ေနျပည္ေတာ္ဘူတာႀကီးစီမံကိန္း လာမယ့္ဘ႑ာႏွစ္ ၿပီးစီးဖို႔လ်ာထား

ေနျပည္ေတာ္ဘူတာႀကီးစီမံကိန္း လာမယ့္ဘ႑ာႏွစ္ ၿပီးစီးဖို႔လ်ာထား - Property News in Myanmar from iMyanmarHouse.com
28 Aug 2019 1:04 pm တွင် တင်ခဲ့သည်
2939 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေနျပည္ေတာ္ ဘူတာႀကီးတည္ေဆာက္ေရးစီမံကိန္းမွ က်န္ရွိလုပ္ငန္းမွ တြဲစစ္ေဆးျခင္းအမိုးလုပ္ငန္းကို လာမည့္ ဘ႑ာႏွစ္တြင္ အလ်ားေပ ၆ဝဝ အထိ ၿပီးစီးေအာင္ေဆာင္ရြက္ဖို႔ လ်ာထားတယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္ သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေက်ာ္မ်ိဳးက ဩဂုတ္၂၁ ရက္ကက်င္းပသည့္ ျပည္ေထာင္စုလႊတ္ ေတာ္အစည္းအေဝး၌ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႔ရွိခ်က္ႏွင့္သေဘာထားမွတ္ခ်က္ အစီရင္ခံစာကို ျပန္လည္ရွင္းလင္းတင္ျပရာတြင္ ေျပာၾကားသြားျခင္းျဖစ္သည္။

ျမန္မာ့မီးရထားက၂ဝဝ၆ ခုႏွစ္က ေနျပည္ေတာ္ဘူတာႀကီး တည္ေဆာက္ေရးစီမံကိန္းကို စတင္ေဆာင္ရြက္ခဲ့သည္။မူလက စီမံကိန္းကို ေနျပည္ေတာ္အဂၤါရပ္ႏွင့္ကိုက္ညီေအာင္ေဆာင္ရြက္ဖို႔ လ်ာထားခဲ့ေသာ္လည္း ဘူတာႀကီးဖြံ႔ၿဖိဳးတိုး တက္လာမႈအေျခအေနေပၚမူတည္ၿပီး မျဖစ္မေနေဆာင္ရြက္ဖို႔လိုအပ္သည့္ လုပ္ငန္းမ်ားကိုသာ ၁ဝဝ ရာခိုင္ႏႈန္းၿပီးစီးေအာင္ ဦးစားေပးေဆာင္ရြက္နိုင္ခဲ့ေၾကာင္း ေျပာထားသည္။

ထို႔ေၾကာင့္ စီမံကိန္း၏က်န္ရွိသည့္ လုပ္ငန္းမ်ားအနက္ တြဲစစ္ေဆးျခင္းလုပ္ငန္းမ်ားေဆာင္ရြက္နိုင္ဖို႔ တြဲ စစ္ေဆးျခင္း အမိုးအလ်ားေပ ၁ဝဝဝ တည္ေဆာက္ျခင္းကို မျဖစ္မေနေဆာင္ရြက္ေပးဖို႔ လိုအပ္ေၾကာင္း၊ယင္း ေၾကာင့္ ဘ႑ာေငြရရွိမႈအေပၚမူတည္ၿပီး ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မွ စတင္ေဆာင္ရြက္ခဲ့ၿပီး ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အထိ စုစုေပါင္းအလ်ားေပ ၄၅၀ ေဆာင္ရြက္ၿပီးျဖစ္ေၾကာင္း၊လာမည့္ ၂၀၁၉-၂၀၂၀ ဘ႑ာေရး ႏွစ္တြင္ အလ်ားေပ ၁၅၀ ထပ္မံတည္ေဆာက္ဖို႔ လ်ာထားသည့္အတြက္ လာမည့္ဘ႑ာႏွစ္တြင္္ စုစုေပါင္းေပ ၆ဝဝ အထိၿပီးစီးမွာျဖစ္ပါတယ္။က်န္ရွိသည့္ အလ်ားေပ ၄ဝဝ ကို ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ ၿပီးစီးရန္ ဆက္လက္ လ်ာထားေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းေျာထားသည္။

အဆိုပါ တည္ေဆာက္ေရးစီမံကိန္းအတြက္ မူလလ်ာထားခ်က္အရ ေဆာင္ရြက္ရန္က်န္ရွိသည့္ လုပ္ငန္း မ်ားမွာ တြဲစစ္ေဆးျခင္းအမိုး၊ရထားစီးခရီးသည္မ်ား နားေနေစာင့္ဆိုင္း႐ုံမ်ား၊ ရပ္ဝန္းလမ္းမ်ား၊ အေထာက္အကူ ျပဳ စက္႐ုံအလုပ္႐ုံမ်ားႏွင့္ပလက္ေဖာင္းတည္ေဆာက္ျခင္းလုပ္ငန္းမ်ားျဖစ္ သိရသည္။

တြဲစစ္ေဆးျခင္း အမိုးတည္ေဆာက္ျခင္း လုပ္ငန္းမွလြဲလို႔ က်န္ရွိတဲ့လုပ္ငန္းမ်ားမွာ အေရးတႀကီး မလိုအပ္ေသးသျဖင့္ ဆက္လက္မေဆာင္ရြက္ေသးေၾကာင္း သိရသည္။

