ပြည်တွင်းနိုင်ငံသားများ အမည်ခံစေကာ နိုင်ငံခြားသား မြေယာဝယ်ယူမှုများကို ဗီယက်နမ်အစိုးရ အရေးယူမည်ဖြစ်ကြောင်း လက်ထောက်ဝန်ကြီးချုပ်ပြောကြား

ပြည်တွင်းနိုင်ငံသားများ အမည်ခံစေကာ နိုင်ငံခြားသား မြေယာဝယ်ယူမှုများကို ဗီယက်နမ်အစိုးရ အရေးယူမည်ဖြစ်ကြောင်း လက်ထောက်ဝန်ကြီးချုပ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
4 Jun 2019 10:11 am တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းနိုင်ငံသားများကို အမည်ခံစေကာ နိုင်ငံခြားသားများက မြေယာဝယ်ယူမှုများ ပြုလုပ်နေခြင်းကို အရေးယူသွားတော့မည်ဖြစ်ကြောင်း ဗီယက်နမ်လက်ထောက်ဝန်ကြီးချုပ် ထရင်းဒင်ဒေါင် (ဗီယက်နမ် အသံထွက်- ချင့်ဒင်ဇုန်) က ပြောကြားလိုက်သည်။

ဗီယက်နမ်နိုင်ငံသားများက ၎င်းတို့၏ အမည်ဖြင့် နိုင်ငံခြားသားများအတွက် အိမ်ခြံမြေများ ဝယ်ယူပေးနေခြင်းအပေါ် ရတက်မအေးဖြစ် ရလျက်ရှိကြောင်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ကြပြီးနောက် လက်ထောက်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗီယက်နမ်တွင် နိုင်ငံခြားသားများသည် လူနေခန်းများ ဝယ်ယူခွင့်ရှိသော်လည်း မြေယာများ၊ လုံးချင်းအိမ်များ ဝယ်ယူခွင့်တားမြစ်ထားသည်။

ဟိုချီမင်းမြို့ တော် အိမ်ခြံမြေအသင်းဥက္ကဌ လီဟောင်ချူးက ပြောကြားရာတွင် ဟိုချီမင်းမြို့ တော် အိမ်ခြံမြေဈေးကွက်တွင် တရုတ်ဝယ်လက်တို့၏ ဝယ်လိုအားမြင့်တက်လျက်ရှိနေကြောင်း ပြောကြားသည်။

လီဟောင်ချုးက ဆက်လက်ပြောကြားရာတွင် ဗီယက်နမ်နိုင်ငံသားများကို ကိုယ်စားဝယ်ယူခိုင်းခြင်းမှာ အကြီးမားဆုံးပြဿနာဖြစ်နေပြီး တန်ဖိုးအလွန်ကြီးမားသည့် အိမ်ခြံမြေများပင် ပါဝင်နေကြောင်း ပြောကြားသည်။

အဆိုပါ လမ်းကြောင်းမျိုးကို ရပ်တန့်သွားစေရန် လွှတ်တော်အမတ်တို့က တောင်းဆိုကြသည်။

“နိုင်ငံခြားသားတွေအတွက် အမည်ခံပြီး ဝယ်ယူပေးနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ပိတ်ပင်သင့်ပါတယ်”ဟု လွှတ်တော်က အစိုးရသို့ တောင်းဆိုချက်တွင် ဖော်ပြသည်။

ဗီယက်နမ်အစိုးရသည် ၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေဥပဒေကို ပြင်ဆင်ကာ ဗီယက်နမ်တွင် နိုင်ငံခြားသားများ အိမ်ခြံမြေ ဝယ်ယူခွင့် ပိုမိုပေးအပ်ခဲ့သည်။

သို့ရာတွင် ကြိုးနီစနစ်များရှိနေသေးခြင်းကြောင့် ၎င်းတို့အပေါ်ဖြေလျှော့ပေးလာသည့် အခွင့်အရေးများ ရယူရာတွင် အခက်အခဲများစွာ ရှိနေဆဲပင် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service