တရုတ္ဝယ္လက္မ်ား အေမရိကန္ အိမ္ျခံေျမေစ်းကြက္ကို ေက်ာခိုင္းလ်က္ရွိလာျခင္းေၾကာင့္ အိမ္ျခံေျမ အေရာင္းအဝယ္မ်ား အထိနာလ်က္ရွိ

တရုတ္ဝယ္လက္မ်ား အေမရိကန္ အိမ္ျခံေျမေစ်းကြက္ကို ေက်ာခိုင္းလ်က္ရွိလာျခင္းေၾကာင့္ အိမ္ျခံေျမ အေရာင္းအဝယ္မ်ား အထိနာလ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
28 Aug 2019 12:29 pm တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စုတြင္ အိမ္ျခံေျမေခ်းေငြ အတိုးႏႈန္းမ်ား ခ်ေပးျခင္း၊ ျပီးခဲ့ေသာ ဇူလိုင္လအတြင္း အိမ္ျခံေျမ အေရာင္းအဝယ္ ျပန္ေကာင္းလာျခင္းမ်ား ျဖစ္ေပၚလာသည့္တိုင္ ၂၀၁၈ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက အိမ္ျခံေျမ အေရာင္းအဝယ္ပမာဏမွာ အလြန္နည္းပါးေနဆဲ ျဖစ္သည္။

ေစ်းကြက္သုေတသီတိုိ႔က အိမ္ျခံေျမ ေစ်းႏႈန္းမ်ား ျမင့္တက္လာျခင္း၊ စီးပြားေရးက်ဆင္းမႈ ျဖစ္ေပၚလာႏိုင္သည့္ အလားအလာရွိေနမႈ အေပၚ ရတက္မေအးျဖစ္ေနၾကျခင္း အစရွိသည့္ အခ်က္တို႔ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေထာက္ျပၾကေသာ္လည္း အျခား အေရးပါ သည့္ အခ်က္တစ္ခုမွာ ျပည္ပဝယ္လက္မ်ား - အထူးသျဖင့္ တရုတ္ဝယ္လက္မ်ားသည္ အေမရိကန္ အိမ္ျခံေျမေစ်းကြက္မွ ေက်ာခိုင္းထြက္ခြာေနၾကမႈမ်ားေၾကာင့္ ျဖစ္သည္။

ျပည္ပ ရင္းႏွီးျမွဳပ္ႏွံသူမ်ားသည္ လြန္ခဲ့ေသာ ၁၂ လတာ ကာလအတြင္း အေမရိကန္ျပည္ေထာင္စုတြင္ လူေနအိမ္ျခံေျမ ကန္ေဒၚလာ ၇၇ ဒသမ ၉ ဘီလီယံဖိုးခန္႔ ဝယ္ယူခဲ့သည္။ အဆိုပါ ပမာဏမွာ ယခင္ ၁၂ လႏွင့္ ႏႈိင္းယွဥ္လွ်င္ ၃၆ ရာခိုင္ႏႈန္း က်ဆင္းသြားျခင္းျဖစ္ေၾကာင္း အမ်ဳိးသား အိမ္ျခံေျမအက်ဳိးေဆာင္မ်ားအသင္း National Association of Realtors ၏ မၾကာေသးမီက ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

အေမရိကတြင္ ရင္းႏွီးျမွဳပ္ႏွံၾကသည့္ ႏိုင္ငံမ်ားတြင္ တရုတ္ဝယ္လက္မ်ားသည္ ထိပ္ဆံုးေနရာတြင္ ၇ ႏွစ္ဆက္တိုက္ ရပ္တည္ေနျပီး ေနအိမ္ဝယ္ယူမႈ ကန္ေဒၚလာ ၁၃ ဒသမ ၄ ဘီလီယံဖိုးအထိ ရွိခဲ့သည္။ သို႔ရာတြင္ အဆိုပါပမာဏသည္ပင္ လြန္ခဲ့ေသာႏွစ္ႏွင့္ ႏႈိုင္းယွဥ္လွ်င္ ၅၆ ရာခိုင္ႏႈန္း က်ဆင္းသြားျခင္းျဖစ္ေၾကာင္း NAR ၏ ထုတ္ျပန္ခ်က္တြင္ ပါဝင္သည္။

အျခားေသာ ဝယ္လိုအားမ်ားသည့္ ႏိုင္ငံမ်ားမွာ ကေနဒါ၊ အိႏိၵယႏွင့္ ျဗိတိန္တို႔မွျဖစ္ျပီး အဆိုပါႏိုင္ငံမ်ားမွ ဝယ္ယူမႈမ်ားလည္း ၾကီးမားသည့္ က်ဆင္းမႈမ်ားရွိေနေသာ္လည္း ယင္းႏိုင္ငံမ်ားသည္ ေစ်းကြက္တြင္ ေရာင္းခ်ရမႈ၏ ရာခိုင္ႏႈန္းအနည္းငယ္မွ်ကိုသာ ကိုယ္စားျပဳသည္။

“တရုတ္ျပည္က ဝယ္ယူမႈ က်ဆင္းတာက တကယ့္ထိုးႏွက္ခ်က္ၾကီးပါ။ ဒါဟာ အေမရိကမွာ ေနအိမ္ဝယ္ယူဖို႔ ယံုၾကည္ခ်က္ကိုလည္း က်ဆင္းေစပါတယ္”ဟု NAR မွ စီးပြားေရးပညာရွင္ ေလာရင့္စ္ ယန္က ေျပာၾကားသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ယခုႏွစ္အတြင္း အိမ္ျခံေျမေရာင္းခ်ရမႈမွာ ျပီးခဲ့ေသာ ဇူလိုင္လတြင္ ဇြန္လႏွင့္ ႏႈိင္းယွဥ္လွ်င္ ေရာင္းအား ၂ ဒသမ ၅ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေသာ္လည္း ယခင္ ၂၀၁၈ ခုႏွစ္ႏွင့္ ႏိႈင္းယွဥ္လွ်င္ ၃ ရာခိုင္ႏႈန္းခန္႔အထိ က်ဆင္းသြားေၾကာင္း NAR မွ ထုတ္ျပန္ေသာ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

