လှည်းကူးမြို့နယ် အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် တည်ထောင်ရန် စင်ကာပူကုမ္ပဏီက လေ့လာဆန်းစစ်နေပြီး စီမံကိန်းဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုချက်ရယူကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

လှည်းကူးမြို့နယ် အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် တည်ထောင်ရန် စင်ကာပူကုမ္ပဏီက လေ့လာဆန်းစစ်နေပြီး စီမံကိန်းဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုချက်ရယူကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
31 May 2019 12:44 pm တွင် တင်ခဲ့သည်
3199 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး ၊  လှည်းကူးမြို့နယ် အတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန် တည်ထောင်ရန် စင်ကာပူကုမ္ပဏီ Sembcorp ကလေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေပြီး ယင်းစီမံကိန်းဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုချက်ရယူကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မေ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စိတ်ဝင်စားမှု နှစ်ခုရထားပါတယ်။ တစ်ခုက ဒီထန်းတပင်ကို လုပ်နိုင်ဖို့အတွက်ပြီးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ စိတ်ဝင်စားမှု လက်မှတ်ရေးထိုးပါတယ်။ နောက်တစ်ခုကတော့ သဘောတူညီချက်တော့ ဘာမှလုပ်နိုင်တဲ့ အခြေအနေမရှိသေးဘူး။ စိတ်ဝင်စားလို့ဆိုပြီး လေ့လာစမ်းစစ်မှု လာလုပ်နေတာရှိပါတယ်။ အဲဒါကတော့ လှည်းကူးမှာ စင်ကာပူနိုင်ငံ Sembcorp က လုပ်ဖို့ဖြစ်ပါတယ်။ ဒီလုပ်နိုင်မယ့် အခြေအနေရလာပြီဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ဖို့နဲ့ ရင်း နှီးမြှုပ်နှံမှုလုပ်မယ့် နေရာတွေအတွက် တိုင်း ဒေသကြီးလွှတ်တော်သို့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြခြင်းက ဘယ်လိုစီးပွားရေးအမျိုးအစား ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အချက်အလက်အသေးစိတ်ရမှ ကျွန်တော်တို့က လွှတ်တော်မှာ တင်ပြပြီးအတည်ပြုချက် ရယူမယ်။ ဒီကရရင် ပြည်ထောင်စုအစိုးရကို တင်ပြမယ်။ ပြည်ထောင်စုအစိုးရကနေ လုပ်ထုံးလုပ်နည်းနဲ့အညီ စီးပွားရေးကော်မတီတို့ ဘာတို့ကိုတင်ပြပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကြီးကနေ ခွင့်ပြုပြီးလုပ်လို့ရပါပြီ။ သူတို့ကနေ ဒါကသင့်တော်မှု မရှိသေးဘူးဆိုရင်လည်းပြန်ပြီး Review လုပ်ရမှာ ဖြစ်ပါတယ်”၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းက ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

စက်မှုဇုန် တွေ တော်တော်များက ကျွန်တော်တို့ရန်ကုန်မှာ ပဲရှိနေပြီးတော့ စည်ပင်နယ်နိမိတ်ထဲမှာပဲရှိနေတော့ လူတွေအကုန်လုံးက စည်ပင်နယ်နိမိတ်ထဲကိုလာနေတော့ အလုပ်လုပ်ရတာ မလွယ်ဘူးဖြစ်နေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ နေရေးတို့ အခြားသောအခက်အခဲတွေရှိပါတယ်။ စည်ပင်နယ်နိမိတ်ထဲမှာကျတော့ နေရေး၊ ထိုင်ရေးစရိတ်က ပိုကြီးပါတယ်။ စည်ပင်နယ်နိမိတ်ပြင်ပမှာဆိုရင် မြေဖြစ်ဖြစ်၊ နေစရာဖန်တီးတာ ပဲဖြစ်ဖြစ် အများကြီးလွယ်ကူသေးတဲ့ အခြေအနေ ရှိပါတယ်။ နောက်တစ်ချက်က ဒီမြို့လေးတွေကလည်း မြို့ကြီးတွေဖြစ်လာနိုင်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည့် စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးစေရန် စက်မှုဇုန်ဥပဒေကို ရေးဆွဲလျက်ရှိရာ ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကော်မတီများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ထွက်ပေါ်လာသည့် စက်မှုဇုန်ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အစိုးရတတိယတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ရန်ကုန်မြို့ တွင် နှစ်ပေါင်း ၃၀ ခန့်အတွင်း တည်ထောင်ထားသည့် စက်မှုဇုန်ပေါင်း ၃၀ နီးပါးရှိထားသော်လည်း လက်ရှိအချိန်အထိ စက်မှုဇုန်ဥပဒေမရှိသေးကြောင်း လှိုင်သာယာ၊ရွှေလင်ပန်းစက်မှုဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စက်မှုဇုန်များအတွက် သီးခြားဥပဒေမရှိသေးသော်လည်း အထူးစီးပွားရေးဇုန်ဥပဒေများထွက်ရှိထားပြီး လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်ကိုက်ညီသော ဥပဒေဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service