“ပဉ္စမအကြိမ်မြောက် PropertyGuru မြန်မာ့အိမ်ခြံမြေဆုပေးပွဲ-၂၀၁၉” အောင်မြင်စွာကျင်းပပြီးစီး
“ပဉ္စမအကြိမ်မြောက် PropertyGuru မြန်မာ့အိမ်ခြံမြေဆုပေးပွဲ-၂၀၁၉” အောင်မြင်စွာကျင်းပပြီးစီး - Property News in Myanmar from iMyanmarHouse.com
25 Oct 2019 10:23 am တွင် တင်ခဲ့သည်
1026 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
(ဆက်စပ်သတင်းများ)
### Unicode Version ###
ကမ္ဘာကျော် လူသုံးကုန်နှင့် စက်ပစ္စည်းများ ထုတ်လုပ်ရေးအမှတ်တံဆိပ်ဖြစ်သော Kohler က ကမကထပြုက ကျင်းပခဲ့သည့် “ပဉ္စမအကြိမ်မြောက် PropertyGuru မြန်မာ့အိမ်ခြံမြေဆုပေးပွဲ-၂၀၁၉” ကို အောက်တိုဘာလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင်ကျင်းပခဲ့ပြီး အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍတွင် တစ်နှစ်တာအတွင်း အောင်မြင်မှုများကို ဂုဏ်ပြုခဲ့သည်။
ဆုပေးပွဲ၏ အမြင့်ဆုံးဆုဖြစ်သော အကောင်းဆုံး DEVELOPER ဆုကို New Starlight ဆောက်လုပ်ရေးကုမ္ပဏီက ရရှိသွားသည်။
New Starlight က ဆောက်လုပ်သော မင်္ဂလာ မန္တလေးစီမံကိန်းသည် အကောင်းဆုံးကွန်ဒိုမီနီယံဆုနှင့် အကောင်းဆုံး ဘက်စုံသုံးစီမံကိန်းဆုများလည်း ရရှိခဲ့သည်။
“New Starlight ဆောက်လုပ်ရေးကုမ္ပဏီသည် နိုင်ငံအတွင်း ဖန်တီးနိုင်စွမ်းအကောင်းဆုံးနှင့် လေးစားမှုများစွာရရှိထားသည့် အိမ်ခြံမြေ developer များတွင် တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ လူနေ-အလုပ်လုပ်ကိုင်-အပန်းဖြေ အသိုက်အဝန်းပုံစံအတွက် ကျယ်ပြောသော လူနေမှုပုံသဏ္ဍာန် ဖြည့်တင်းပေးနိုင်ရန်အတွက် အထူးကောင်းမွန်သော facility ဒီဇိုင်းများအသုံးပြုကာ ဘက်စုံသုံးစီမံကိန်းများ ဆောက်လုပ်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့သည့်တိုင် New Starlight သည် Corporate Social Responsibility (CSR) ကဏ္ဍကို အမြဲအကောင်အထည်ဖော်လုပ်ဆောင်ပေးနေခြင်းအားဖြင့် ပြည်သူ့လူမှုဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ခြင်း၊ တိုင်းပြည်အတွင်း အပြုသဘောဆောင်သော လူမှုရေးပြောင်းလဲမှုများ ကူညီ ဆောင်ကြဉ်းပေးနိုင်ရန်အတွက် ပရဟိတလုပ်ဆောင်မှုများပြုလုပ်ခြင်းများလည်း လုပ်ဆောင်ခဲ့သည်”ဟု ဆုချီးမြှင့်သည့် ဒိုင်အဖွဲ့က သုံးသပ်ထားသည်။
Living Square ကုမ္ပဏီက Kabaraye Executive Residence စီမံကိန်းအတွက် အကောင်းဆုံး Boutique Developer ဆုရရှိခဲ့သည့်အပြင် အထူးချီးကျူးဂုဏ်ပြုမှု (Highly Commended) ဆု ၃ ခုလည်း ရရှိခဲ့သည်။
Living Square နှင့် စပ်လျဉ်းပြီး ဒိုင်အဖွဲ့က သုံးသပ်ရာတွင် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုနှင့် ပြင်းပြသည့်စိတ်ဓာတ်တို့က Living Square ၏ ဆောက်လုပ်ရေး အိုက်ဒီယာများကို မောင်းနှင်ပေးနေသည်။ ရာသီဥတုဒဏ်ခံနိုင်သည့် အဆောက်အအုံများ အမြဲဆောက်လုပ်လေ့ရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ပရိဘောဂများကိုသာ အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသိအမှတ်ပြုခံရသော developer ဖြစ်သည်နှင့်အညီ ၎င်းတို့၏ နည်းပညာပိုင်းနှင့် အနုပညာဆန်သော ကျွမ်းကျင်မှုများက စီမံကိန်းများတွင် ထင်ဟပ်နေကာ ခမ်းနားသော လက်ရာများဖြင့် ရွှေရောင်လွှမ်းသော စေတီပုထိုးပြည်၏ နှလုံးဝိဉာဉ်ကို ဖမ်းစားထားသည်”ဟု သုံးသပ်သည်။
