ဟစ်တလာက ဂျာမန် အခြေခံလူတန်းစားများကို အပန်းဖြေပို့ပေးရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် ၇ မိုင်ရှည်လျားသော အပန်းဖြေစခန်းကြီး

ဟစ်တလာက ဂျာမန် အခြေခံလူတန်းစားများကို အပန်းဖြေပို့ပေးရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် ၇ မိုင်ရှည်လျားသော အပန်းဖြေစခန်းကြီး - Property News in Myanmar from iMyanmarHouse.com
3 Apr 2019 11:57 am တွင် တင်ခဲ့သည်
1300 ကြိမ် ကြည့်ရှု့ပြီး

အချိန်ကား ဟစ်တလာက ပိုလန်ကို ကျူးကျော်သိမ်းပိုက်သောကြောင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားမလာမီ ၃ နှစ်ခန့်အလို၊ ၁၉၃၆ ခုနှစ်တွင် ဖြစ်သည်။

ယင်းသို့သောအချိန်တွင် ဟစ်တလာက ရူဂန်ကျွန်း၏ ကမ်းရိုးတန်းတွင် ပြည်သူများ အပန်းဖြေရန်နှင့် နာဇီဝါဒများ ဖြန့်ချိနိုင်ရန် ရည်ရွယ်ကာ ကမ္ဘာ့အကြီးမားဆုံး အပန်းဖြေစခန်းကြီးတစ်ခုဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်။

ပျော်ရွှင်ခြင်းဖြင့် ခွန်အားရှိကြပါစို့ဟူသော ကြွေးကြော်သံဖြင့် ဆောက်လုပ်ရေးစီမံကိန်းကြီး စတင်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီ အခြေခံလူတန်းစားများအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် အပန်းဖြေနိုင်ကြစေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ထို့အပြင် လိုအပ်ပါက စစ်ဆေးရုံကြီးတစ်ခုအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန်ပါ ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့သည်။

စီမံကိန်းတစ်ခုလုံးတွင် အဆောက်အအုံကြီး ၈ ခုသာ စီတန်းတည်ရှိသည်ဆိုသော်လည်း အဆိုပါ အဆောက်အအုံ ၈ ခု၏ စုစုပေါင်း အလျားမှာ ၇ မိုင်ခန့် ရှည်လျားသည်။

နာဇီတို့က ပရိုရာဟု အမည်ပေးထားပြီး အလုပ်သမားပေါင်း ၉၀၀၀ ခန့်ဖြင့် ဆောက်လုပ်ခဲ့ရကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀ ခန့်အမြင့်တွင်သာ တည်ရှိသည်။

အပန်းဖြေစခန်းရှိ အခန်းများအားလုံးသည် ပုံသဏ္ဍာန်ထပ်တူ တူညီကြပြီး အခန်းတိုင်းတွင် အိပ်ယာ ၂ ခု၊ ရေစိမ်ကန်တစ်ခုနှင့် အဝတ်လဲခန်းတစ်ခန်းတို့ ပါဝင်သည်။

ရေချိုးခန်းနှင့် အိမ်သာတို့မှာ အများသုံးဖြစ်ပြီး အထပ်တိုင်းတွင် ထားရှိသည်။

ပင်လယ်ရှုခင်းကို အခန်းတိုင်းမှ တွေ့မြင်ရကာ အပန်းဖြေစခန်းကွန်ပလက်စ်ကြီး၏ အလယ်ဗဟိုတွင် Festival Hall ဟု အမည်ပေးထားသော ခန်းမကြီးတစ်ခု တည်ရှိသည်။

ခန်းမကြီးကို ဒီဇိုင်းရေးဆွဲခဲ့သည်မှာ နာမည်ကျော်ဗိသုကာပညာရှင် အီရစ်ခ်ျ ပွတ်လစ်ဇ်ဖြစ်သည်။

ခန်းမကြီးအတွင်း ရုပ်ရှင်ရုံ ၂ ရုံပါဝင်သည်။ သို့ရာတွင် အဆိုပါခန်းမကြီး တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖျော်ဖြေသည့်နေရာ တစ်ခုအဖြစ် အသုံးပြုရန်ထက် အပန်းဖြေလာရောက်ကြသူများကို စစ်အတွက် အသင့်ဖြစ်နေစေရေးနှင့် နာဇီအစိုးရအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် ပျိုးထောင်ပေးသည့်နေရာအဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါ အပန်းဖြေစခန်းကြီးကို မူလရည်ရွယ်ထားသည့် ရည်ရွယ်ချက်အတိုင်း တစ်ကြိမ်မျှ အသုံးမပြုဖြစ်ခဲ့ချေ။ စစ်အတွင်း နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ရှိနေခဲ့သည်။

