ရန်ကုန်မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဟုဆို

ရန်ကုန်မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
17 Jun 2019 11:01 am တွင် တင်ခဲ့သည်
1669 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ် ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။

“မနှစ်က မြို့တော်စီမံကိန်းနှစ်ခုရှိတယ်။ ကမာရွတ်က EO ရုံးနဲ့ လေမှုတ်စက်ရုံဝင်းအတွင်း ဆောင်ရွက်မယ့် မြို့တော်ခန်းမကြီးပေါ့။ လက်ရှိမြို့တော်ခန်းမကြီးကို ပြတိုက်လုပ်မယ် ဘာမယ်လို့ပြောတယ်။ ဘတ်ဂျက်ထဲမှာ လေမှုတ်စက်ရုံဝင်းမှာ မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံဆောက်ဖို့ဆိုပြီးပဲပါတော့ ဘတ်ဂျက်နဲ့ပတ်သက်ပြီး လာရှင်းတဲ့ စည်ပင်က လူတွေကို မေးတော့မှ မြို့တော်ခန်းမဆောက်မယ်လို့ သိရတယ်။ ဒီဟာကို Master Plan ရေးဆွဲပြီး သေသေချာချာ ချပြရမှာ” ဟု သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ လျာထားဘတ်ဂျက်တွင် လေမှုတ်စက်ရုံဝင်းအတွင်း မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ရန်အတွက်ဟုသာ ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များပါရှိခြင်း မရှိကြောင်း ဒေါ်သက်ထားနွယ်ဝင်းကပြောကြားသည်။

“၂၀၁၈-၂၀၁၉ မှာ သန်း ၂၀၀၀ တောင်းတယ်။ ပြီးခဲ့တဲ့ ဖြည့်စွက်ဘတ်ဂျက်မှာ သန်း ၇၀၀ ခွင့်ပြုလိုက်တယ်။ ခန့်မှန်းစုစုပေါင်း တန်ဖိုး သန်း ၅၀၀၀ တောင်းတာ။ ၂၀၁၉-၂၀၂၀ မှာ သန်း ၇၀၀၀ တင်တာ။ အဲဒါတောင်မှ ၃၅ ရာခိုင်နှုန်းပဲ ပြီးဦးမယ်ဆိုတော့ ဘယ်လိုဒီဇိုင်း၊ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ဘာမှမသိရသေးဘူး” ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီအား ယခုကဲ့သို့ကိစ္စများကို ပွင့်လင်းချပြသင့်ကြောင်း၊ ယခုကဲ့သို့မပြုလုပ်ပါက ပြည်သူ့ငွေစာရင်း ကော်မတီကိုလည်း ပြည်သူများ အယုံအကြည်မဲ့မည်ဖြစ်သည့်အပြင် လွှတ်တော်ကိုလည်း ပြည်သူများယုံကြည်အားကိုးမှု လျော့နည်းလာနိုင်ကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ရုံဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံ တည်ဆောက်ခြင်းကို ယခုနှစ်တွင် ကျပ်သန်း ၇၀၀၀ တောင်းခံထားခြင်းသည် On Going Process အရတောင်းခံခြင်း ဖြစ်သော်လည်း အသေးစိတ်တွက်ချက်မှု တင်ပြရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

“ရန်ကုန်မြို့တော်စည်ပင်သာယာမြို့တော်ခန်းမကို လေမှုတ်စက်ရုံဝင်းကို ပြောင်းဖို့လုပ်ထားတယ်။ ဘတ်ဂျက်ထဲမှာတော့ လေမှုတ်စက်ရုံဝင်း မှတ်တမ်းထိန်းသိမ်းအဆောက်အအုံလုပ်မယ်ဆိုပြီးပဲပါတယ်။ တကယ့်တကယ်က မြို့တော်ခန်းမကြီးပြောင်းဖို့ ၃၃ ရာခိုင်နှုန်းအတွက်တောင် ကျပ်ကိုးဘီလျံ လောက်ဖြစ်နေတယ်။ ၁၀၀ ရာခိုင်နှုန်း ဆောက်မယ်ဆိုရင် ဘီလျံ ၃၀ လောက်ဖြစ်နေပြီ။ ဒါကြီးက အခုချိန်မှာ လုံးဝမလုပ်သင့်သေးဘူး။ ပြည်သူတွေအတွက် လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်” ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် ယခုစီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဖော်ပြထားမှုမရှိကြောင်း၊ ပြည်သူများအတွက် လိုအပ်ချက်များနေသည့်အခါမျိုးတွင် ယခုစီမံကိန်းသည် မလုပ်သင့်သည့်စီမံကိန်း ဖြစ်ကြောင်း ဦးရန်ရှင်း၏ ပြောကြားမှုအရ သိရသည်။

“အမှိုက်ကားတွေက မြို့နယ်တွေမှာလိုနေတာအများကြီး။ အဲဒါကို ဘတ်ဂျက်ဆွေးနွေးတုန်းက ထည့်ဆွေးနွေးတယ်။ ဒါက ပြန်မဖြေကြားဘူး။ စိတ်ဝင်စားမှုလည်း မရှိဘူး။ အဓိက အခြေခံလိုအပ်ချက်ကို မဖြည့်ဆည်းဘဲနဲ့ အဆောက်အအုံကြီးတွေ ဆောက်ဖို့ပဲ စိတ်အားထက်သန်နေတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။

“အခုကိစ္စကို ကျွန်တော်က ပြည်သူ့ငွေစာရင်းကော်မတီမှာပါလို့ သိရတာ။ ဒီဟာကြီးကို လေမှုတ်စက်ရုံဝင်းမှာ အဆောက်အအုံဆောက်မယ်လို့ တင်ပြတော့ ဒီဇိုင်းပြ ငွေစာရင်းက စစ်ရမှာလေ။ ဒီဇိုင်းက အကြီးကြီးပဲ။ ကျပ်သန်းပေါင်းများစွာ ကုန်ဦးမှာ။ ကျွန်တော်တို့ အနာဂတ်စီမံကိန်းက မြို့တော်စည်ပင်ရုံးကြီးကို အဲဒီကို ပြောင်းဖို့ရှိပါတယ် ဦးကျော်ဇေယျဆိုပြီး ဌာနမှူးကြီးကိုယ်တိုင် ပြောသွားတာ။ ပြည်သူ့ငွေစာရင်းကော်မတီ ကိုပြောသွားတာ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေငွေ စာရင်းလျာထားချက်တွင်ပါဝင်သည့် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ရုံဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဒေါ်သက်ထားနွယ်ဝင်းနှင့် ဦးရန်ရှင်းတို့က ထည့်သွင်းဆွေးနွေး မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ယင်းကိစ္စကို စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ရှင်းလင်းခဲ့ခြင်းမရှိကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service