၁ နှစ်နီးပါကြာရောင်းမထွက်သေးသည့် ပေါင် ၆၅ သန်းတန် ပုဂ္ဂလိကကျွန်း

၁ နှစ်နီးပါကြာရောင်းမထွက်သေးသည့် ပေါင် ၆၅ သန်းတန် ပုဂ္ဂလိကကျွန်း - Property News in Myanmar from iMyanmarHouse.com
22 Apr 2019 11:48 am တွင် တင်ခဲ့သည်
1119 ကြိမ် ကြည့်ရှု့ပြီး

ခရစ္စတယ်လေးလို ကြည်လင်လှပတဲ့ပင်လယ်ရေတွေ ဝန်းရံထားပြီး ဆွေးမျိုးမိတ်ဆွေတွေကိုပါ လက်ခံထားရှိနိုင်ဖို့ရာ နေအိမ်အမြောက်အမြားနဲ့ပြည့်နေတဲ့ ပုဂ္ဂလိကကျွန်းတစ်ကျွန်းကိုပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးယဉ်ကြည့်ဖူးပါသလား။

သင့်မှာ ပေါင် ၆၅ သန်းလောက်လက်ဝယ်ရှိတယ်ဆိုရင်တော့ စိတ်ကူးယဉ်အိပ်မက်တစ်ခုသက်သက် မဟုတ်တော့ပါဘူးနော်။ ပေါင် ၆၅ သန်းနဲ့ ဈေးခေါ်ထားတဲ့ ကမ္ဘာ့ခေါ်ဈေးအကြီးဆုံးလို့ဆိုရမယ့် အိမ်ခြံမြေတစ်ခုဟာ အရောင်းဈေးကွက်ပေါ် ရောက်ရှိနေတာ ၁ နှစ်လောက်ကြာလာတဲ့တိုင် ဝယ်လက်ကို မတွေ့ရှိသေးပါဘူး။

ဘဟားမားစ်နိုင်ငံမှာ သင့်အိပ်မက်ထဲကကျွန်းထက် ပိုပြီးလှပတဲ့ ပုဂ္ဂလိကကျွန်းက သင့်ကို သူ့ပိုင်ရှင်ဖြစ်လာဖို့ စောင့်မျှော်လျက်ရှိပါတယ်။

သာယာအေးချမ်းလှပတဲ့ အဲ့ဒီကျွန်းလေးဟာ အခုထိတော့ ဘယ်ဘီလျံနာဝယ်လက်ရဲ့ နှလုံးသားကိုမျှ သိမ်းပိုက်နိုင်စွမ်းမရှိသေးဘဲ အရောင်းဈေးကွက်ပေါ်မှာ ၁ နှစ်နီးပါးရှိလို့နေပါပြီ။

အဲ့ဒီကျွန်းဟာ ဗြိတိန်အိမ်ခြံမြေဝက်ဘ်ဆိုက် Rightmove မှာ ရောင်းရန်ရှိတဲ့ ပြည်ပအိမ်ခြံမြေတွေ (နေအိမ်မရှိသော ကျွန်းများနှင့် ဆိုင်ခန်းများ သို့ ရုံးခန်းများ)အနက် ဈေးအကြီးဆုံးပဲဖြစ်ပါတယ်။ အဲ့ဒီကျွန်းရဲ့အရောင်းအဝယ်အတွက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကတော့ Knight Frank ပဲဖြစ်ပါတယ်။

အဲ့ဒီကျွန်းကို Little Pipe Cay လို့ ခေါ်ပါတယ်။ ၃၈ ဧက ကျယ်ဝန်းတဲ့ Little Pipe Cay ကျွန်းပေါ်မှာ နေအိမ်အမြောက်အမြား ပျံ့နှံ့လို့နေပါတယ်။

Little Pipe Cay ဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ အမေရိကန်နဲ့ ကျူးဘားတို့အကြား ကျွန်းပေါင်း ၇၀၀ ကျော်ရှိတဲ့ဘဟားမားစ်ကျွန်းစုနိုင်ငံရဲ့ Exuma လို့ခေါ်တဲ့ ခရိုင်မှာ ရှိပါတယ်။ Exuma မှာ ကျွန်းပေါင်း ၃၆၅ ကျွန်းကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ Knight Frank ကတော့ Little Pipe Cay ကို Exuma ရဲ့ ရတနာသရဖူ၊ ဘဟားမားစ်ရဲ့ ထိပ်တန်းပုဂ္ဂလိကကျွန်းတစ်ကျွန်းအဖြစ် တင်စားထားပါတယ်။

Little Pipe Cay ကျွန်းဟာ ဂျိမ်းစ်ဘွန်းနဲ့ Pirates of the Caribbean ဇာတ်ကားတွေမှာ ပါဝင်ဖူးပါတယ်။ သူနဲ့အနီးဆုံးနာမည်ကျော်ကမ်းခြေကတော့ မိုင် ၂၇၀ အကွာမှာတည်ရှိတဲ့ မိုင်ယာမီကမ်းခြေပဲဖြစ်ပါတယ်။

ကျွန်းကို အဝင်အထွက်လုပ်ဖို့အတွက်ကတော့ ပင်လယ်လေယာဉ်တွေနဲ့ အသွားအလာလုပ်မှပဲအဆင်ပြေပါမယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service