Room ဇာတ္ကားျဖင့္ ေအာ္စကာဆု ရရွိခဲ့သူ ၊ “၂၀၁၉ ခုႏွစ္ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀” စာရင္းတြင္ ပါဝင္သူ ရုပ္ရွင္မင္းသမီး ဘာရီ လာဆင္၏ ေဟာလိဝုဒ္ရွိ စံအိမ္ေရာင္းခ်ရာတြင္ အရႈံးေပၚ

Room ဇာတ္ကားျဖင့္ ေအာ္စကာဆု ရရွိခဲ့သူ ၊ “၂၀၁၉ ခုႏွစ္ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀” စာရင္းတြင္ ပါဝင္သူ ရုပ္ရွင္မင္းသမီး ဘာရီ လာဆင္၏ ေဟာလိဝုဒ္ရွိ စံအိမ္ေရာင္းခ်ရာတြင္ အရႈံးေပၚ - Property News in Myanmar from iMyanmarHouse.com
21 Aug 2019 1:03 pm တွင် တင်ခဲ့သည်
699 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဘာရီ လာဆင္၏ အမည္ရင္းမွာ ဘရိုင္ယန္နီ စီဒိုနီ ဒီဆယ္လ္နီယားစ္ျဖစ္ျပီး ဘာရီ လာဆင္ဟုသာ လူသိမ်ားသည္။

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆခရာမန္တိုတြင္ ၁၉၈၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္တြင္ ေမြးဖြားသည္။

ဆယ္ေက်ာ္သက္အရြယ္ကတည္းက ဟာသဇာတ္ကားမ်ားတြင္ ဇာတ္ပို႔အျဖစ္ စတင္ပါဝင္ခဲ့ျပီး ေနာက္ပိုင္းတြင္ ေခါင္းေဆာင္မင္းသမီးအျဖစ္ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့ကာ ေအာ္စကာဆုႏွင့္ ေရႊကမၻာလံုးဆုတို႔ ရရွိခဲ့သည္။

တိုင္းမ္မဂၢဇင္းၾကီးက ေဖာ္ျပေသာ “၂၀၁၉ ခုႏွစ္ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀” စာရင္းတြင္ ဘာရီ လာဆင္ကို ထည့္သြင္းေဖာ္ျပခဲ့သည္။

၂၀၁၅ ခုႏွစ္က ရိုက္ကူးထုတ္လုပ္ခဲ့ေသာ Room ဇာတ္ကားတြင္ ျပန္ေပးဆြဲခံရသူတစ္ဦးအျဖစ္ ပါဝင္ကာ အေကာင္းဆံုးဇာတ္ေဆာင္ မင္းသမီးအျဖစ္ ေအာ္စကာဆု ရရွိခဲ့ျခင္းျဖစ္သည္။

ဘာရီလာဆင္သည္ Kong: Skull Island (၂၀၁၇) ႏွင့္ Captain Marvel and Avengers: Endgame (၂၀၁၉ ) တို႔ကဲ့သို႔ စီးပြားေရးအရ ေအာင္ျမင္သည့္ ဇာတ္ကားမ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ထားသည္။

ယခုအခါ ဘာရီလာဆင္က ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးလ္ ၊ Mid-Century အရပ္ရွိ စံအိမ္ကို ျပန္လည္ေရာင္းထုတ္လာသည္။

ဘာရီလာဆင္က စတုရန္းေပ ၂၉၀၅ ေပရွိ အဆိုပါေနအိမ္ကို ၂၀၁၆ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေစ်းကြက္တင္ျပီး ၅ လ အၾကာတြင္ ေရာင္းထြက္သြားျခင္းျဖစ္ျပီး အရံႈးခံကာ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ၾသဂုတ္လအစပိုင္းတြင္ ကန္ေဒၚလာ ၂ ဒသမ ၁၇ သန္းျဖင့္ ေရာင္းထြက္သြားျခင္းျဖစ္ျပီး ၂၀၁၆ ခုႏွစ္အတြင္း ဝယ္ယူခဲ့စဥ္က ေပးခဲ့ရသည့္ ေစ်းေအာက္နည္းပါးေနသည္။

ယခုႏွစ္ ဧျပီလအတြင္း ကန္ေဒၚလာ ၂ ဒသမ ၃၄ သန္းျဖင့္ စတင္ကာ အေရာင္းေစ်းကြက္တင္ခဲ့ျပီး ယင္းေနာက္ အၾကိမ္ၾကိမ္ ေစ်းေလွ်ာ့ေပးခဲ့ကာ ေနာက္ဆံုးတြင္ ကန္ေဒၚလာ ၂ ဒသမ ၁၇ သန္းျဖင့္ ေရာင္းထြက္သြားျခင္းျဖစ္ေၾကာင္း Redfin တြင္ ေဖာ္ျပသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ မစၥ လာဆင္သည္ အဆိုပါစံအိမ္ကို လြန္ခဲ့ေသာ ၃ ႏွစ္ခန္႔က ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၂ ဒသမ ၂၅ သန္း ေပးခဲ့ရသည္ဟု ဆိုသည္။

၁၉၅၂ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္ စံအိမ္ျဖစ္ျပီး အိပ္ခန္း ၃ ခန္း ၊ ေရခ်ဳိးခန္း ၃ ခန္း၊ ကား ၂ စင္းဆန္႔ ကားဂိုေဒါင္တို႔ ပါဝင္သည္။

