စည္းမ်ဥ္းမ်ားတင္းက်ပ္ၿပီးတစ္ႏွစ္အၾကာ စကၤာပူအိမ္ေဈးမ်ား ျပန္ေဟာ့

စည္းမ်ဥ္းမ်ားတင္းက်ပ္ၿပီးတစ္ႏွစ္အၾကာ စကၤာပူအိမ္ေဈးမ်ား ျပန္ေဟာ့ - Property News in Myanmar from iMyanmarHouse.com
5 Aug 2019 11:28 am တွင် တင်ခဲ့သည်
874 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူအိမ္ေဈးမ်ားသည္ ၂၀၁၉ ခုႏွစ္ ဒုတိယသံုးလပတ္တြင္ ယမန္ႏွစ္ကာလတူထက္ ၁ ဒသမ ၅ ရာခုိင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း စကၤာပူၿမိဳ႕ျပျပန္လည္စည္ပင္သာယာေရးအာဏာပိုင္အဖြဲ႕ (URA) က ဇူလိုင္ ၂၆ တြင္ ေၾကညာခဲ့သည္။

၎ျမင့္တက္ႏႈန္းသည္ URA မွ ယခင္ကခန္႔မွန္းထားခဲ့ေသာ ၁ ဒသမ ၃ ရာခိုင္ႏႈန္းထက္ မ်ားျပားသည္။ ထို႔အျပင္ ၂၀၁၈ ခုႏွစ္ ဒုတိယသံုးလပတ္ကတည္းက သံုးလပတ္အလိုက္ အျမင့္ဆံုးျမင့္တက္ႏႈန္းလည္း ျဖစ္သည္။

စကၤာပူတြင္ ၂၀၁၈ ခုႏွစ္ ဇူလိုင္မွ စတင္ျပ႒ာန္းခဲ့သည့္ အိမ္ၿခံေျမစည္းမ်ဥ္းတင္းက်ပ္မႈမ်ား (ဒုတိယအႀကိမ္အိမ္ဝယ္ယူမႈအေပၚ အခြန္ပိုမိုေကာက္ခံျခင္းႏွင့္ အိမ္ရာေခ်းေငြပမာဏတင္းက်ပ္ျခင္း) တို႔ေၾကာင့္ ၂၀၁၉ ခုႏွစ္ ဒုတိယသံုးလပတ္မတိုင္မီအထိမူ စကၤာပူတြင္ လူေနအိမ္ၿခံေျမေဈးႏႈန္းမ်ား သံုးလပတ္ႏွစ္ခုဆက္တုိက္ က်ဆင္းခဲ့သည္။

ငွားရမ္းမည့္ပုဂၢလိကအိမ္ပမာဏအညႊန္းကိန္းသည္ ၂၀၁၉ ဒုတိယသံုးလပတ္အတြင္း ၁ ဒသမ ၃ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။ ယင္းမတုိင္မီသံုးလပတ္ကမူ ၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

ေရာင္းခ်မည့္ လူေနအိမ္သစ္ပမာဏသည္ ပထမသံုးလပတ္အတြင္း ၂,၉၈၉ အိမ္မွ ဒုတိယသံုးလပတ္တြင္ ၂,၅၀၂ သို႔ ေလ်ာ့က်ခဲ့သည္။

တိုက္ခန္းေရာင္းအားသည္ ပထမသံုးလပတ္တြင္ ၁,၈၃၈ ခန္း ရွိခဲ့ရာမွ ဒုတိယသံုးလပတ္တြင္ ၂,၃၅၀ ခန္းသို႔ ျမင့္တက္ခဲ့သည္။

အခန္းေပါင္း ၇,၁၀၀ ထြက္ေပၚလာရန္ရွိေနသည့္ စကၤာပူတြင္ အိမ္ေရာင္းလိုအားသည္ မ်ားျပားေနဆဲျဖစ္ေၾကာင္း ဘလြန္းဘတ္သတင္းတစ္ရပ္တြင္ ေဖာ္ျပခဲ့သည္။ ဇြန္လကုန္အထိ ေရာင္းမထြက္ေသးေသာ အခန္းမ်ားမွာလည္း ၃၅,၅၃၈ ခန္း ရွိေၾကာင္း သိရသည္။

