အိမ်ခြံမြေ Developer တို့အနေဖြင့် တန်ဖိုးအလယ်လတ်တန်းစားစီမံကိန်းများတွင်သာ အာရုံစိုက်သင့်

အိမ်ခြံမြေ Developer တို့အနေဖြင့် တန်ဖိုးအလယ်လတ်တန်းစားစီမံကိန်းများတွင်သာ အာရုံစိုက်သင့် - Property News in Myanmar from iMyanmarHouse.com
5 Apr 2019 1:35 pm တွင် တင်ခဲ့သည်
1387 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေ Developer တို့သည် တန်ဖိုးကြီးကွန်ဒိုစီမံကိန်းများကို အနည်းငယ်သာ အကောင်အထည်ဖော်သင့်ပြီး အလတ်အလတ်တန်းစား စီမံကိန်းများအပေါ် ပိုမိုအာရုံစိုက်သင့်ကြောင်း တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအခြေစိုက် နှိုင်းထက်ကျော် ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးနန္ဒကျော်က frontiermyanmar ၏ Myanmar Real Estate & Construction Monitor ကဏ္ဍသို့ ပြောကြားလိုက်ကြောင်း frontiermyanmar သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သည့်အပြင် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း (MLCA) မှ ဗဟိုအမှုဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဦးနန္ဒကျော်က ဆက်လက်ပြောကြားရာတွင် ၎င်း၏ အတွေ့အကြုံအရ ပြည်တွင်း ဝယ်လက်များသည် အလတ်အလတ်တန်း လူနေခန်းများကိုသာ ပိုမိုစိတ်ဝင်စားသည်ကို ညွှန်ပြနေကြောင်း ပြောကြားသည်။

ပြည်တွင်းဝယ်လက်တို့သည် အိမ်ခြံမြေစီမံကိန်းများရှိ facilities များ၊ အမှတ်တံဆိပ်များအပေါ် အာရုံထားမှုနည်းပါးပြီး ၎င်းတို့အတွက် ပိုမိုလိုအပ်သည်မှာ နေအိမ်တစ်လုံးကို မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးသာဖြစ်ကြောင်းလည်း ဦးနန္ဒကျော်က ဖြည့်စွက် ပြောကြားသည်။

တန်ဖိုးကြီး အိမ်ခြံမြေစီမံကိန်းများအတွက် ဒေသတွင်း ချမ်းသာကြွယ်ဝသူနှင့် ပြည်ပဝယ်လက်ဟူသော ကျဉ်းမြောင်းလှသည့် ဈေးကွက်ပစ်မှတ်သာရှိရာ အဆိုပါစီမံကိန်းများ ရောင်းထွက်ရေးအတွက် ပြိုင်ဆိုင်ရမှုမှာလည်း ပြင်းထန်သည်။

အချို့က ဇိမ်ခံလူနေခန်းများကို ရင်းနှီးမြှုပ်နှံရန်အတွက် ရည်ရွယ်ဝယ်ယူကြသော်လည်း အမြတ်အစွန်းနည်းပါးလှသောကြောင့် အငှားဈေးကွက်မှာလည်း အားကောင်းမလာချေ။ မြန်မာနိုင်ငံရှိ အထက်တန်းလွှာအိမ်ထောင်စုတို့သည် ကိုယ်ပိုင်နေအိမ်ခြံဝန်းနှင့် နေထိုင်ရခြင်းကိုသာ နှစ်သက်ပြီး အလတ်လတ်တန်းစား မိသားစုများမှာလည်း ယေဘုယျအားဖြင့် တိုက်ခန်းများကိုသာ ရွေးချယ်ကြရာ ကွန်ဒိုခန်းများ၏ ဈေးကွက်မှာ နိုင်ငံခြားသားများနှင့် ပြည်ပမှ ရွှေ့ပြောင်းနေထိုင်သူများတွင်သာ ဈေးကွက်ရှာရဖွယ်ရှိကြောင်း ဦးနန္ဒကျော်က ပြောကြားသည်။

