အိမ်ရာစီမံကိန်းအသစ်တည်ဆောက်ခြင်းများစတင်မည်

အိမ်ရာစီမံကိန်းအသစ်တည်ဆောက်ခြင်းများစတင်မည် - Property News in Myanmar from iMyanmarHouse.com
26 Jun 2019 12:05 pm တွင် တင်ခဲ့သည်
2007 ကြိမ် ကြည့်ရှု့ပြီး

တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းအသစ်များတည်ဆောက်ခြင်းကို ယခုလာမည့်အောက်တိုဘာတွင် စတင်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အပါအ၀င် အခြားအဖွဲ့အစည်းများမှ တစ်နိုင်ငံလုံးတွင် အလုံးအရင်းဖြင့် စတင်တည်ဆောက်နိုင်ရန် ယခု ဘဏ္ဍာနှစ်ဧပြီတွင် စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ကျနော်တို့အဖွဲ့က ဦးဆောင်ပြီး organizer အနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်မယ် အခု ဧပြီဘတ်ဂျတ်နှစ်မှာ စတင်ဖို့ ခွင့်ပြုချက်တွေရထားပါပြီ ဟု မြန်မာနိင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဌ ဦးသာဌေးကပြောသည်။

အစိုးရတစ်ခုထဲမှ အိမ်ရာစီမံကိန်းများတည်ဆောက်ခြင်းထက် ပုဂ္ဂလိက အဖွဲ့အစည်းများဖြင့် ပူးပေါင်းတည်ဆောက်မည့် အိမ်ရာစီမံကိန်းများကို တပြိုင်နက်တည်း အလုံး အရင်းဖြင့်တည်ဆောက်နိုင်ရန် ရည်ရွယ်လာခြင်းဖြစ်သည်။

ကနဦးစီမံကိန်း အနေဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ ရန်ကုန်မြို့သစ်စီမံကိန်းတွင် အိမ်ရာစီမံကိန်းများ တည်ဆောက်နိုင်ရန် ရန်ကုန်တိုင်း အစိုးရနှင့် ညှိုနှိုင်းမှုများပြုလုပ်ပြီးဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထပ်ကတည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်းများမှာ အစိုးရက သတ်မှတ်နှစ်အလိုက်တည်ဆောက်ရန် လျာထားခဲ့ရာ ပမာဏမှာ ပြည့်မှီခဲ့ခြင်း မရှိဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များကပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထပ်က တစ်နိုင်ငံလုံးတွင် အခန်းပေါင်း ၃၆၀၀၀ ကျော်သာ ဖော်ထုတ်ပေးနိုင်ခဲ့သည်။

ယခု အစိုးရသစ်လက်ထပ်တွင် ရန်ကုန်တစ်မြို့ထဲတွင်ပင် ၄ နှစ်အတွင်း အိမ်ရာ အခန်းပေါင်း ၈၀၀၀ ကျော် ဖော်ထုတ်ရန်ရည်ရွယ်ထားသည်။

တစ်နိုင်ငံလုံးတွင်မူ ငါးနှစ်စီမံကိန်းအလိုက် အခန်းပေါင်း ၄ သိန်းကျော်ထုတ်လုပ်နိုင်ရန်လျာထားသည်။

နေးရှင်းမြန်မာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service