ပုံစံအသစ်နဲ့ ပြန်ရောက်လာမယ့် ရန်ကုန်ညဈေးသစ်

ပုံစံအသစ်နဲ့ ပြန်ရောက်လာမယ့် ရန်ကုန်ညဈေးသစ် - Property News in Myanmar from iMyanmarHouse.com
27 May 2019 11:10 am တွင် တင်ခဲ့သည်
2122 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၆ ခုနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ငွေကျပ် ၁ ဒသမ ၈ ဘီလျံ အကုန်အကျခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးက ဆိုင်ခန်းအနေအထား၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ကားပါကင်နေရာအခက်အခဲတွေကြောင့် မျှော်လင့်သလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။

အဆိုပါ ကမ်းနားလမ်းညဈေးကို A25 Myanmar Development ကုမ္ပဏီက တာဝန်ယူပြီး ပြန်လည်အဆင့်မြှင့်တင်မှုများကို ဒီနှစ်ထဲမှာပဲ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ခေတ်မီပြီး စနစ်ကျတဲ့ညဈေးအဖြစ် အကောင်အထည်ဖော်ပြီး Yangon Night Market အမည်နဲ့ လာမယ့် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က ပြောပါတယ်။

" လက်ရှိမှာတော့ ဆိုင်ခန်းအဆင့်မြှင့်တင်မှုလုပ်ငန်း တွေဆောင်ရွက်နေပါပြီ။ ဆိုင်ခန်းလျှောက်လွှာတွေကိုလည်း ခေါ်ယူထားပြီးတော့ စက်တင်ဘာလလောက်မှ စဖွင့်နိုင်ဖို့ လုပ်ဆောင်နေပါတယ်"လို့ ဒေါ်ကြည်ပြာက ပြောပါတယ်။

ရန်ကုန်ညဈေးကို ရန်ကုန်မြို့ကမ်းနားလမ်း ပန်းဘဲတန်းမြို့နယ်မှ ကျောက်တံတားမြို့နယ်ထိ အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကမ်းနားလမ်းညဈေး အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ငွေကျပ် ၂ ဒသမ ၆ ဘီလျံကို ကုမ္ပဏီက ကျခံသုံးစွဲသွားမှာဖြစ်ပြီး A25 Myanmar Development ကုမ္ပဏီက PPP(Public Private Partnership) စနစ်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုပါတယ်။

စုစုပေါင်း သုံးစွဲငွေကျပ် ၂ ဒသမ ၆ ဘီလျံအနက် ငွေကျပ် ၁ ဒသမ ၆ ဘီလျံကိုတော့ ဆိုင်ခန်း အဆင့်မြှင့်တင်မှုနဲ့ အခြားလုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုမှာဖြစ်ပြီး ကျန်ငွေကျပ် တစ်ဘီလျံကိုတော့ အထပ်မြင့် ဟိုက်ဒရောလစ် ကားပါကင်အတွက် အသုံးပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ညဈေးမှာရှိတဲ့ ဆိုင်ခန်းအနေအထားများကိုသာမက လာရောက်လည်ပတ်သူတွေအတွက် သက်သောင့်သက်သာနဲ့ အဆင်ပြေပြေရှိစေနိုင်ဖို့ ဆိုင်ခန်းအဆင့်မြှင့်တင်ခြင်းနဲ့ စနစ်တကျအမှိုက်သိမ်းစနစ်တို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၊ အဆင့်မြင့်ကားပါကင်၊ ကလေးကစားကွင်း၊ ATM စက်တွေနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတို့ကိုပါ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ အဆင့်မြှင့်တင် ဆောင်ရွက်ထားခဲ့ခြင်းအတွက် ဆိုင်ခန်းငှားရမ်းခတွေကတော့ ယခင် ကောက်ခံခဲ့တဲ့ ဈေးနှုန်းထက် အနည်းငယ်ပိုလာမှာဖြစ်ပါတယ်။ လက်ရှိမှာ ဆိုင်ခန်းအမျိုးအစား လေးမျိုးကို ငှားရမ်းရောင်းချခွင့်ပေးမှာဖြစ်ပါတယ်။

