ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ Calvin Klein က နယူးယောက်ရှိ ကွန်ဒိုခန်းကို ရောင်းချရန် ဆုံးဖြတ်

ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ Calvin Klein က နယူးယောက်ရှိ ကွန်ဒိုခန်းကို ရောင်းချရန် ဆုံးဖြတ် - Property News in Myanmar from iMyanmarHouse.com
29 Mar 2019 10:23 am တွင် တင်ခဲ့သည်
689 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Calvin Klein Inc. သည် အမေရိကန်ဖက်ရှင်ကုမ္ပဏီဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

သားရေ၊ လူ့အသုံးအဆောင်များ၊ အိမ်ထောင်ပရိဘောဂများ၊ ရေမွှေး၊ လက်ဝတ်ရတနာ၊ နာရီများနှင့် အဝတ်အထည်လုပ်ငန်း ကဏ္ဍများတွင် အဓိကလုပ်ကိုင်သည်။

ဖက်ရှင်ဒီဇိုင်နာ Calvin Klein နှင့် သူ၏ ကလေးဘဝသူငယ်ချင်း ဘာရီ ကေ-ရှဝါ့ဇ်တို့ ပူးပေါင်းတည်ထောင်ခဲ့ကြခြင်းဖြစ်ပြီး နယူးယောက်မြို့လယ်၊ မန်ဟက်တန်အရပ်တွင် ရုံးစိုက်သည်။

Calvin Klein ၏ ရုံးခန်းကွန်ဒိုခန်းကို minimalist ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကြီးမားသည့်လသာဆောင်တစ်ခုပါဝင်သည်။

မျက်နှာစာ ၃ ဘက်တွင် ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းပေါက်များ တပ်ဆင်ပေးထားသောကြောင့် World Trade Center အဆောက်အအုံကြီးကို လှမ်းမျှော်တွေ့မြင်နေရသည်။

Calvin Klein ၏ အခန်းတည်ရှိသည့် ကွန်ဒိုမှာ အထပ် ၂၀ မြင့်မားသည့် Chelsea Arts တာဝါဖြစ်ပြီး ၎င်း၏အခန်းမှာ ၁၈ ထပ်မြောက်တွင် တည်ရှိသည်။

ရုံးခန်းအကျယ်အဝန်းမှာ ၃၈၉၈ စတုရန်းပေရှိပြီး လသာဆောင်မှာ ၃၈၂ စတုရန်းပေ အကျယ်အဝန်းရှိသည်။

Jack Guttman နှင့် Young Woo တို့က ၂၀၀၆ ခုနှစ်တွင် အဆိုပါအဆောက်အအုံကြီးကို ဆောက်လုပ်ပြီးချိန်ကတည်းကပင် Calvin Klein က ရုံးခန်းဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဈေးကွက်တင်ပေးသူမှာ CBRE မှ အကျိုးဆောင်တစ်ဦးဖြစ်သူ Stuart Siegel နှင့် Matt Bergey တို့ဖြစ်သည်။

Calvin Klein ၏ အခန်းမှာ အထပ်တစ်ထပ်လုံးဖြစ်ပြီး အခန်းဝယ်ယူသူအနေဖြင့် နှစ်စဉ် အထွေထွေစရိတ်များ၊ အကောက်ခွန်များအတွက် ကန်ဒေါ်လာ ၉၀၀၀၀ ခန့် ပေးဆောင်ရမည် ဖြစ်သည်။

“ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေလောကမှာ ၂၉ နှစ် ကျင်လည်ခဲ့တဲ့ သက်တမ်းအတွင်း ဒီအခန်းလောက် မြင်ကွင်းကျယ်ရှိပြီး အနုစိတ်မွမ်းမံထားတဲ့နေရာမျိုး မတွေ့ဖူးပါဘူး”ဟု Stuart Siegel က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service