အိန္ဒိယ၏ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် လစာနှုန်းထားများ မြင့်တက်လာသော်လည်း မြို့နေပြည်သူအများစုမှာ နေအိမ်မဝယ်နိုင်ကြသေးဘဲရှိနေ

အိန္ဒိယ၏ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် လစာနှုန်းထားများ မြင့်တက်လာသော်လည်း မြို့နေပြည်သူအများစုမှာ နေအိမ်မဝယ်နိုင်ကြသေးဘဲရှိနေ - Property News in Myanmar from iMyanmarHouse.com
5 Apr 2019 11:46 am တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်ဟု ခေါ်ဆိုကြသော မွမ်ဘိုင်းတွင် မိသားစုတို့၏ ဝင်ငွေမှာ အလျင်မြန်ဆုံးမြင့်တက်လာလျက် ရှိနေသော်လည်း မိသားစုအများစုမှာ နေအိမ်တစ်လုံး ဝယ်ယူရန် မတတ်နိုင်ကြသေးကြောင်း အိန္ဒိယအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံရှိ အခြားသော မြို့ကြီးပြကြီးများတွင် နေအိမ်များမှာ တန်ဖိုးသင့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မွမ်ဘိုင်းမှာ ချွင်းချက်တစ်ခုဖြစ်နေကြောင်း JLL India ၏ အချက်အလက်များတွင် ဖော်ပြသည်။

JLL India က ထုတ်ပြန်သော နေအိမ်ဝယ်ယူနိုင်စွမ်းညွှန်းကိန်းတွင် စတုရန်းပေ ၁၀၀၀ အကျယ်အဝန်းရှိ နေအိမ်ခန်းတစ်ခန်း ဝယ်ယူမည်ဆိုလျှင် ဘဏ်ချေးငွေရရေး အနည်းဆုံးရှိရမည့် ဝင်ငွေအောက် ၁၆ ရာခိုင်နှုန်း နည်းပါးနေသေးသည်ဟု ဆိုသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ မွမ်ဘိုင်း၏ အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်း ခေါင်ခိုက်လျက်ရှိနေခြင်းမှာ အဓိကအကြောင်းရင်း ဖြစ်သည်။

စတုရန်းပေ ၁၀၀၀ အကျယ်အဝန်းရှိ နေအိမ်ခန်းတစ်ခန်း၏ ပေါက်ဈေးမှာ အခြားသော မြို့ကြီးများနှင့် နှိုင်းယှဉ်လျှင် မွမ်ဘိုင်းမှာ ပိုမိုမြင့်မားနေရာ မိသားစုများအဖို့ ချေးငွေပိုမိုများပြားစွာ ရယူရမည်ဖြစ်ရာ အနည်းဆုံးဝင်ငွေလိုအပ်ချက်လည်း မြင့်မားလာရခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း အိမ်ခြံမြေချေးငွေ ရယူနိုင်ရန်အတွက် အနိမ့်ဆုံးရှိရမည့် သတ်မှတ်ဝင်ငွေထက် ပိုမိုမြင့်မားစွာရရှိသည်မှာ ဟိုက်ဒရာဘက်ဒ်မြို့ကြီးတစ်မြို့သာ ရှိခဲ့သည်။

နောက်ပိုင်းတွင်ကား ဝင်ငွေပမာဏများ လျင်မြန်စွာမြင့်တက်လာမှုကြောင့် မွမ်ဘိုင်းမှလွဲပြီး မြို့ကြီးများအားလုံးမှာ နေအိမ်ဝယ်ယူနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ သို့ရာတွင် မွမ်ဘိုင်းအိမ်ထောင်စုများ၏ ဝင်ငွေမှာ နေအိမ်ဝယ်ယူနိုင်မည့်အနေအထားသို့ ယခင်ကထက် မြင့်တက်လာခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်းက နေအိမ်ချေးငွေရယူရန်အတွက် အနည်းဆုံးရှိရမည့်ဝင်ငွေ၏ ၄၇ ရာခိုင်နှုန်းသာ မွမ်ဘိုင်းမြို့သားတို့ ရရှိခဲ့ပြီး ယနေ့တွင်ကား ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

သို့စေကာမူ အနည်းဆုံး ၂၀၂၁ ခုနှစ်တိုင်အောင် မွမ်ဘိုင်းမြို့သားတို့ နေအိမ်ပိုင်ဆိုင်ရေးအိပ်မက် ဖြစ်ပေါ်လာဖွယ်မရှိသေးကြောင်း JLL ၏ အစီရင်ခံချက်တွင် ဖော်ပြသည်။

၂၀၁၁ ခုနှစ် သန်းကောင်စာရင်းအရ မွမ်ဘိုင်းတွင် အခြေချနေထိုင်သူ ၁၈ ဒသမ ၄ သန်းရှိပြီး အိန္ဒိယ၏ လူဦးရေအထူထပ်ဆုံး ဒေသကြီးတစ်ခုဖြစ်သည်။

မွမ်ဘိုင်းတွင် အာရှတိုက်၏ အကြီးမားဆုံး ဆင်းရဲသားရပ်ကွက်များ တည်ရှိသည့်နည်းတူ အိမ်ခြံမြေဈေးနှုန်းမှာလည်း အာရှတိုက်၏ ဈေးအကြီးဆုံးဒေသများတွင် ပါဝင်နေသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service