အဲဒါတွေကတော့ ရှစ်ပေပတ်လည် အစားအသောက် ရောင်းချတဲ့ ဆိုင်ခန်း၊ ရှစ်ပေ ခြောက်ပေပတ်လည် ပစ္စည်း ရောင်းချတဲ့ဆိုင်ခန်း၊ ပေ ၄၀ _ ၁၀ ပေ ကွန်တိန်နာဆိုင်ခန်းနဲ့ ပေ ၂၀ _ ၁၀ ပေ ကွန်တိန်နာဆိုင်ခန်းတို့ပဲ ဖြစ်ပါတယ်။ ရှစ်ပေပတ်လည်ဆိုင်ခန်းအတွက် လစဉ်တစ်လလျှင် ငွေကျပ် နှစ်သောင်းခွဲနဲ့ စပေါ် တစ်သိန်းကျပ်၊ ရှစ်ပေ ခြောက်ပေပတ်လည်ဆိုင်ခန်းအတွက် တစ်လလျှင် ငွေကျပ် နှစ်သောင်းနဲ့ စပေါ် တစ်သိန်းကျပ်တို့ကို ပေးသွင်းရမှာပဲဖြစ်ပါတယ်။

Yangon Night Market မှာ Container Bar & Restaurant ငှားရမ်းဖွင့်လှစ်လိုသူတွေအတွက် အွန်လိုင်းကတစ်ဆင့် လျှောက်ထားနိုင်ပြီး ပေ ၄၀ ကွန်တိန်နာ ခြောက်လုံးနဲ့ ပေ ၂၀ ကွန်တိန်နာ သုံးလုံးတို့ကို ရောင်းချခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ကွန်တိန်နာဆိုင်ခန်းတွေ ကတော့ ညဈေးအပိုင်း(၁)ရဲ့ ဇုန် (F) ဖြစ်တဲ့ ကမ်းနားလမ်းနဲ့ ဆူးလေဘုရားလမ်းတို့မှာ တည်ရှိမှာပဲဖြစ်ပါတယ်။

ကွန်တိန်နာဆိုင်ခန်းတွေအတွက် ငှားရမ်းခတွေက တော့ ပေ ၄၀ ဆိုင်ခန်းအတွက် လစဉ်ပေးအနေနဲ့ တစ်လလျှင် ငွေကျပ် ၁၈ သိန်းနဲ့ စပေါ်ငွေကျပ် သိန်း ၅၀ ဖြစ်ပြီး အဖျော်ယမကာနဲ့ အစားအသောက်မျိုးစုံ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ပေ ၂၀ ဆိုင်ခန်းအတွက် လစဉ်ပေး တစ်လလျှင် ငွေကျပ် ခုနစ်သိန်းနဲ့ စပေါ်ငွေ ကျပ် သိန်း ၂၀ ပေးသွင်းရမှာဖြစ်ပြီး အဖျော်ယမကာမပါဘဲ ထမင်းနဲ့ အခြားအစားအသောက်မျိုးစုံ ရောင်းချနိုင်မှာပဲ ဖြစ်ပါတယ်။

ဆိုင်ခန်းအားလုံးရဲ့ ငှားရမ်းကာလကတော့ တစ်နှစ်ဖြစ်ပြီး ငှားရမ်းခွင့်ကျပြီး ဆိုင်ခန်းမဖွင့်ဖြစ်တဲ့ အခန်းတွေကိုတော့ ပြန်လည်သိမ်းယူသွားမှာဖြစ်ပါတယ်။ လျှပ်စစ်မီတာခနဲ့ ရေဖိုးကိုတော့ Sub Meter စနစ်နဲ့ သီးသန့်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဆိုင်ခန်းငှားရမ်းသူတွေကို တစ်ဆင့်ပြန်လည်ရောင်းချ၊ ငှားရမ်းခြင်းကို ပြင်းပြင်း ထန်ထန်တားမြစ်ထားပြီး ပြန်လည်ရောင်းချ၊ ငှားရမ်းထားသည်ကို တွေ့ရှိပါက ဆိုင်ခန်းကိုပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ညဈေးအသစ် ပြန်လည်တည်ဆောက်နေတဲ့ အပိုင်းထဲမှာပါဝင်တဲ့ ဆိုင်ခန်းတွေကို ပြန်ပေးသွားမှာ ဖြစ်ပေမဲ့ အများနည်းတူ စည်းကမ်းချက်တွေအကုန်လုံးကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဆိုင်ခန်းခဈေးနှုန်းများ ကိုလည်း အသစ်နှုန်းထားအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး နေရာဦးခြင်း၊ တစ်ဆင့်ပြန်လည်ချထားခြင်း၊ ဈေးတင် ရောင်းချခြင်းတွေ ပြုလုပ်ခွင့်မရှိဘဲ ဆိုင်အသစ်တွေကဲ့သို့ လူတွေ့မေးမြန်းခြင်း၊ ဆိုင်ခန်းစနစ်တကျ ဖွင့်လှစ်နိုင်ရေး တို့ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်းYangon Night Market တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြေညာထားပါတယ်။