တရုတ္ျပည္တြင္ စီးပြားေရးအားနည္းလာျခင္းမ်ားႏွင့္ HNA ကဲ့သို႔ ထိပ္တန္းအိမ္ျခံေျမ ကုမၸဏီၾကီးမ်ား ေၾကြးျမီမ်ားစြာ တင္လာမႈမ်ား ေၾကာင့္ တရုတ္အစိုးရက ျပည္ပသို႔ အရင္းအႏွီးသြင္းအားစုမ်ား စီးထြက္မႈကို တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္လာခဲ့ျပီးေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စုတြင္ တရုတ္ဝယ္လက္တို႔၏ ဝယ္လိုအားမ်ား က်ဆင္းလာျခင္းလည္း ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်ထောင်စုတွင် အိမ်ခြံမြေချေးငွေ အတိုးနှုန်းများ ချပေးခြင်း၊ ပြီးခဲ့သော ဇူလိုင်လအတွင်း အိမ်ခြံမြေ အရောင်းအဝယ် ပြန်ကောင်းလာခြင်းများ ဖြစ်ပေါ်လာသည့်တိုင် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက အိမ်ခြံမြေ အရောင်းအဝယ်ပမာဏမှာ အလွန်နည်းပါးနေဆဲ ဖြစ်သည်။

ဈေးကွက်သုတေသီတို့က အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာနိုင်သည့် အလားအလာရှိနေမှု အပေါ် ရတက်မအေးဖြစ်နေကြခြင်း အစရှိသည့် အချက်တို့ကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းထောက်ပြကြသော်လည်း အခြား အရေးပါ သည့် အချက်တစ်ခုမှာ ပြည်ပဝယ်လက်များ - အထူးသဖြင့် တရုတ်ဝယ်လက်များသည် အမေရိကန် အိမ်ခြံမြေဈေးကွက်မှ ကျောခိုင်းထွက်ခွာနေကြမှုများကြောင့် ဖြစ်သည်။

ပြည်ပ ရင်းနှီးမြှုပ်နှံသူများသည် လွန်ခဲ့သော ၁၂ လတာ ကာလအတွင်း အမေရိကန်ပြည်ထောင်စုတွင် လူနေအိမ်ခြံမြေ ကန်ဒေါ်လာ ၇၇ ဒသမ ၉ ဘီလီယံဖိုးခန့် ဝယ်ယူခဲ့သည်။ အဆိုပါ ပမာဏမှာ ယခင် ၁၂ လနှင့် နှိုင်းယှဉ်လျှင် ၃၆ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း အမျိုးသား အိမ်ခြံမြေအကျိုးဆောင်များအသင်း National Association of Realtors ၏ မကြာသေးမီက ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

အမေရိကတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများတွင် တရုတ်ဝယ်လက်များသည် ထိပ်ဆုံးနေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်နေပြီး နေအိမ်ဝယ်ယူမှု ကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံဖိုးအထိ ရှိခဲ့သည်။ သို့ရာတွင် အဆိုပါပမာဏသည်ပင် လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်လျှင် ၅၆ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း NAR ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အခြားသော ဝယ်လိုအားများသည့် နိုင်ငံများမှာ ကနေဒါ၊ အိန္ဒိယနှင့် ဗြိတိန်တို့မှဖြစ်ပြီး အဆိုပါနိုင်ငံများမှ ဝယ်ယူမှုများလည်း ကြီးမားသည့် ကျဆင်းမှုများရှိနေသော်လည်း ယင်းနိုင်ငံများသည် ဈေးကွက်တွင် ရောင်းချရမှု၏ ရာခိုင်နှုန်းအနည်းငယ်မျှကိုသာ ကိုယ်စားပြုသည်။

“တရုတ်ပြည်က ဝယ်ယူမှု ကျဆင်းတာက တကယ့်ထိုးနှက်ချက်ကြီးပါ။ ဒါဟာ အမေရိကမှာ နေအိမ်ဝယ်ယူဖို့ ယုံကြည်ချက်ကိုလည်း ကျဆင်းစေပါတယ်”ဟု NAR မှ စီးပွားရေးပညာရှင် လောရင့်စ် ယန်က ပြောကြားသည်။ အမေရိကန်ပြည်ထောင်စုတွင် ယခုနှစ်အတွင်း အိမ်ခြံမြေရောင်းချရမှုမှာ ပြီးခဲ့သော ဇူလိုင်လတွင် ဇွန်လနှင့် နှိုင်းယှဉ်လျှင် ရောင်းအား ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ယခင် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း NAR မှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။

တရုတ်ပြည်တွင် စီးပွားရေး အားနည်းလာခြင်းများနှင့် HNA ကဲ့သို့ ထိပ်တန်းအိမ်ခြံမြေ ကုမ္ပဏီကြီးများ ကြွေးမြီများစွာ တင်လာမှုများ ကြောင့် တရုတ်အစိုးရက ပြည်ပသို့ အရင်းအနှီးသွင်းအားစုများ စီးထွက်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် တရုတ်ဝယ်လက်တို့၏ ဝယ်လိုအားများ ကျဆင်းလာခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service