Crown Advanced ဆောက်လုပ်ရေးကုမ္ပဏီသည် Times City စီမံကိန်းအတွက် Best Office Development, Best Retail Development နှင့် Best Universal Design Development ဆုများ ရရှိသွားသည်။
အပန်းဖြေကျွန်း developer Wa Ale က အထူးဆု ၃ ဆုအနက် ၂ ဆု သိမ်းပိုက်သွားပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ အထူးအသိအမှတ်ပြုဆု (Special Recognition in Sustainable Development) နှင့် CSR ဆိုင်ရာ အထူးအသိအမှတ်ပြုဆု (Special Recognition in CSR ) များရရှိသွားသည်။
Special Recognition in CSR ဆုကိုမူ အကောင်းဆုံး developer ဆု ရရှိသွားသော New Starlight ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးတွဲရရှိသွားခြင်ဖြစ်သည်။
ဆုအသစ်တစ်ခုဖြစ်သော Special Recognition for Bank Facility ဆုကိုမူ UAB Tower အတွက် UAB ဘဏ်က ရရှိသွားသည်။
UAB Tower သည် အကောင်းဆုံး ရုံးခန်း အတွင်းဒီဇိုင်းဆု (Best Office Interior Design) ကိုလည်း ရရှိခဲ့သည်။ ပြီးခဲ့သော ၂၀၁၈ ခုနှစ်ဆုပေးပွဲတွင် အကောင်းဆုံး ပညာရေးကဏ္ဍ ဆောက်လုပ်မှုဆုကို စတင်ပေးအပ်ခဲ့သည့်နည်းတူ ယခုနှစ်တွင်လည်း အကောင်းဆုံး ကျန်းမာရေးကဏ္ဍ ဆောက်လုပ်မှုဆုကို စတင်ပေးအပ်သည်။
အဆိုပါ ဆုအသစ်ကို ရန်ကုန်မြို့မှ အာယုနိုင်ငံတကာဆေးရုံက ရရှိသွားသည်။ ဦးဝင်းအောင်သည်လည်း မြန်မာ့စက်မှုကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာစေရန် သူ၏ ကုမ္ပဏီဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန်ကုမ္ပဏီမှတဆင့် ဆွဲဆောင်ပေးနိုင်မှုကြောင့် “၂၀၁၉ ခုနှစ် မြန်မာ့အိမ်ခြံမြေလောက ထူးချွန်ပုဂ္ဂိုလ်”အဖြစ် ဂုဏ်ပြုခံခဲ့ရသည်။
အဆိုပါဆုကို PropertyGuru Property Report မဂ္ဂဇင်းမှ အယ်ဒီတာများက ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
PropertyGuru Group ၏ အမှုဆောင်အရာရှိချုပ် ဟာရီ ဗွီ-ကရစ်ရှ်နန်က ပြောကြားရာတွင် “PropertyGuru မြန်မာ့အိမ်ခြံမြေ ဆုပေးပွဲ ကြီးရဲ့ ဈေးကွက်အတွင်းမှာရှိတဲ့ အရဲဝံ့ဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ဒီဇိုင်နာတွေကို ဆုချီးမြှင့်ဖို့ ခိုင်မြဲတဲ့ ကတိကဝတ်တွေမှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှေ့ဆောင်ရှေ့ရွက် စိတ်ဓာတ်ဟာ ထင်ဟပ်နေတာကို တွေ့ရပါတယ်”
“မြန်မာနိုင်ငံမှာ ဒါဟာ အရှည်ကြာဆုံး စီမံကိန်းတွေထဲက တစ်ခုဖြစ်ပြီး ဒီဆုဟာ ဘယ်သူမှ အကောင်အထည်မဖော်ကြသေးတဲ့၊ အလားအလာကောင်းတဲ့ ဈေးကွက်တစ်ခုမှာ ပထမဆုံးစတင်အကောင်အထည်ဖော်သူတွေရဲ့ အားသာချက် (FMA) ကို ရယူနိုင်ခဲ့ပါတယ်။