ညဈေးကြောင့် ယာဉ်ကြောကျပ်တည်းမှုတွေ မဖြစ်စေဖို့ ဈေးကို အဓိကဝင်ပေါက်ကြီး သုံးပေါက်ထားပြီးသတ်မှတ်နေရာတွေကသာ ဝင်ထွက်နိုင်အောင် ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ကားတွေ စနစ်တကျ ရပ်တန့်နိုင်စေဖို့ တခြားနည်းလမ်းများနဲ့ ဖြည့်စွက်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

" Bangkok Night Market " နဲ့ တူစေချင်တယ်။ ပြည်သူတွေ စည်းစနစ်ကျကျ ကောင်းကောင်းမွန်မွန်နဲ့ သန့်ရှင်းတဲ့ အစားအသောက်တွေကို စားသောက်လည်ပတ်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာစေချင်တယ်"လို့ ဦးသန်းနိုင်ဦးက ဆိုပါတယ်။

ယခင်ဖွင့်လှစ်ခဲ့တဲ့ ကမ်းနားလမ်း ညဈေးမှာတော့ အရက်ဘီယာရောင်းချခွင့်မပြုခဲ့ပေမဲ့ အသစ်ဖွင့်လှစ်မယ့် ညဈေးမှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် နဲ့ အရက်ဘီယာရောင်းချနိုင်တဲ့ နေရာတွေပါ အပိုင်းလိုက် ပါဝင်လာမှာ ဖြစ်တယ်လို့ ဦးသန်းနိုင်ဦးက ဆိုပါတယ်။

Yangon Night Market ကို ညနေ ၃ နာရီမှ နံနက် ၃ နာရီအထိ ဖွင့်လှစ်မှာဖြစ်ပြီး စားသောက်ဆိုင်၊ ဖျော်ရည်အမျိုးမျိုး၊ ရိုးရာအစားအသောက်များနဲ့ ထုတ်ကုန်ပစ္စည်းများ၊ အဝတ်အထည်၊ ဖုန်း၊ ကားပစ္စည်းများ၊ကိုယ်တိုင်လုပ်လက်မှုပစ္စည်းများ၊ ပန်းနှင့် ပန်းအလှဆင်ပစ္စည်းများ၊ ဂီတဖျော်ဖြေရေးပစ္စည်းများ၊ မျက်လှည့် ပစ္စည်းများ ရောင်းချပြသခြင်းနဲ့ တခြားညဈေးနဲ့ သင့်လျော် တဲ့ ဆိုင်ခန်းတွေကို ဖွင့်လှစ်ရောင်းချခွင့် ပေးသွားမယ် လို့လည်း Yangon Night Market တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာက ကြေညာချက်အရ သိရပါတယ်။

လာမယ့် ဇူလိုင်လအတွင်းမှာတော့ ရန်ကုန်ညဈေးသစ် ရဲ့ အပိုင်း(၁) ဇုန်(F) ကိုTest Run အဖြစ် စတင်စမ်းသပ် ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။ ဇုန် (F) မှာ ကွန်တိန်နာဆိုင်ခန်း ရှစ်ခန်းနဲ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ယာယီကားပါကင်၊ တက္ကစီဂိတ်များပါဝင်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ ရန်ကုန်ညဈေးရဲ့ အပိုင်း (၁) ကို ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျန်အပိုင်းတွေကိုတော့ အဆင့်မြှင့်တင်ပြီးကာလအလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်ညဈေး အပိုင်း(၁) ဇုန် (A) ကတော့ ကမ်းနားလမ်း ၂၅ လမ်းကနေ ၂၇ လမ်းအထိပါဝင်ပြီး ရှစ်ပေ ပတ်လည် အစားအသောက်ဆိုင်ခန်းတွေနဲ့ အပန်းဖြေ ပန်းခြံကစားကွင်း တစ်ခုပါဝင်မှာဖြစ်ပါတယ်။ ဆိုင်ခန်းစုစုပေါင်း ၄၀ ပါဝင်မှာဖြစ်ပြီး အစားအစာရောင်းချတဲ့ ဆိုင်ခန်းတွေက အများဆုံးပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါ နေရာမှာရောင်းချမယ့် ဆိုင်ခန်းတွေအတွက် အစားအစာ များ အများအပြား ထပ်မနေစေရန် စီစဉ်ထားရှိခြင်းများ၊ ဆိုင်ခန်းခင်းကျင်းပုံ သပ်ရပ်စွာထားရှိခြင်းများကိုလည်း ဆိုင်ခန်းရောင်းချသူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွား မယ်လို့လည်း သိရပါတယ်။