၂၀၁၇-၂၀၁၈ဘ႑ာေရးႏွစ္ တြဲစစ္ေဆး ျခင္းအမိုးလုပ္ငန္း ေပ ၁၅၀ အတြက္ က်ပ္ ဘီလီယံ ဝဝ၃၆ သုံး စြဲခဲ့ၿပီး အခ်ိန္ကာလၾကာ ျမင့္လာသည္ႏွင့္အမၽွ ကုန္ေဈးႏႈန္း ႀကီးျမင့္လာျခင္းေၾကာင့္ စီးပြားေရးတြက္ေျခကိုက္မႈ ျပန္လည္စိစစ္ကာ လုပ္ငန္းစီမံခ်က္မ်ား ျပန္လည္ေရးဆြဲသင့္ေၾကာင္း ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ အတြင္းေရးမႉးဦးခင္ေမာင္သန္းက ေျပာထားသည္။

ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာအရျပန္လည္ဆန္းစစ္သင့္သည့္ စီမံကိန္းမ်ားတြင္ပို႔ေဆာင္ ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ျမန္မာ့မီးရထား၏ ေနျပည္ေတာ္ဘူတာတည္ေဆာက္ေရး စီမံကိန္းပါဝင္ေနၿပီး တည္ေဆာက္ေရးလုပ္ငန္းမ်ားကို အဆင့္ေလးဆင့္ႏွင့္အေကာင္အထည္ ေဖာ္ေဆာင္ရြက္မွာျဖစ္ၿပီး ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ ၿပီးစီးဖို႔ခန႔္မွန္းထားေၾကာင္းသိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

နေပြည်တော် ဘူတာကြီးတည်ဆောက်ရေးစီမံကိန်းမှ ကျန်ရှိလုပ်ငန်းမှ တွဲစစ်ဆေးခြင်းအမိုးလုပ်ငန်းကို လာမည့် ဘဏ္ဍာနှစ်တွင် အလျားပေ ၆ဝဝ အထိ ပြီးစီးအောင်ဆောင်ရွက်ဖို့ လျာထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက ဩဂုတ်၂၁ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာကို ပြန်လည်ရှင်းလင်းတင်ပြရာတွင် ပြောကြားသွားခြင်းဖြစ်သည်။

မြန်မာ့မီးရထားက၂ဝဝ၆ ခုနှစ်က နေပြည်တော်ဘူတာကြီး တည်ဆောက်ရေးစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။မူလက စီမံကိန်းကို နေပြည်တော်အင်္ဂါရပ်နှင့်ကိုက်ညီအောင်ဆောင်ရွက်ဖို့ လျာထားခဲ့သော်လည်း ဘူတာကြီးဖွံ့ဖြိုးတိုး တက်လာမှုအခြေအနေပေါ်မူတည်ပြီး မဖြစ်မနေဆောင်ရွက်ဖို့လိုအပ်သည့် လုပ်ငန်းများကိုသာ ၁ဝဝ ရာခိုင်နှုန်းပြီးစီးအောင် ဦးစားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောထားသည်။

ထို့ကြောင့် စီမံကိန်း၏ကျန်ရှိသည့် လုပ်ငန်းများအနက် တွဲစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ တွဲ စစ်ဆေးခြင်း အမိုးအလျားပေ ၁ဝဝဝ တည်ဆောက်ခြင်းကို မဖြစ်မနေဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း၊ယင်း ကြောင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းအလျားပေ ၄၅၀ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် အလျားပေ ၁၅၀ ထပ်မံတည်ဆောက်ဖို့ လျာထားသည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် စုစုပေါင်းပေ ၆ဝဝ အထိပြီးစီးမှာဖြစ်ပါတယ်။ကျန်ရှိသည့် အလျားပေ ၄ဝဝ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန် ဆက်လက် လျာထားဆောင်ရွက်သွားမှာဖြစ်ကြောင်းေြာထားသည်။

အဆိုပါ တည်ဆောက်ရေးစီမံကိန်းအတွက် မူလလျာထားချက်အရ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း များမှာ တွဲစစ်ဆေးခြင်းအမိုး၊ရထားစီးခရီးသည်များ နားနေစောင့်ဆိုင်းရုံများ၊ ရပ်ဝန်းလမ်းများ၊ အထောက်အကူ ပြု စက်ရုံအလုပ်ရုံများနှင့်ပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်းများဖြစ် သိရသည်။

တွဲစစ်ဆေးခြင်း အမိုးတည်ဆောက်ခြင်း လုပ်ငန်းမှလွဲလို့ ကျန်ရှိတဲ့လုပ်ငန်းများမှာ အရေးတကြီး မလိုအပ်သေးသဖြင့် ဆက်လက်မဆောင်ရွက်သေးကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် တွဲစစ်ဆေး ခြင်းအမိုးလုပ်ငန်း ပေ ၁၅၀ အတွက် ကျပ် ဘီလီယံ ဝဝ၃၆ သုံး စွဲခဲ့ပြီး အချိန်ကာလကြာ မြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် စီးပွားရေးတွက်ခြေကိုက်မှု ပြန်လည်စိစစ်ကာ လုပ်ငန်းစီမံချက်များ ပြန်လည်ရေးဆွဲသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးခင်မောင်သန်းက ပြောထားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရပြန်လည်ဆန်းစစ်သင့်သည့် စီမံကိန်းများတွင်ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထား၏ နေပြည်တော်ဘူတာတည်ဆောက်ရေး စီမံကိန်းပါဝင်နေပြီး တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်လေးဆင့်နှင့်အကောင်အထည် ဖော်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးဖို့ခန့်မှန်းထားကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service