ်းေလွ်ာ့ကာ ေရာင္းထုတ္လိုက္ျပီ

https://www.imyanmarhouse.com/news/read/598191

(၂) Ghost ကားျဖင့္ ကမၻာေက်ာ္ခဲ့သူ ေဟာလိဝုဒ္ၾကယ္ပြင့္ ဒင္မီမိုး၏ penthouse ခန္းကို ဝယ္ယူခဲ့ေသာ ဝယ္လက္တို႔က ကန္ေဒၚလာ သန္း ၅၀ ျဖင့္ ျပန္လည္ေရာင္းထုတ္ရန္ စီစဥ္

https://www.imyanmarhouse.com/news/read/868377

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

Ghost ရုပ်ရှင်ဇာတ်ကားတွင် အကြားအမြင်ဆရာမကြီး အိုဒါ မဲဘရောင်းအဖြစ် သရုပ်ဆောင်ကာ အကောင်းဆုံး ဇာတ်ပို့ အော်စကာဆုရခဲ့သူ ဝူပီ ဂိုးဘတ်၏ လော့စ်အိန်ဂျလိစံအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာသည်။

Ghost ရုပ်ရှင်ဇာတ်ကားတွင် ပက်ထရစ်ဆွေဇီနှင့် ဒင်မီမိုးတို့ ခေါင်းဆောင်ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူးစရိတ် ကန်ဒေါ်လာ ၂၂ သန်းသာ ကုန်ကျပြီး ပြန်လည်ရရှိငွေမှာ ကန်ဒေါ်လာ ၅၀၅ ဒသမ ၇ သန်းဖြစ်သောကြောင့် ၁၉၉၀ ပြည့်နှစ်၏ အမြတ်အစွန်းအများဆုံးရုပ်ရှင်အဖြစ် စံချိန်တင်ခဲ့သည်။

ဝူပီ ဂိုးဘတ်သည် လော့စ်အိန်ဂျလိမြို့ ပစိဖိတ် ပါလစ်ဆိတ်အရပ်ရှိနေအိမ်ကို ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်းက ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအခါ အရောင်းဈေးကွက် ပြန်ဝင်လာခြင်း ဖြစ်သည်။

(ဝူပီ ဂိုးဘတ်က ၂၀၁၈ ခုနှစ်အတွင်း ဈေးကွက်တင်ခဲ့သည့် သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/718976 အင်တာနက် လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

ဝူပီ ဂိုးဘတ်၏ အမည်ရင်းမှာ ကန်း အယ်လိန်း ဂျွန်ဆင်ဖြစ်ပြီး ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် နယူးယောက်မြို့၊ မန်ဟက်တန် အရပ်၌ မွေးဖွားသည်။ ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော်၊ စာရေးဆရာ၊ ရုပ်သံတင်ဆက်သူအဖြစ် ကျင်လည်ခဲ့သည်။

အနုပညာသက်တမ်းတစ်လျှောက် အော်စကာဆု ၁ ခု၊ အင်မီဆု တစ်ခု၊ ဂရမ်မီဆု တစ်ခုနှင့် တိုနီဆုတစ်ခုတို့ ရရှိခဲ့ပြီးဖြစ်သည်။

အော်စကာဆုသမိုင်းတွင် ဒုတိယမြောက် အော်စကာဆုရခဲ့သည့် လူမည်းအမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။

ဝူပီ ဂိုးဘတ်သည် လော့စ်အိန်ဂျလိစံအိမ်ကို ၁၉၉၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ် ၃ ခုနီးပါး ပိုင်ဆိုင်ထားခဲ့သည်။ ယင်းနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းဖြင့် ပြန်လည်ရောင်းထုတ်သွားခြင်း ဖြစ်သည်။

ဝူပီဂိုးဘတ်မတိုင်မီက Grand Hotel ဟူသော ဝတ္ထုဖြင့် လူသိများသည့် နာမည်ကျော် သြစတေးလျစာရေးဆရာ ဗစ်ကီဘောင်းက ပိုင်ဆိုင်ခဲ့သည်။

ဗစ်ကီဘောင်းနောက်ပိုင်းတွင် အော်စကာဆုရှင် ဟောလိဝုဒ်သရုပ်ဆောင် ဒေးဗစ် နီဗန်လည်း ပိုင်ဆိုင်ခဲ့ဖူးသေးသည်။

စတုရန်းပေ ၇၀၀၀ ကျယ်ဝန်းသော စံအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။

၁၉၃၃ ခုနှစ်က ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး ဟောလိဝုဒ်ရွှေခေတ်က နေအိမ်တွင်း မွမ်းမံမှုဟန်များဖြစ်သည့် အာ့ထ်ဒက်ကို စိတ်ကူးစိတ်သန်းလက်ရာများကို မူရင်းမပျက်တွေ့ရသည်။

သီးသန့်အိမ်ရာ ဝန်းတစ်ခုအတွင်းတည်ရှိပြီး ခြံဝန်းအတွင်း မေပယ်လ်ပင်များစွာ ပါဝင်သည်။

(ဆက်စပ်သတင်းများ)

(၁) ကမ္ဘာကျော် Ghost ကားသရုပ်ဆောင်မင်းသမီး ဒီမီမိုးက နယူးယောက် Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၃၀ ဈေးလျှော့ကာ ရောင်းထုတ်လိုက်ပြီ

https://www.imyanmarhouse.com/news/read/598191

(၂) Ghost ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ဒင်မီမိုး၏ penthouse ခန်းကို ဝယ်ယူခဲ့သော ဝယ်လက်တို့က ကန်ဒေါ်လာ သန်း ၅၀ ဖြင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်

https://www.imyanmarhouse.com/news/read/868377

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service