ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကအိမ်ခြံမြေကဏ္ဍတွင် တရုတ်ဝယ်လက်များ ထိပ်တန်းဝယ်ယူသူအဖြစ်မှ ပြောင်းလဲမှုများ ဖြစ်ပေါ်လာဖွယ်ရှိနေ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကအိမ်ခြံမြေကဏ္ဍတွင် တရုတ်ဝယ်လက်များ ထိပ်တန်းဝယ်ယူသူအဖြစ်မှ ပြောင်းလဲမှုများ ဖြစ်ပေါ်လာဖွယ်ရှိနေ - Property News in Myanmar from iMyanmarHouse.com
28 May 2019 11:21 am တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၏ အိမ်ခြံမြေကဏ္ဍတွင် တရုတ်ဝယ်လက်များသည် အခြားမည်သည့်နိုင်ငံနှင့် နှိုင်းယှဉ်သည်ဖြစ်စေ အမြဲသာလွန်စွာ ဝယ်ယူနေသည့် ဝယ်လက်များဖြစ်ကြသော်လည်း သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် အဆိုပါ အခြေအနေမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေသည်။

အမေရိကန်ပြည်နှင့် တရုတ်ပြည်တို့အကြား ကုန်သွယ်ရေးတင်းမာမှုမှာ မကြာသေးမီရက်များအတွင်း ဆိုးရွားသော အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီး ဝါရှင်တန်နှင့် ပေကျင်းတို့သည် သွင်းကုန်များအပေါ် ပိုမိုမြင့်မားသည့် အခွန်စည်းကြပ်မှုများ အပြန်အလှန် ပြုလုပ်ခဲ့ကြသည်။

တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် အမေရိက အိမ်ခြံမြေကဏ္ဍ၏ အကြီးမားဆုံး ဝယ်လက်များအဖြစ် ၆ နှစ် ဆက်တိုက် ရပ်တည်နေခဲ့သည်။

သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲ၊ အမျိုးသားကြွေးမြီလျှော့ချရန်နှင့် စီးပွားရေးတိုးတက်ရန် တရုတ်အစိုးရ၏ ဆောင်ရွက်ချက်များကြောင့် အထက်ပါ အခြေအနေမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာဖွယ်ရှိနေသည်။

ကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြီး ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက အကျိုးဆက်များမှာ ပိုမိုဆိုးရွာလာဖွယ်ရှိနေသည်။

“တရုတ်အစိုးရအနေနဲ့ တရုတ်ပြည်ကနေ အရင်းအနှီးသွင်းအားစု စီးထွက်မှုထိန်းချုပ်တာ၊ အမေရိကန်မှာ အိမ်ခြံမြေဝယ်ယူမှု တင်းကြပ်တာတွေ ပိုမိုပြုလုပ်လာဖွယ်ရာရှိပါတယ်” အမျိုးသား အိမ်ခြံမြေအကျိုးဆောင်များအသင်းမှ စီးပွားရေးပညာရှင် လောရင့်စ်ယန်းက ပြောကြားသည်။

တရုတ်အစိုးရသည် မကြာသေးမီနှစ်ပိုင်းကပင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံခြင်းများ လျှော့ချရန် တရုတ်နိုင်ငံသားများအပေါ် ဖိအားပေးမှုများ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။

(တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပြည်ပအိမ်ခြံမြေများ ပြန်လည်ရောင်းထုတ်ခဲ့ပုံ သတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက

https://www.imyanmarhouse.com/news/read/788367

https://www.imyanmarhouse.com/news/read/703116

https://www.imyanmarhouse.com/news/read/651870

https://www.imyanmarhouse.com/news/read/760917

အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်)

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ယွမ်ငွေမှာ ၀ ဒသမ ၁၄၂ ရာခိုင်နှုန်း ကျဆင်းသွားသည်။

ယွမ်ငွေ တန်ဖိုးကျဆင်းခြင်းသည် တရုတ်ဝယ်လက်များအတွက် အမေရိကန်အိမ်ခြံမြေ ဈေးနှုန်းများ ပိုမိုဈေးကြီးလာသည့် အခြေအနေကို ဖြစ်ပေါ်စေကြောင်း Mortgage Bankers အသင်းမှ စီးပွားရေးပညာရှင် မိုက်ကယ် ဖရာတန်တိုနီက ပြောကြားသည်။

ကုန်သွယ်ရေး စစ်ပွဲသည် အမေရိကန် အိမ်ခြံမြေဈေးကွက်တွင်လည်း မရေရာမှုများ ဖြစ်ပေါ်လာစေခဲ့ပြီး တိုင်းပြည်၏ အလှုပ်ခတ်ဆုံး ဈေးကွက်နေရာများတွင်ပင် ဝယ်လိုအား အားနည်းသွားစေခဲ့သည်။

ကနေဒါသည် ယခင်က အမေရိကန်အိမ်ခြံမြေဈေးကွက်တွင် အကြီးမားဆုံး ဝယ်လက်ဖြစ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်အတွင်း တရုတ်ဝယ်လက်တို့က ကနေဒါကို ဖြတ်ကျော်ခဲ့ကြောင်း အမျိုးသားအိမ်ခြံမြေအကျိုးဆောင်များအသင်းက ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်ဝယ်လက်တို့သည် အမေရိကအိမ်ခြံမြေဈေးကွက်တွင် ပြည်ပဝယ်ယူမှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ဝယ်ယူခဲ့ကြပြီး နံပါတ် ၂ နေရာတွင် ရပ်တည်နေသည့် ကနေဒါမှာ ၂ ရာခိုင်နှုန်းသာ ရှိသည်။

ပြီးခဲ့သောနှစ်အတွင်း ပြည်ပဝယ်လက်များသို့ အိမ်ခြံမြေ ၂၈၄၀၀၀ ရောင်းချခဲ့ရသည့်အနက် ၄၀၄၀၀ (သို့မဟုတ်) ၁၅ ရာခိုင်နှုန်းမှာ တရုတ် ဝယ်လက်များက ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော ၅ နှစ်ကို ပြန်ကြည့်မည်ဆိုလျှင် တရုတ်ဝယ်လက်တို့၏ ဝယ်ယူမှုမှာ အိမ်ခြံမြေပေါင်း ၂၃၀၇၅ ရှိခဲ့ပြီး ပြည်ပဝယ်လက်များသို့ ရောင်းချခဲ့မှု၏ ၁၂ ရာခိုင်နှုန်း ဝယ်ယူခဲ့ရာမှ ပြီးခဲ့သောနှစ်အတွင်း ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service