ရန်ကုန်မြို့ရှိ လူနေအိမ်အဆောက်အအုံများကို သုံးနှစ်တစ်ကြိမ် ဆေးသုတ်ရန်လိုအပ်ပြီး ကန်ထရိုက်တိုက်များကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြို့ရှိ လူနေအိမ်အဆောက်အအုံများကို သုံးနှစ်တစ်ကြိမ် ဆေးသုတ်ရန်လိုအပ်ပြီး ကန်ထရိုက်တိုက်များကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 9:46 am တွင် တင်ခဲ့သည်
1538 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ရှိ လူနေအိမ် အဆောက်အအုံများကို သုံးနှစ်တစ်ကြိမ် ဆေးသုတ်ရန် လိုအပ်ပြီး ကန်ထရိုက်တိုက် များကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဧပြီ ၆ ရက်က Pan Pacific Hotel ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ တည်ထောင်သူ လုပ်ငန်းလိုင်စင် ပေးအပ်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပိုင်ရှင်ဟာ အခန်းတစ်ခန်းစီလောက်ပဲ ပိုင်နေကြပြီး အိမ်ရှင်တစ်ဦးကသာ မြေပိုင်ဆိုင်မှုရှိပြီး ဒီအိမ်တစ်လုံးရဲ့ ပြုပြင်ထိန်းသိမ်းဖို့အတွက် စုဆောင်းငွေမရှိတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့ အနေအထား ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ နေအိမ်အဆောက်အအုံတွေကို သုံးနှစ်တစ်ကြိမ်လောက် ဆေးသုတ်ဖို့လိုအပ်ပါတယ်။ ဒါဟာ အခြားနိုင်ငံတွေမှာလည်း မြို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီလိုပဲ ဆောင်ရွက်ခဲ့ကြတာ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ အတွင်းရှိ တိုက်ခန်းအများစုသည် ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်ခဲ့သဖြင့် တစ်ဦးတစ်ယောက်ချင်းသာ အခန်းပိုင်ဆိုင် နေကြခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းနေအိမ်များမှာ စတင်တည်ဆောက်စဉ်က ဆေးသုတ်ပြီး အချိန်မှစတင်ပြီး ထပ်မံပြုပြင် ထိန်းသိမ်းရာတွင် အခက်အခဲများရှိကာ တစ်ပြေးညီတူညီမှု မရှိကြောင်း သိရသည်။

“ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံ တော်တော်များဟာ တစ်ဦးတစ်ယောက်ချင်းဆီက အခန်းတစ်ခန်းစီပဲ ပိုင်နေကြတာဖြစ်တယ်။ ဒါကြောင့်မို့ အဆောက်အအုံတွေကို ကြည့်လိုက်မယ်ဆိုရင် အဆောက်အအုံတွေဟာစတင်တည်ထောင်ပြီး ဆေးတစ်ခါသုတ်ပြီး နောက်ထပ် ဆေးထပ်သုတ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ကိုယ့်အခန်းကိုယ်သုတ်တဲ့ အတွက်လည်း အရောင်တွေဟာ မျိုးစုံဖြစ်နေပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာလည်း စုပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုး မရှိဘဲ တစ်ဦးတစ်ယောက်ချင်းစီက ပြုပြင်တည်ဆောက် နေကြရတဲ့ အခြေအနေမျိုး ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့တွင်းရှိ ကန်ထရိုက်တိုက်များကို ပြုပြင်ထိန်းသိမ်းပြီး စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် Apartment Law တစ်ခု မဖြစ်မနေ လိုအပ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service