ဇုန် (B) ရှစ်ပေပတ်လည် ဆိုင်ခန်း ၅၁ ခန်း ပါဝင်မှာဖြစ်ပြီး ကမ်းနားလမ်း ၂၇ လမ်းကနေ ၇၉ လမ်းထိ ပါဝင် မှာဖြစ်ပါတယ်။ သက်သောင့်သက်သာ အပန်းဖြေလို့ရတဲ့နေရာနဲ့ အစားအသောက်စားဖို့ နေရာတွေ ထည့်သွင်းထားပြီး ဖက်ရှင်၊ လက်မှုနဲ့ အစားအစာဆိုင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဇုန်(C) ရဲ့ ဧရိယာကတော့ ကမ်းနားလမ်း ၂၉ လမ်းကနေ ခြောက်ထပ်ရုံးအကျော်အထိ ပါဝင်မှာဖြစ်ပြီး ATM ငွေထုတ်စက်၊ နိုင်ငံခြားငွေလဲလှယ်ကောင်တာ၊ အရေးပေါ်ဆေးခန်းတွေနဲ့အတူ ပြည်သူများ အပန်းဖြေရန် Recreation Zone ကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

ဘတ်စ်ကားဂိတ်များကိုလည်း စနစ်တကျ ထည့်သွင်းတည်ဆောက်ထားပြီ Yangon Night Market ရဲ့ အုပ်ချုပ်ရေးရုံးရှိရာ ဇုန်လည်းဖြစ်ပါတယ်။ ဒါ့ပြင် လုံခြုံရေးစခန်းနဲ့ Entertainment Zone တို့ တည်ရှိရာ ဇုန်(D) နဲ့လည်း ကပ်လျက်တည်ရှိနေပါတယ်။

ပြန်လည်အဆင့်မြှင့်တင်နေတဲ့ Yangon Night Market စားသောက်ဆိုင်ခန်းတွေမှာ ရောင်းချချင်တဲ့ ဈေးသည်တွေအနေနဲ့ ဇွန် ၃ ရက် နောက်ဆုံးထားပြီး အွန်လိုင်းကနေ လျှောက်ထားရမယ်လို့ သိရပါတယ်။

ယခင်က လသာမြို့နယ် အတွင်းမှာရှိတဲ့ ၁၈၊ ၁၉ နဲ့ လမ်း ၂၀ တွေဟာ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ရန်ကုန်မြို့ရဲ့ တရုတ်တန်းဖြစ်သလို ညဈေးလည်းဖြစ်ပြီး ဘီယာဆိုင်၊ စားသောက်ဆိုင်၊ သစ်သီးဆိုင်၊ တခြား တိုလီမိုလီအရောင်းဆိုင်တွေနဲ့ အလွန်စည်ကားခဲ့ပါတယ်။

ဒါပေမဲ့ ဆိုင်တွေက လမ်းကြားထဲတင်မက လမ်းမကြီးပေါ်မှာပါ ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာပြီး စနစ်တကျမရှိတာကြောင့် အဲဒီပတ်ဝန်းကျင်ဟာ ယာဉ်ကြောပိတ်ဆို့မှုအဖြစ်ဆုံးနေရာထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကစပြီး ဆိုင်အချို့ကလွဲလို့ ဆိုင်တော်တော်များများကို ကမ်းနားလမ်းမှာ နေရာတွေ သတ်မှတ်ပေးပြီး ကမ်းနားလမ်းညဈေး အဖြစ် ပြန်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

အခုထပ်မံဖော်ဆောင်တဲ့ Yangon Night Market က ရန်ကုန်မြို့နေ လူထုအတွက် ဘယ်လိုမျိုး စိတ်ဝင်စားစရာတွေနဲ့ ပေါ်ပေါက်လာမလဲဆိုတာကို စောင့်မျှော်နေကြပါတယ်။ 

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service