ကမ္ဘာကျော် အဆိုတော် ဂျော့ခ်ျမိုက်ကယ် ခရစ္စမတ်နေ့တွင် သေဆုံးခဲ့သည့်စံအိမ် ၃ နှစ်အကြာတွင် ပေါင် ၃ ဒသမ ၄ သန်းဖြင့် ရောင်းချ
ကမ္ဘာကျော် အဆိုတော် ဂျော့ခ်ျမိုက်ကယ် ခရစ္စမတ်နေ့တွင် သေဆုံးခဲ့သည့်စံအိမ် ၃ နှစ်အကြာတွင် ပေါင် ၃ ဒသမ ၄ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Aug 2019 12:02 pm တွင် တင်ခဲ့သည်
863 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
ဂျော့ခ်ျမိုက်ကယ်သည် ၁၉၈၀ ပြည့်လွန်နှင့် ၉၀ ပြည့်လွန်ကာလများတွင် ထွက်ရှိခဲ့သည့် "Last Christmas" နှင့် "Careless Whisper" သီချင်းများဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။
ဂျော့ခ်ျမိုက်ကယ်သည် အင်္ဂလိပ်လူမျိုး တေးရေး၊ တေးဆို၊ တေးထုတ်လုပ်သူ၊ ပရဟိတသမားတစ်ဦးဖြစ်ပြီး Wham! အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ဂျော့ခ်ျမိုက်ကယ်သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ ၁၁၅ သန်းကျော် ရောင်းချထားရပြီးဖြစ်ကာ ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။
ယခုအခါ ဂျော့ခ်ျမိုက်ကယ် သေဆုံးခဲ့သော စံအိမ် ပေါင် ၃ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်သည်ဟု ဆိုသည်။ ဂျော့ခ်ျမိုက်ကယ်အဆိုပါစံအိမ်တွင် သေဆုံးနေသည်ကို သူ၏ သြစတေးလျလူမျိုးချစ်သူ ဖာဒီဖာဝက်ဇ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဂျော့ခ်ျမိသားစု၏ ရှေ့နေတစ်ဦးဖြစ်သူ ဂျွန် ရိဒ်က Mill Cottage စံအိမ်ကို ရောင်းချလိုက်ကြောင်း အတည်ပြုသည်။
ဂျော့ခ်ျမိုက်ကယ်ကို ၂၀၁၆ ခုနှစ်၊ ခရစ္စမတ်နေ့တွင် စံအိမ်အတွင်း သေဆုံးနေသည်ကို သူ၏ချစ်သူ ဖာဒီ ဖာဝက်ဇ်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်သည်ဟု ဖာဝက်ဇ်က ပြောကြားခဲ့သည်။
သို့ရာတွင် သေမှုသေခင်းစစ်ဆေးရေးအရာရှိတစ်ဦးက ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်ခဲ့ရာတွင်မူ ဂျော့ခ်ျသည် နှလုံးကြွက်သား များ ပျက်စီးခြင်း၊ အသည်းကြီးခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ဂျော့ခ်ျ၏ သေတမ်းစာအရ သူ၏ စံအိမ်နှင့် ကျန်ရစ်သော ငွေ ပေါင် ၉၇ ဒသမ ၆ သန်းကို ညီမများဖြစ်သော မီလာနီနှင့် မီယိုဒါတို့ကို ပေးအပ်ခဲ့ပြီး ပိုင်ဆိုင်မှု အနည်းငယ်ကိုမူ ဖခင်ဖြစ်သူ ကိုင်ရီယာကို့စ်၊ သူ၏ မိတ်ဆွေရင်းများနှင့် ဝန်ထမ်းဟောင်းတို့ကို ပေးအပ်ခဲ့သည်။
အားလပ်ရက်များတွင် ဂျော့ခ်ျမိုက်ကယ်၏ ပရိသတ်များသည် အောက်စ်ဖို့ဒ်ရှိုင်းယားစံအိမ်ရှိရာသို့ လာရောက်လေ့လာလေ့ ရှိနေကြသည်။
### Unicode Version ###
ဂျော့ချ်မိုက်ကယ်သည် ၁၉၈၀ ပြည့်လွန်နှင့် ၉၀ ပြည့်လွန်ကာလများတွင် ထွက်ရှိခဲ့သည့် "Last Christmas" နှင့် "Careless Whisper" သီချင်းများဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။
"Last Christmas" သီချင်းကို မြန်မာနိုင်ငံတွင် အဆိုတော် သီရိဂျေမောင်မောင်က ၃၁ အိပ်မက်ဟုလည်းကောင်း၊ Careless Whisper သီချင်းကို အဆိုတော် တူးတူးက အသည်းရက်စက်တယ်ဟူ၍လည်းကောင်း ပြန်လည်သီဆိုခဲ့ရာတွင်လည်း လူကြိုက်များခဲ့သည်။