ဝယ်လက်အများစုမှာ အများဆုံးအားဖြင့် အိပ်ခန်း ၂ ခန်းပါဝင်ကာ စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသည့်လူနေခန်းများကိုသာ စိတ်ဝင်စားကြကြောင်းလည်း ဦးနန္ဒကျော်က ဆိုသည်။ အများအားဖြင့် ရေကူးကန်၊ အားကစားလေ့ကျင့်ခန်းမ အစရှိသည်တို့ထက် ကျယ်ဝန်းသည့် ကားရပ်နားရန်နေရာ ပါဝင်ရေးမှာ ပိုမိုအရေးကြီးသည်။

တည်နေရာမှာလည်း အရေးကြီးသည့်အချက်ဖြစ်ပြီး ဝယ်လက်များ အမြင့်မားဆုံး ပေးချေဝယ်ယူလိုသည့် ဈေးနှုန်းမှာ ကျပ်ငွေ သိန်း ၂၅၀၀ မှ သိန်း ၅၀၀၀ ကြား (ကန်ဒေါ်လာ ၁၆၆၀၀၀ မှ ၃၃၁၀၀၀ ကြား) ဖြစ်သည်။

မူဝါဒဆိုင်ရာနှင့် အိမ်ခြံမြေဥပဒေတို့ ရှင်းလင်းမှု မရှိခြင်းများမှာလည်း ပြည်တွင်း အိမ်ခြံမြေ developer များနှင့် ကန်ထရိုက်တာများအဖို့ အသေးစားနှင့် အလတ်အလတ်တန်း စီမံကိန်းများသာ အကောင်အထည်ဖော်နေသင့်သေးသည့် အချက်အလက်များဖြစ်ကြောင်း ဦးနန္ဒကျော်က ပြောကြားသည်။

“ကွန်ဒိုဥပဒေ ပြဌာန်းလိုက်ပေမယ့် ကျွန်တော်တို့အနေနဲ့ အသေအချာ နားလည်သဘောပေါက်ခြင်း မရှိသေးပါဘူး။ ကွန်ဒိုဆိုတာ ဘာကို ပြောတာလဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတောင် နားမလည်မိဘူး” မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း (MLCA) သည် တိုက်ခန်းဥပဒေ မူကြမ်းရေးဆွဲရာတွင် stakeholder အဖြစ် ပါဝင်ထားသည်။

တိုက်ခန်းဥပဒေသည် ပိုင်ရှင်ပြဿနာများ၊ အိမ်ခြံမြေလောက ပွင့်လင်းမြင်သာမှုရှိရေးပြဿနာများကို ဖြေရှင်းရန်အတွက် မရှိမဖြစ် အရေးပါကြောင်း ဦးနန္ဒကျော်က ဆိုသည်။

သို့ရာတွင် ယခုဥပဒေသည်လည်း ကွန်ဒိုဥပဒေကဲ့သို့ပင် အတည်ပြုပြဌာန်းနိုင်ရန် များစွာအချိန်ယူရဦးမည်ဖြစ်သည်။

လက်ရှိအားဖြင့် အဆိုပါဥပဒေကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးလျက်ရှိနေသည်။

နှိုင်းထက်ကျော်ကုမ္ပဏီသည် အသေးစားနှင့် အလတ်စားလူနေစီမံကိန်းများ အဓိကအကောင်အထည်ဖော်သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်လုပ်ငန်းလည်ပတ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းစတင်စဉ်က ကွန်ဒိုစီမံကိန်းများအပေါ် အဓိက အာရုံစိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဈေးကွက်မရေရာမှုများကြောင့် တန်ဖိုးနည်းနှင့် အလယ်လတ်တန်းစား ဈေးကွက်ကိုသာ ပစ်မှတ်ထားခဲ့သည်။

 

Credit: Myanmar Real Estate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service