ဂ်နီဖာ အန္နစၥတန္ႏွင့္ ဘရက္ပစ္တို႔အျပင္ ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသား ဖရက္ဒရစ္ မာ့ခ်္တို႔ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ေဟာင္း ကန္ေဒၚလာ ၄၄ ဒသမ ၅ သန္းျဖင့္ ေစ်းကြက္ဝင္လာ

ဂ်နီဖာ အန္နစၥတန္ႏွင့္ ဘရက္ပစ္တို႔အျပင္ ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသား ဖရက္ဒရစ္ မာ့ခ်္တို႔ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ေဟာင္း ကန္ေဒၚလာ ၄၄ ဒသမ ၅ သန္းျဖင့္ ေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
30 Oct 2019 12:49 pm တွင် တင်ခဲ့သည်
1617 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာလိဝုဒ္ၾကယ္ပြင့္ စံုတြဲျဖစ္ေသာ ဂ်နီဖာ အန္နစၥတန္ႏွင့္ ဘရက္ပစ္တို႔ ေနထိုင္ခဲ့ဖူးေသာ ေလာ့စ္အိန္ဂ်လိ စံအိမ္ေဟာင္းသည္ မူလေခၚေစ်းမွ ကန္ေဒၚလာ ၄ ဒသမ ၅ သန္း ေစ်းေလွ်ာ့ခ်ေပးကာ ကန္ေဒၚလာ ၄၄ ဒသမ ၅ သန္းျဖင့္ ေစ်းကြက္ဝင္လာေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ဘရက္ပစ္တို႔ စံုတြဲက အဆိုပါစံအိမ္ကို ၂၀၀၀ ျပည့္လြန္ကာလမ်ားတြင္ ပိုင္ဆိုင္ခဲ့ၾကျခင္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕ ၾကယ္ပြင့္မ်ားအေျခခ်ရာ ဘီဗာလီေဟးလ္အရပ္တြင္ တည္ရွိျပီး တူးေဒၚဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္သည္ ဘရက္ပစ္တို႔ စံုတြဲအျပင္ အျခားၾကယ္ပြင့္မ်ား ပိုင္ဆိုင္ခဲ့ဖူးသည့္ သမိုင္းေၾကာင္းမ်ားလည္း ရွိသည္။

၁၉၃၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသား ဖရက္ဒရစ္ မာ့ခ်္ေနထိုင္ရန္အတြက္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ဖရက္ဒရစ္ မာ့ခ်္သည္ “Dr. Jekyll and Mr. Hyde” (၁၉၃၁) ႏွင့္ “The Best Years of Our Lives” (၁၉၄၆) ဇာတ္ကားမ်ားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ နာမည္ေက်ာ္သည္။

ေနအိမ္အက်ယ္အဝန္း စတုရန္းေပ ၁၁၀၀၀ ေက်ာ္ရွိျပီး မူရင္းလက္ရာ မီးလင္းဖိုတစ္ခုပါဝင္ေသာ အရက္ဘားခန္း ပါဝင္သည္။

အဆိုပါအခန္းကို လက္ရွိတြင္ ပေရာ္ဂ်က္တာခန္းမအျဖစ္ ေျပာင္းလဲထားသည္။

ထို႔အျပင္ အားကစားေလ့က်င့္ေရးခန္းမ၊ ေရကူးကန္၊ တင္းနစ္ကြင္းႏွင့္ မီးလင္းဖိုတစ္ခုပါဝင္ေသာ ျခံဝန္းတြင္း ဧည့္ခံေနရာတစ္ခုလည္း ပါဝင္ေၾကာင္း ေစ်းကြက္တင္ေပးသည့္ Hilton & Hyland ကုမၸဏီမွ ဆူဇန္ စမစ္က ေျပာၾကားသည္။

ဘရက္ပစ္သည္ ယခုအခါ အသက္ ၅၅ ႏွစ္ရွိျပီျဖစ္ျပီး ဂ်နီဖာ အန္နစၥတန္မွာ အသက္ ၅၀ ရွိေနျပီ ျဖစ္သည္။

၎တို႔စံုတြဲသည္ ယခုစံအိမ္ၾကီးကို ၂၀၀၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ဘရက္ပစ္တို႔ ပိုင္ဆိုင္ထားစဥ္ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း စံအိမ္ၾကီးကို အဆင့္ျမွင့္တင္ မြမ္းမံျခင္းမ်ား မ်ားစြာျပဳလုပ္ခဲ့သည္။

ထိုသို႔မြမ္းမံမႈမ်ားတြင္ ေဒၚလာသန္းေပါင္းမ်ားစြာတန္ေၾကးရွိ တင္းနစ္ကြင္းအေဆာက္အအံုႏွင့္ ဧည့္ေဂဟာအိမ္တို႔ ထပ္မံေဆာက္လုပ္မႈ မ်ားလည္း ပါဝင္သည္။

ယင္းသို႔ အဆင့္ျမွင့္ မြမ္းမံမႈမ်ားရွိခဲ့ေသာ္လည္း ေနအိမ္၏ မူလဗိသုကာလက္ရာမ်ား ရွိေနဆဲျဖစ္ျပီး အခန္းဖြဲ႔စည္းပံုအေနအထားမွာ ၁၉၃၀ ျပည့္လြန္ကာလမ်ားတြင္ စတင္ေဆာက္လုပ္ခဲ့စဥ္က အေနအထားအတိုင္းျဖစ္သည္။

