လယ်ယာမြေအမှုများနှင့်ပတ်သက်၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) အမည်မပေါက်ဘဲ ဝယ်ယူ လုပ်ကိုင်နေသူများသည် ပုံစံ (၇) အမည်ပြောင်းပါက လယ်သမားများ ဖြစ်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ဌာနချုပ် ပြောကြား

လယ်ယာမြေအမှုများနှင့်ပတ်သက်၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) အမည်မပေါက်ဘဲ ဝယ်ယူ လုပ်ကိုင်နေသူများသည် ပုံစံ (၇) အမည်ပြောင်းပါက လယ်သမားများ ဖြစ်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ဌာနချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
28 May 2019 12:34 pm တွင် တင်ခဲ့သည်
1399 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ အတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်၍ လယ်ယာမြေလုပ်ပိုင် ခွင့်ပုံစံ (၇) အမည်မပေါက်ဘဲ ဝယ်ယူလုပ်ကိုင်နေသူများသည် ပုံစံ (၇) အမည် ပြောင်းလျှင် လယ်သမားများဖြစ်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂဌာနချုပ်ဥက္ကဋ္ဌ ဦးဗန်းရှိန်က မေ ၂၄ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ သမဂ္ဂကပြောချင်တာက လယ်လုပ်တဲ့သူ အကုန်လုံးဟာ လယ်သမားပဲ။ လယ်သမားအမည်ခံပြီး လယ်ထဲမှာမရှိတဲ့သူ၊ လယ်မလုပ်တဲ့သူ သီးခြားချတာဆိုရင် အဲဒီလူ လယ်သမားမဟုတ်ဘူး။ လယ်ထဲမှာ တကယ်လုပ်စားနေတဲ့သူ အကုန်လယ်သမားပဲ။ ပုံစံ (၇) ရှိမှလည်း မဟုတ်ဘူး။ အန်ကယ်တို့ငယ်ငယ်တုန်းက ပုံစံ (၇) တွေရှိမှ မရှိတာ။ အခုဒီခေတ်ရောက်မှ ရှိလာတာ။ လယ်သမားက လယ်သမားပဲ။ မိဘဘိုးဘွား စဉ်ဆက်လုပ်လာတဲ့ လယ်သမားအားလုံးဟာ လယ်သမားပဲ။ လယ်ယာမြေလုပ်ပိုင် ခွင့်ပုံစံ (၇) အမည်မပေါက်ဘဲ ဝယ်ယူလုပ်ကိုင်နေတဲ့သူတွေကို ပုံစံ (၇) အမည်ပြောင်းလိုက်ရင် အဲဒီလူတွေလည်း လယ်သမားဖြစ်သွားမှာပဲ ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာပြည်ထောင်စု တိုင်းရင်းသားတောင်သူ လယ်သမားသမဂ္ဂဌာနချုပ် ဥက္ကဋ္ဌ ဦးဗန်းရှိန်က ပြောကြားသည်။

တချို့သည် လယ်ယာမြေများကို ဝယ်ယူထားခြင်းဖြစ်သည့်အတွက် အမည်ပေါက် မလျှောက်ထားကြောင်း၊ တချို့သည် ငွေရှင်များကဝယ်ပြီး လယ်သမားများကို သီးခြားချထားကြောင်း၊ တချို့သည် လယ်မလုပ်ဘဲလယ်သမားအမည်ခံလျှောက်သည့်သူများလည်း ရှိကြောင်း ဦးဗန်းရှိန်က ဆိုသည်။

မေ ၂၂ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်း လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မရှိဘဲ ဖြစ်ပွားနေသည့်အမှုတွဲ ၁၈၀၀၀ ခန့်ရှိနေပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) အမည်ပေါက် သူနှင့် နာမည်မပေါက်ဘဲ ဝယ်ယူလုပ်ကိုင်ထားမှုအတွက် ဇွန် ၁ ရက်မှစ၍ ပုံစံ (၇) ကို အမည်ပြောင်းရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

“မြေနဲ့ပတ်သက်ရင် ကျွန်တော်တို့ ရန်ကုန်တိုင်းက အလွန်ကို လှုပ်ခတ်တဲ့အထဲမှာ ပါပါတယ်။ ကျွန်တော်တို့တိုင်းအတွင်းမှာ လယ်ယာမြေကို အခြားနည်းဖြင့်သုံးစွဲခွင့် မလျှောက်ဘဲဖြစ်နေတဲ့အမှုပေါင်း ၁၈၀၀၀ လောက်ရှိနေပါတယ်။ ဒါ ကျွန်တော်တို့ဆီမှာ များပြားလှတဲ့အမှုတွဲတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာနကို သဘောထားမှတ်ချက်တွေ ကျွန်တော်တို့ တောင်းခံထားပါတယ်။ ဘာလို့သဘောထား တောင်းခံတာလဲဆိုရင် ဒီကိစ္စတွေကို စနစ်တကျ ဥပဒေဘောင်ထဲကို ပြန်တွန်းလှန်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရဆိုရင် ဒဏ်ရိုက်ရမှာဖြစ်ပါတယ်။ ဒဏ်ရိုက်ပြီးရင် မြေကို သိမ်းရမှာဖြစ်ပါတယ်။ အဲဒီမြေကို လယ်ယာ မြေအဖြစ် ပြန်လည်အသုံးပြုရမှာဖြစ်ပါ တယ်။ ဥပဒေက ဒီအတိုင်းပဲ ပေးထားတာ ဖြစ်ပါတယ်။ ဒဏ်ရိုက်ပြီးတော့ ဒီဥစ္စာကို အ ခြားနည်းလမ်းပေးသုံးလို့မရပါဘူး။ ဒါပေမဲ့ ဒီကိစ္စက အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်ဆိုရင် ဥပဒေထဲက အခွင့်အလမ်းတွေထဲကနေပြီးတော့ ဒီဥစ္စာကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေမပေါ်ခင်က ဘယ်လို အခွင့်အလမ်းပေးပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာကို ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ နယ် ၄၅ မြို့နယ်တွင် ၁၆ မြို့နယ်သည် လယ်ယာမြေနှင့်ပတ်သက်နေပြီး ၎င်း၁၆ မြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေပေါင်း ၃၃၄၅၀၀ ခန့်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂဌာနချုပ်သို့ တိုင်ကြားသည့်အမှုပေါင်းသည် ၃၀၀ ကျော် ရှိပြီး အဓိကအမှုသည် ၃၃ မှုရှိကြောင်း သမဂ္ဂဌာနချုပ်ဥက္ကဋ္ဌ ဦးဗန်းရှိန်၏ ပြောကြားချက်အရ သိရသည်။

လယ်ယာမြေများ ပြန်လည်ရရှိမှုသည် ဧရာဝတီတိုင်းတွင် အများဆုံးရရှိပြီး မကွေးတိုင်း၊ ပဲခူးတိုင်း များတွင်လည်း လယ်ယာမြေများ ပြန်လည်ရရှိထားကာ ရန်ကုန်တိုင်းတွင် ၁၀ ရာခိုင်နှုန်းပင်လျှင် မရရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမား သမဂ္ဂဌာန ချုပ်ဥက္ကဋ္ဌ ဦးဗန်းရှိန်က ဆိုသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service