၁၉၄၅ ခုနှစ်တွင်ကား ဆိုဗီယက်စစ်ဘက်က အပန်းဖြေစခန်းဝန်း၏ Block 5 တွင် အခြေစိုက်စခန်းတစ်ခု အခြေချထားရှိခဲ့သည်။

၁၉၅၀ ပြည့်လွန်ကာလများတွင် ဂျာမန်စစ်ဘက်က အဆိုပါစခန်းဝန်းကြီးကို မျက်စိကျခဲ့ပြီး အဆောက်အအုံများစွာကို ပြန်လည် ပြုပြင်မွမ်းမံခဲ့သည်။

ယင်းနောက် ၁၉၅၆ ခုနှစ်တွင် အရှေ့ဂျာမနီတပ်များစွာ၏ အခြေစိုက်နေရာ ဖြစ်လာသည်။ အပန်းဖြေစခန်းဝန်း၏ မြောက်ဘက်ရှိ ဘလောက်များအနက် Block 4 ကို မြို့ပေါ်တိုက်ပွဲများအတွက် လေ့ကျင့်ရေးနေရာအဖြစ် အသုံးပြုခဲ့ရာ အဆောက်အအုံများစွာမှာ ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။

ဘာလင်တံတိုင်းကြီး ပြိုလဲသွားပြီး ဂျာမနီနှစ်နိုင်ငံ ပေါင်းစည်းခဲ့ပြီးနောက်ပိုင်း အဆိုပါစခန်းဝန်းကို ပြုပြင်မွမ်းမံကာ ပြန်လည်ဖွံ့ဖြိုးအောင်လုပ်မည့် developer တို့အား ရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

သို့ရာတွင် ဝယ်ယူမည့်သူ မရှိခဲ့သောကြောင့် ၁၉၉၀ ပြည့်လွန်ကာလများအတွင်း နိုင်ငံရေးခိုလှုံခွင့်တောင်းခံသော ဒုက္ခသည်များ ထားရှိရာနေရာအဖြစ် အသုံးပြုခဲ့သေးသည်။

ပျက်စီးယိုယွင်းမှုမရှိခဲ့သည့် တစ်ခုတည်းသော ဘလောက်မှာ Block 3 ဖြစ်ပြီး ပြခန်းများအဖြစ် အသုံးပြုထားသည်။

အပန်းဖြေစခန်းဝန်းကြီးကို တစ်ခုလုံးတစ်ပေါင်းတည်းရောင်းချခြင်းမှာ ဝယ်ယူမည့်သူမရှိခဲ့ခြင်းကြောင့် ဂျာမနီအစိုးရက ၂၀၀၄ ခုနှစ်တွင် ဘလောက်များကို တစ်ခုချင်းရောင်းချရန် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက်ပိုင်း အပန်းဖြေစခန်းဝန်းရှိ ဘလောက်များ တဖြည်းဖြည်းချင်း ရောင်းထွက်ခဲ့သည်။

အပန်းဖြေစခန်းဝန်းကြီး၏ ယနေ့ခေတ်မြင်ကွင်းမှာ ဟစ်တလာခေတ်က မြင်ကွင်းနှင့် များစွာခြားနားသွားလေပြီ။ ဂျာမန် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော Metropole သည် အိပ်ခန်း ၂ ခန်းပါ အခန်းများကို ဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးဖြစ်ကာ အားလပ်ရက်အပန်းဖြေခရီးထွက်သူတို့ကို ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်သွားရန် စီစဉ်ထားသည်။

အဆိုပါအခန်းများမှာ တန်ဖိုးသင့်အခန်းများအဖြစ် ရည်ရွယ်ထားခြင်းမဟုတ်ချေ။ အခန်းအကျယ်အဝန်းအပေါ် မူတည်ပြီး ဈေးနှုန်းများမှာ ကန်ဒေါ်လာ ၄၀၀၀၀ မှ ၉၀၀၀၀၀ အကြား အသီးသီးရှိသည်။

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service