ယာဉ်ရပ်နားကွင်း တည်ဆောက်ပြီးမှသာ Scania ကားများဖြင့် YBS မြို့ပတ်ခရီးစဉ်ကို ပြေးဆွဲနိုင်မည်

ယာဉ်ရပ်နားကွင်း တည်ဆောက်ပြီးမှသာ Scania ကားများဖြင့် YBS မြို့ပတ်ခရီးစဉ်ကို ပြေးဆွဲနိုင်မည် - Property News in Myanmar from iMyanmarHouse.com
3 Jun 2019 12:03 pm တွင် တင်ခဲ့သည်
1902 ကြိမ် ကြည့်ရှု့ပြီး

ယာဉ်ရပ်နားကွင်း တည်ဆောက်ပြီးမှသာ Scania (City Bus) ကားများဖြင့် YBS မြို့ပတ်ခရီးစဉ်အား ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

“ မိုးတွင်းမှာ သူတို့ကားကြီးတွေက ရပ်လို့မရဘူး။ ကျွန်တော်တို့ ဆွေးနွေးထားတာ ရှိပါတယ်။ အမြန်ဆုံး ပြေးဆွဲပေးဖို့ လုပ်နေပါတယ်။ မိုးတွင်းမှာ ကားတွေက ယာဉ်ရပ်ကွင်းမှာ နေလို့မရတဲ့အတွက် အဲဒါတွေကို အမြန်လုပ်နေပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

Scania ကားသစ်များဖြင့် မြို့ပတ်ခရီး ပြေးဆွဲနိုင်ရန် City Transit ကုမ္ပဏီသို့ ညွှန်ကြားထားကြောင်း သိရသည်။

မြို့ပတ်ခရီးစဉ်အဖြစ် ပြေးဆွဲမည့် Scania ကားအစီးရေ စုစုပေါင်း ၃၉ စီးဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးမှ ဂိတ်စ၊ ဂိတ်ဆုံးထားကာ လမ်းကြောင်းနှစ်ကြောင်း ပြေးဆွဲသွားမည်ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ် အစအဆုံး ကျပ် ၁၀၀၀ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

မြို့ပတ်ခရီးစဉ်လမ်းကြောင်း (၁) သည် အောင်မင်္ဂလာအဝေးပြေးမှ စတင်ကာ အမှတ် (၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္ဓာလမ်း၊ ပါရမီမီးပွိုင့်၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စု ခုံးကျော်တံတား၊ သံသုမာ (သုဝဏ္ဏ)၊ ကြက်ဘဲဈေး၊ သမိန်ဗရမ်း၊ အထက် ပုဇွန်တောင် လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တထောင် ဘုရား ၊ ကမ်းနားလမ်း ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရှစ်မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေး၊ အုတ်ပုံဆိပ်လမ်းသို့ ဖြတ်၍ သုဓမ္ဓာလမ်း၊ ၆ ကွေ့၊ အမှတ် (၃) လမ်းမကြီး၊ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်လမ်းကြောင်း (၂) သည် အောင်မင်္ဂလာအဝေးပြေးမှ စတင်ကာ အမှတ် (၃) လမ်းမကြီး၊ သုဓမ္ဓာလမ်း၊ အုတ်ပုံဆိပ်လမ်း၊ နဝဒေး၊ ကမ္ဘာအေးဘုရားလမ်း၊ ရှစ်မိုင်၊ ကျိုက်ဝိုင်းဘုရား၊ သမိုင်းလမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဘုရား၊ ၅၁ လမ်းထိပ်၊ အထက် ပုဇွန်တောင် လမ်း၊ သမိန်ဗရမ်း၊ ကြက်ဘဲ ဈေး၊ သံသုမာ (သုဝဏ္ဏ)၊ ပြည်ထောင်စု ခုံးကျော်တံတား၊ ဘေလီ၊ ၆ ကွေ့မှ အောင်မင်္ဂလာ အဝေးပြေးမှသို့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး ယာဉ်စီးရေ ၆၆၃၈ စီးရှိကြောင်း၊ စီးတီးဘတ်စ် ၄၈၇၄ စီး၊ မီနီဘတ်စ် ၁၂၂၅ စီးရှိပြီး ဆက်လက်ဖြည့်တင်းရန် မော်တော်ယာဉ်များလည်း ရှိကြောင်း သိရသည်။

YBS စနစ်တွင် ပြေးဆွဲလျက်ရှိသည့် အများပိုင် ကုမ္ပဏီများသည် YBPC၊ YUPT၊ ဗန္တုလ၊ Omni Focus၊ လူထုမိတ်ဆွေ၊ Power Eleven၊ ရွှေတောင်ပိုင်းခရိုင်၊ ကုန်းဘောင်ရန်ကုန်၊ Trans Link၊ အမြင့်မြတ်ဆုံးအင်အား၊ စံဝေလ၊ ရွှေပြည်သာသား၊ ရွှေလမ်းခင်း၊ RCBT၊ GYCT၊ Aero Star စုစုပေါင်း ကုမ္ပဏီ ၁၇ ခုက ဝင်ရောက်ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

ယခင် မထသစနစ်မှ YBS စနစ်သို့ ကူးပြောင်းပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့တွင်း မော်တော်ယာဉ် ပြေးဆွဲခြင်းအား မော်တော်ယာဉ် အသစ်များဖြင့် အစားထိုး ပြေးဆွဲ ခြင်း၊ ယာဉ်နောက်လိုက် မထားဘဲ ပုံးအတွင်းသို့ ယာဉ်စီးခများ ထည့်သွင်းစေခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service