ေစ်းကြက္တင္ခဲ့သည့္ ဓာတ္ပံုမ်ားအရ ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိျမင့္မားသည့္ ျပတင္းမ်ားတပ္ဆင္ထားျခင္ေးၾကာင့္ သဘာဝအလင္းႏွင့္ ေလဝင္ေလထြက္ေကာင္းစြာရရွိသည္ကို ေတြ႔ရသည္။

မီးဖိုေဆာင္မွ လွမ္းေမွ်ာ္ၾကည့္လွ်င္ ဗဟိုကြက္လပ္သို႔ ေတြ႔ျမင္ရျပီး ထိုေနရာတြင္ ဟင္းလင္းျပင္ညစာစားပြဲမ်ား ျပဳလုပ္ႏိုင္သည္။

ေစ်းကြက္တင္ေပးသူမွာ Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ တိုရီ ဟိုရိုဝစ္ဇ္ျဖစ္သည္။

ေစ်းကြက္တင္ဓာတ္ပံုမ်ားအရ ေနအိမ္ဝန္းက်င္တြင္ စိမ္းလန္းေသာျမက္ခင္းမ်ားႏွင့္ သစ္ပင္ပန္းမန္မ်ား ဝန္းပတ္ထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဘာရီ လာဆင်၏ အမည်ရင်းမှာ ဘရိုင်ယန်နီ စီဒိုနီ ဒီဆယ်လ်နီယားစ်ဖြစ်ပြီး ဘာရီ လာဆင်ဟုသာ လူသိများသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆခရာမန်တိုတွင် ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် မွေးဖွားသည်။

ဆယ်ကျော်သက်အရွယ်ကတည်းက ဟာသဇာတ်ကားများတွင် ဇာတ်ပို့အဖြစ် စတင်ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့ကာ အော်စကာဆုနှင့် ရွှေကမ္ဘာလုံးဆုတို့ ရရှိခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းကြီးက ဖော်ပြသော “၂၀၁၉ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀” စာရင်းတွင် ဘာရီ လာဆင်ကို ထည့်သွင်းဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော Room ဇာတ်ကားတွင် ပြန်ပေးဆွဲခံရသူတစ်ဦးအဖြစ် ပါဝင်ကာ အကောင်းဆုံးဇာတ်ဆောင် မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့ခြင်းဖြစ်သည်။

ဘာရီလာဆင်သည် Kong: Skull Island (၂၀၁၇) နှင့် Captain Marvel and Avengers: Endgame (၂၀၁၉ ) တို့ကဲ့သို့ စီးပွားရေးအရ အောင်မြင်သည့် ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

ယခုအခါ ဘာရီလာဆင်က လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ် ၊ Mid-Century အရပ်ရှိ စံအိမ်ကို ပြန်လည်ရောင်းထုတ်လာသည်။

ဘာရီလာဆင်က စတုရန်းပေ ၂၉၀၅ ပေရှိ အဆိုပါနေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဈေးကွက်တင်ပြီး ၅ လ အကြာတွင် ရောင်းထွက်သွားခြင်းဖြစ်ပြီး အရှုံးခံကာ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လအစပိုင်းတွင် ကန်ဒေါ်လာ ၂ ဒသမ ၁၇ သန်းဖြင့် ရောင်းထွက်သွားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ပေးခဲ့ရသည့် ဈေးအောက်နည်းပါးနေသည်။

ယခုနှစ် ဧပြီလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၄ သန်းဖြင့် စတင်ကာ အရောင်းဈေးကွက်တင်ခဲ့ပြီး ယင်းနောက် အကြိမ်ကြိမ် ဈေးလျှော့ပေးခဲ့ကာ နောက်ဆုံးတွင် ကန်ဒေါ်လာ ၂ ဒသမ ၁၇ သန်းဖြင့် ရောင်းထွက်သွားခြင်းဖြစ်ကြောင်း Redfin တွင် ဖော်ပြသည်။

အိမ်ခြံမြေမှတ်တမ်းများအရ မစ္စ လာဆင်သည် အဆိုပါစံအိမ်ကို လွန်ခဲ့သော ၃ နှစ်ခန့်က ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

၁၉၅၂ ခုနှစ်က ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်ပြီး အိပ်ခန်း ၃ ခန်း ၊ ရေချိုးခန်း ၃ ခန်း၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။

ဈေးကွက်တင်ခဲ့သည့် ဓာတ်ပုံများအရ ကြမ်းပြင်မှ မျက်နှာကြက်အထိမြင့်မားသည့် ပြတင်းများတပ်ဆင်ထားခြင်ေးကြာင့် သဘာဝအလင်းနှင့် လေဝင်လေထွက်ကောင်းစွာရရှိသည်ကို တွေ့ရသည်။

မီးဖိုဆောင်မှ လှမ်းမျှော်ကြည့်လျှင် ဗဟိုကွက်လပ်သို့ တွေ့မြင်ရပြီး ထိုနေရာတွင် ဟင်းလင်းပြင်ညစာစားပွဲများ ပြုလုပ်နိုင်သည်။

ဈေးကွက်တင်ပေးသူမှာ Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် တိုရီ ဟိုရိုဝစ်ဇ်ဖြစ်သည်။

ဈေးကွက်တင်ဓာတ်ပုံများအရ နေအိမ်ဝန်းကျင်တွင် စိမ်းလန်းသောမြက်ခင်းများနှင့် သစ်ပင်ပန်းမန်များ ဝန်းပတ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service