ဂျော့ချ်မိုက်ကယ်သည် အင်္ဂလိပ်လူမျိုး တေးရေး၊ တေးဆို၊ တေးထုတ်လုပ်သူ၊ ပရဟိတသမားတစ်ဦးဖြစ်ပြီး Wham! အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဂျော့ချ်မိုက်ကယ်သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ ၁၁၅ သန်းကျော် ရောင်းချထားရပြီးဖြစ်ကာ ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။
ယခုအခါ ဂျော့ချ်မိုက်ကယ် သေဆုံးခဲ့သော စံအိမ် ပေါင် ၃ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်သည်ဟု ဆိုသည်။ ဂျော့ချ်မိုက်ကယ်အဆိုပါစံအိမ်တွင် သေဆုံးနေသည်ကို သူ၏ သြစတေးလျလူမျိူးချစ်သူ ဖာဒီဖာဝက်ဇ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စံအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံတောင်ပိုင်း တောင် အောက်စ်ဖို့ရှိုင်းယား ခရိုင်၊ ဂိုရင်း-အွန်-သိမ်းစ် (ဂိုရင်းဟုလည်းခေါ်) အမည်ရှိ ကျေးရွာကလေးတွင် တည်ရှိသည်။
ဂိုရင်းကျေးရွာကလေးသည် ရီးဒင်းမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် တည်ရှိပြီး အောက်စ်ဖို့နှင့် လန်ဒန်အကြား ဆက်သွယ်ထားသည့် မီးရထားလမ်းပေါ်တွင် တည်ရှိကာ ဘူတာရုံတစ်ခုလည်းရှိသည်။
မြေယာမှတ်ပုံတင်စာရင်းများအရ အဆိုပါ ၁၆ ရာစုစံအိမ်ကို မိသားစုတစ်စုက ဝယ်ယူလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဂျော့ချ်မိသားစု၏ ရှေ့နေတစ်ဦးဖြစ်သူ ဂျွန် ရိဒ်က Mill Cottage စံအိမ်ကို ရောင်းချလိုက်ကြောင်း အတည်ပြုသည်။
ဂျော့ချ်မိုက်ကယ်ကို ၂၀၁၆ ခုနှစ်၊ ခရစ္စမတ်နေ့တွင် စံအိမ်အတွင်း သေဆုံးနေသည်ကို သူ၏ချစ်သူ ဖာဒီ ဖာဝက်ဇ်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း ဖြစ်သည်ဟု ဖာဝက်ဇ်က ပြောကြားခဲ့သည်။
သို့ရာတွင် သေမှုသေခင်းစစ်ဆေးရေးအရာရှိတစ်ဦးက ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်ခဲ့ရာတွင်မူ ဂျော့ချ်သည် နှလုံးကြွက်သား များ ပျက်စီးခြင်း၊ အသည်းကြီးခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ဂျော့ချ်၏ သေတမ်းစာအရ သူ၏ စံအိမ်နှင့် ကျန်ရစ်သော ငွေ ပေါင် ၉၇ ဒသမ ၆ သန်းကို ညီမများဖြစ်သော မီလာနီနှင့် မီယိုဒါတို့ကို ပေးအပ်ခဲ့ပြီး ပိုင်ဆိုင်မှု အနည်းငယ်ကိုမူ ဖခင်ဖြစ်သူ ကိုင်ရီယာကို့စ်၊ သူ၏ မိတ်ဆွေရင်းများနှင့် ဝန်ထမ်းဟောင်းတို့ကို ပေးအပ်ခဲ့သည်။
ဖာဒီအတွက်မူ မည်သည့်အရာမျှ ပေးအပ်ခဲ့ခြင်း မရှိချေ။
ယခုရောင်းချလိုက်သည့် အောက်စ်ဖို့ဒ်ရှိုင်းယားစံအိမ်ကို ပြတိုက်အဖြစ် ထားရှိရန် change.org ဝက်ဘ်ဆိုက်တွင် လက်မှတ်ကောက်ခံမှုများ ပြုလုပ်လျက်ရှိရာ ဝင်ရောက်လက်မှတ်ရေးထိုးသူပေါင်း ၂၅၀၀ ကျော် ရှိနေသည်။
အားလပ်ရက်များတွင် ဂျော့ချ်မိုက်ကယ်၏ ပရိသတ်များသည် အောက်စ်ဖို့ဒ်ရှိုင်းယားစံအိမ်ရှိရာသို့ လာရောက်လေ့လာလေ့ ရှိနေကြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service