ဒီလို ဆုရအိမ်ခြံမြေစီမံကိန်းတွေဟာ နိုင်ငံတစ်ခုလုံးမှာ ဖူးပွင့်ဝေဆာနေတာကို မြင်ရတာ ကျွန်တော်တို့အနေနဲ့ အလွန်ပဲ ဂုဏ်ယူမိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံတော်ကြီးဖြစ်လာစေဖို့အတွက် အရေးပါတဲ့အချက်တွေဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။ ဆုရွေးချယ်မှု လုပ်ငန်းစဉ်များကို ကမ္ဘာ့အကြီးမားဆုံးစာရင်းစစ်၊ အတိုင်ပင်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော BDO ကုမ္ပဏီက ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်ဆုပေးပွဲကြီးတွင် ဆုရခဲ့သော ကုမ္ပဏီများသည် လာမည့်နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် PropertyGuru အာရှ အိမ်ခြံမြေဆုပေးပွဲ Grand Final တွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှ၏ အကောင်းဆုံး ဆုတံဆိပ်များ ရရှိမည့် အခွင့်အရေးလည်း ဖြစ်သည်။
PropertyGuru မြန်မာ့အိမ်ခြံမြေဆုပေးပွဲကြီးသို့ ဧည့်ပရိသတ်များနှင့် သတင်းမီဒီယာသမား စုစုပေါင်း ၂၅၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် PropertyGuru မြန်မာ့အိမ်ခြံမြေ ဆုပေးပွဲကြီးကို ပလက်တီနမ် စပွန်ဆာအဖြစ် အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်ဆင်ပြည်နယ် အခြေစိုက် Kohler ကုမ္ပဏီ၊ Gold စပွန်ဆာအဖြစ် ဟီတာချီ ဓာတ်လှေကားနှင့် စက်လှေကား ကုမ္ပဏီ၊ Bronze စပွန်ဆာအဖြစ် Nippon Paint ၊ တရားဝင် ဝက်ဘ်ဆိုက်မိတ်ဖက် (official portal partner) အဖြစ် iMyanmarHouse.com ၊ တရားဝင်သတင်းစာ (official newspaper) အဖြစ် The Straits Times (Myanmar Edition) ၊ official hotel အဖြစ် ဆူးလေ ရှန်ဂရီလာဟိုတယ်၊ official magazine အဖြစ် PropertyGuru Property Report ၊ မီဒီယာမိတ်ဖက်အဖြစ် Myanmar Insider ၊ အထောက်အကူပြုအဖွဲ့အစည်းများအဖြစ် British Chamber of Commerce Myanmar နှင့် European Chamber of Commerce Myanmar တို့အပြင် official supervisor အဖြစ် BDO တို့က ပူးပေါင်းပါဝင်ထားသည်။
(ဆက်စပ်သတင်းများ)
(၁) “ ပဉ္စမအကြိမ်မြောက် PropertyGuru မြန်မာ့အိမ်ခြံမြေဆုပေးပွဲ ၂၀၁၉” အတွက် ဇကာတင်စာရင်း ထုတ်ပြန်ကြေညာ
https://www.imyanmarhouse.com/news/read/864721
(၂) ၂၀၁၆ အရှေ့တောင်အာရှ အိမ်ခြံမြေဆုပေးပွဲတွင် မြန်မာက တစ်ဆုသာဆွတ်ခူးပြီး ဆီဒိုးနားဟိုတယ် ရရှိ
https://www.imyanmarhouse.com/news/read/541489
(၃) နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ၂၀၁၆ အရှေ့တောင်အာရှ အိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံမှ ဆုနေရာ ၁၀ မျိုးအတွက် ဇကာတင်စာရင်းဝင်လျက်ရှိ
https://www.imyanmarhouse.com/news/read/534143
(၄) ၂၀၁၇ မြန်မာအိမ်ခြံမြေဆုပေးပွဲအတွက် အမည်စာရင်းတင်သွင်းမှုများ စတင်လက်ခံ
https://www.imyanmarhouse.com/news/read/557039
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
imyanmarmarket
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service