ေမလအတြင္း အေရာင္းေစ်းကြက္တင္ခဲ့စဥ္က ကန္ေဒၚလာ ၄၉ သန္းအထိ ေစ်းေခၚခဲ့ေၾကာင္းလည္း အက်ဳိးေဆာင္ မစၥစမစ္က ေျပာၾကားသည္။

ဘရက္ပစ္တို႔ စံုတြဲ ကြာရွင္းျပတ္စဲျပီး တစ္ႏွစ္အၾကာ ၂၀၀၆ ခုႏွစ္တြင္ လက္ရွိပိုင္ရွင္ျဖစ္ေသာ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းရွင္ ဂ်ဳိနသန္ ဘရြတ္စ္က ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုသတင္းကို ပထမဆံုးစတင္ ေရးသားေဖာ္ျပခဲ့သည္မွာ ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာၾကီး ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောလိဝုဒ်ကြယ်ပွင့် စုံတွဲဖြစ်သော ဂျနီဖာ အန်နစ္စတန်နှင့် ဘရက်ပစ်တို့ နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိ စံအိမ်ဟောင်းသည် မူလခေါ်ဈေးမှ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ဈေးလျှော့ချပေးကာ ကန်ဒေါ်လာ ၄၄ ဒသမ ၅ သန်းဖြင့် ဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘရက်ပစ်တို့ စုံတွဲက အဆိုပါစံအိမ်ကို ၂၀၀၀ ပြည့်လွန်ကာလများတွင် ပိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့ ကြယ်ပွင့်များအခြေချရာ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိပြီး တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်သည် ဘရက်ပစ်တို့ စုံတွဲအပြင် အခြားကြယ်ပွင့်များ ပိုင်ဆိုင်ခဲ့ဖူးသည့် သမိုင်းကြောင်းများလည်း ရှိသည်။

၁၉၃၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အော်စကာဆုရှင် ရုပ်ရှင်မင်းသား ဖရက်ဒရစ် မာ့ချ်နေထိုင်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဖရက်ဒရစ် မာ့ချ်သည် “Dr. Jekyll and Mr. Hyde” (၁၉၃၁) နှင့် “The Best Years of Our Lives” (၁၉၄၆) ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် နာမည်ကျော်သည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၁၁၀၀၀ ကျော်ရှိပြီး မူရင်းလက်ရာ မီးလင်းဖိုတစ်ခုပါဝင်သော အရက်ဘားခန်း ပါဝင်သည်။

အဆိုပါအခန်းကို လက်ရှိတွင် ပရော်ဂျက်တာခန်းမအဖြစ် ပြောင်းလဲထားသည်။

ထို့အပြင် အားကစားလေ့ကျင့်ရေးခန်းမ၊ ရေကူးကန်၊ တင်းနစ်ကွင်းနှင့် မီးလင်းဖိုတစ်ခုပါဝင်သော ခြံဝန်းတွင်း ဧည့်ခံနေရာတစ်ခုလည်း ပါဝင်ကြောင်း ဈေးကွက်တင်ပေးသည့် Hilton & Hyland ကုမ္ပဏီမှ ဆူဇန် စမစ်က ပြောကြားသည်။

ဘရက်ပစ်သည် ယခုအခါ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး ဂျနီဖာ အန်နစ္စတန်မှာ အသက် ၅၀ ရှိနေပြီ ဖြစ်သည်။

၎င်းတို့စုံတွဲသည် ယခုစံအိမ်ကြီးကို ၂၀၀၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဘရက်ပစ်တို့ ပိုင်ဆိုင်ထားစဉ် နှစ်ပေါင်းများစွာကာလအတွင်း စံအိမ်ကြီးကို အဆင့်မြှင့်တင် မွမ်းမံခြင်းများ များစွာပြုလုပ်ခဲ့သည်။

ထိုသို့မွမ်းမံမှုများတွင် ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိ တင်းနစ်ကွင်းအဆောက်အအုံနှင့် ဧည့်ဂေဟာအိမ်တို့ ထပ်မံဆောက်လုပ်မှု များလည်း ပါဝင်သည်။

ယင်းသို့ အဆင့်မြှင့် မွမ်းမံမှုများရှိခဲ့သော်လည်း နေအိမ်၏ မူလဗိသုကာလက်ရာများ ရှိနေဆဲဖြစ်ပြီး အခန်းဖွဲ့စည်းပုံအနေအထားမှာ ၁၉၃၀ ပြည့်လွန်ကာလများတွင် စတင်ဆောက်လုပ်ခဲ့စဉ်က အနေအထားအတိုင်းဖြစ်သည်။

မေလအတွင်း အရောင်းဈေးကွက်တင်ခဲ့စဉ်က ကန်ဒေါ်လာ ၄၉ သန်းအထိ ဈေးခေါ်ခဲ့ကြောင်းလည်း အကျိုးဆောင် မစ္စစမစ်က ပြောကြားသည်။

ဘရက်ပစ်တို့ စုံတွဲ ကွာရှင်းပြတ်စဲပြီး တစ်နှစ်အကြာ ၂၀၀၆ ခုနှစ်တွင် လက်ရှိပိုင်ရှင်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် ဂျိုနသန် ဘရွတ်စ်က ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုသတင်းကို ပထမဆုံးစတင် ရေးသားဖော်ပြခဲ့သည်မှာ လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီး ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service