ယင္းေနာက္တြင္ စကၤာပူအစိုးရသည္ EC (အစိုးရပုဂၢလိကဖက္စပ္ကြန္ဒို) မ်ားမွအပ ပုဂၢလိကေနအိမ္ေရာင္းလိုအားကို ေလွ်ာ့ခ်လာသည္။ ၂၀၁၉ ပထမႏွစ္ဝက္တြင္ ၁,၆၄၀ ခန္းမွ ဒုတိယႏွစ္ဝက္တြင္ ၁,၂၃၅ ခန္းသို႔ ေလွ်ာ့ခ်ထားေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူအိမ်ဈေးများသည် ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ယမန်နှစ်ကာလတူထက် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စင်္ကာပူမြို့ပြပြန်လည်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့ (URA) က ဇူလိုင် ၂၆ တွင် ကြေညာခဲ့သည်။

၎င်းမြင့်တက်နှုန်းသည် URA မှ ယခင်ကခန့်မှန်းထားခဲ့သော ၁ ဒသမ ၃ ရာခိုင်နှုန်းထက် များပြားသည်။ ထို့အပြင် ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်ကတည်းက သုံးလပတ်အလိုက် အမြင့်ဆုံးမြင့်တက်နှုန်းလည်း ဖြစ်သည်။

စင်္ကာပူတွင် ၂၀၁၈ ခုနှစ် ဇူလိုင်မှ စတင်ပြဋ္ဌာန်းခဲ့သည့် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများ (ဒုတိယအကြိမ်အိမ်ဝယ်ယူမှုအပေါ် အခွန်ပိုမိုကောက်ခံခြင်းနှင့် အိမ်ရာချေးငွေပမာဏတင်းကျပ်ခြင်း) တို့ကြောင့် ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်မတိုင်မီအထိမူ စင်္ကာပူတွင် လူနေအိမ်ခြံမြေဈေးနှုန်းများ သုံးလပတ်နှစ်ခုဆက်တိုက် ကျဆင်းခဲ့သည်။

ငှားရမ်းမည့်ပုဂ္ဂလိကအိမ်ပမာဏအညွှန်းကိန်းသည် ၂၀၁၉ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းမတိုင်မီသုံးလပတ်ကမူ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ရောင်းချမည့် လူနေအိမ်သစ်ပမာဏသည် ပထမသုံးလပတ်အတွင်း ၂,၉၈၉ အိမ်မှ ဒုတိယသုံးလပတ်တွင် ၂,၅၀၂ သို့ လျော့ကျခဲ့သည်။

တိုက်ခန်းရောင်းအားသည် ပထမသုံးလပတ်တွင် ၁,၈၃၈ ခန်း ရှိခဲ့ရာမှ ဒုတိယသုံးလပတ်တွင် ၂,၃၅၀ ခန်းသို့ မြင့်တက်ခဲ့သည်။

အခန်းပေါင်း ၇,၁၀၀ ထွက်ပေါ်လာရန်ရှိနေသည့် စင်္ကာပူတွင် အိမ်ရောင်းလိုအားသည် များပြားနေဆဲဖြစ်ကြောင်း ဘလွန်းဘတ်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ဇွန်လကုန်အထိ ရောင်းမထွက်သေးသော အခန်းများမှာလည်း ၃၅,၅၃၈ ခန်း ရှိကြောင်း သိရသည်။

ယင်းနောက်တွင် စင်္ကာပူအစိုးရသည် EC (အစိုးရပုဂ္ဂလိကဖက်စပ်ကွန်ဒို) များမှအပ ပုဂ္ဂလိကနေအိမ်ရောင်းလိုအားကို လျှော့ချလာသည်။ ၂၀၁၉ ပထမနှစ်ဝက်တွင် ၁,၆၄၀ ခန်းမှ ဒုတိယနှစ်ဝက်တွင် ၁,၂၃၅ ခန်းသို့ လျှော့ချထားကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service