ECO Green City လုပ်ငန်းများ စတင် တန်ဖိုးနည်းအိမ်ရာများ ပါဝင်

ECO Green City လုပ်ငန်းများ စတင် တန်ဖိုးနည်းအိမ်ရာများ ပါဝင် - Property News in Myanmar from iMyanmarHouse.com
21 May 2019 10:12 am တွင် တင်ခဲ့သည်
1659 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည့် ECO Green City ကို ယခင်စာချုပ်အတိုင်း ပြောင်းလဲမှုမရှိဘဲ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

စီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး အစိုးရဘက်က ရှယ်ယာ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရနိုင် သည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော် ရှိ ပြန်ကြားရေးဝန် ကြီးဌာနတွင် မေလ ၁၇ ရက်က ပြုလုပ်သောအစိုးရတတိယနှစ် အတွင်း ဆောင်ရွက်မှုများဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

‘‘ ကုမ္ပဏီအနေနဲ့ ကျွန်တော် တို့ဌာနအတွက် တည်ဆောက်ပေးရမယ့် တန်ဖိုးနည်းအိမ်ရာတွေကို စတင်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်နေပြီ’’ ဟု ဦးမင်းထိန်က ပြောသည်။

ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး စာချုပ်အချက်အလက်များ ပြောင်းလဲမှုမရှိကြောင်း ၎င်းက ရှင်းပြသည်။

‘‘အရင်အတိုင်းပဲ၊ ဆောက်မယ့်ဧရိယာက ၁,၄၅၀ ဧကပဲ၊ ပြောင်းလဲမှုမရှိပါဘူး။ အရင်အတိုင်းပဲ ဆက်အကောင်အထည်ဖော်တာ’’ဟု ဦးမင်းထိန်က ဆိုသည်။

ECO Green City အိမ်ရာစီမံကိန်းသည် ရန်ကုန်တိုင်းအတွင်း ပထမဆုံးဆောင်ရွက်မည့် မြို့သစ်စီမံကိန်းနှင့် သက်ဆိုင်သော စီမံကိန်းဖြစ်သည်။

တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာလကုန်တွင် စီမံကိန်း ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service