ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ

ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးဈေးချိုအနီးရှိ Asahi Condo အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
24 Mar 2019 11:14 am တွင် တင်ခဲ့သည်
988 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ KT Construction မှ တည်ဆောက်သော Asahi Condo အရောင်းပြပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅၊ ၁၆၊ ၁၇) ရက်များတွင် မန္တလေးမြို့ Hotel Marvel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြပွဲ (၃) ရက်အတွင်း ကျပ်ငွေ (၅.၄) ဘီလီယံကျော်တန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Asahi Condo ကွန်ဒိုစီမံကိန်းသည် မန္တလေးမြို့ ၏ အထင်ကရဖြစ်သော ဈေးချိုနှင့်နာရီစင်တို့ အနီးတွင် တည်ရှိပြီး (၁) ဧကကျယ်ဝန်းသော ဂရန်မြေပေါ်တွင် တည်ဆောက်လျက်ရှိသည်။ Asahi Condo တွင် Basement အပါအဝင် ကားပါကင် (၃) ထပ် ၊ လူနေအိမ်ခန်း (၁၀)ထပ် ၊ Rooftop ၊ (၁) လွှာလျှင် (၁၈) ခန်း ၊ ရိုးရိုးလှေခါး (၃) စင်း ၊ ဓာတ်လှေခါး (၄) စင်း ၊ ကားအဝင်အထွက် အပေါက် (၂) ခုတို့ ပါဝင်ကြောင်း သိရသည်။ အရောင်းပြပွဲ ဖွင့်ပွဲအခန်းအနားတွင် KT Construction ၏ Director ဖြစ်သူ ဒေါ်နွယ်နွယ်စိုး၊ KT Construction ၏ Director ဖြစ်သူ ဦးထက်မြက်ကျော်သက်နှင့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အရောင်းဖွင့်ပွဲအခမ်းအနားကြီးကို အောင်မြင်စွာ အစပြုခဲ့သည်။

Asahi Condo ဟာ မန္တလေးမြို့လည်ခေါင် ဈေးချိုအနီးမှာ တည်ရှိပြီး မန္တလေးမြို့ ရဲ့  အထင်ကရ Developer တစ်ဦးဖြစ်တဲ့ KT Construction မှ တည်ဆောက်နေတာဖြစ်ပါတယ်။ ကွန်ဒိုဥပဒေနှင့်အညီ မြေအချိုးကျ ပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတော့ ကားပါကင် ၊ ဆိုင်ကယ်ပါကင် အလုံအလောက် ပါရှိမှာဖြစ်ပါတယ်။ ရေကူးကန် ၊ အားကစားခန်းမ ၊ ဓာတ်လှေကား ၊ Rooftop Garden ၊ Barbeque Terrace စတဲ့ ကွန်ဒို Facilities အပြည့်အစုံတွေကို ထည့်သွင်း တည်ဆောက်နေတာဖြစ်ပါတယ်။ လေဝင်လေထွက် ကောင်းမွန်မှု၊ ရေအလုံအလောက် ရရှိမှု ၊ သန့်ရှင်းမှုစနစ် ၊ မီးအန္တရာယ်ကာကွယ်ရေးစနစ်၊ လုံခြုံရေး စနစ်တကျရှိခြင်း တို့ကြောင့် အထူးဝယ်ယူသင့်တဲ့ ကွန်ဒိုတစ်ခုဖြစ်ပါတယ်။ ပထမဆုံး အရောင်းဖွင့်ပွဲမှာတင် ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့တဲ့အတွက် အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

Asahi Condo ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလလောက်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အရောင်းပြပွဲ ကျင်းပဖြစ်ခဲ့ပုံကတော့ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့စတင် အကောင်အထည်ဖော်တဲ့အချိန်မှာ ဒီရပ်ကွက်ထဲမှာရှိတဲ့ ခင်တဲ့သူတွေကော မခင်တဲ့သူတွေကော စီမံကိန်းကိုလာကြည့်ကြတယ်။ ဆောက်လုပ်တဲ့ နည်းစနစ်၊ စံချိန်စံညွှန်း၊ စေတနာတွေကို လေ့လာကြည့်ပါလို့ပြောခဲ့တာပေါ့နော်။ လာကြည့်တဲ့သူတွေကလည်း ကြည့်ရင်းနဲ့မေးလာကြတယ်။ ဒါတွေကရောင်းမှာလား၊ ဘယ်တော့ရောင်းမှာလဲ၊ ဘယ်လိုရောင်းမှာလဲပေါ့နော်။ မေးတဲ့သူတွေတဖြည်းဖြည်း များလာတဲ့အခါမှာ အရောင်းပြပွဲကျင်းပပြီးတော့ စိတ်ဝင်စားတဲ့သူတွေ၊ မေးတဲ့သူတွေအတွက်ပါ ပွဲလေးလုပ်ဖြစ်ခဲ့တာပါ။ ဈေးနူန်းတွေကို တစ်ပေပတ်လည် (1) သိန်းနူန်းကနေ စတင်ပြီးဖြစ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒီ (1) ပေပတ်လည် (1) သိန်းနူန်းရောင်းချတယ်ဆိုတာကလည်း ကျွန်တော်တို့ ရောင်းချတာမဟုတ်ပါဘူး။ ကုန်ကျ စရိတ် အစစ်အမှန်တကယ် (1) သိန်းလောက်ကုန်မယ့်ဟာကို ဝယ်ယူသူတွေအနေနဲ့ ကျွန်တော်တို့နဲ့အတူတကွ ရင်းနှီးမြှုပ်နှံသလိုဖြစ်အောင် သူတို့ကို (1) သိန်းနဲ့ ဝယ်ယူခွင့်ပေးလိုက်ပါတယ်။ ကျွန်တော်တို့နဲ့အတူ တစ်ပေပတ်လည် (1) သိန်းနဲ့ ရှယ်ယာ ထည့်ခွင့် ရင်းနှီးမြှုပ်နှံမှုပေးလိုက်သလိုပါပဲ။ ဈေးတွေတက်လာတဲ့အခါကျတော့ ကျွန်တော်တို့နဲ့ အတူတူအကျိုးအမြတ်ရှိသလို ဝယ်ယူသူတွေအနေနဲ့လဲ အကျိုးအမြတ်အသီးအပွင့်တွေ ခံစားရမှာဖြစ်ပါတယ်။ (1) သိန်းထက် တက်လာပြီဆိုကာမှ အားလုံးအတူတကွ အကျိုးခံစားရမှာဖြစ်ပါတယ်။ ဒါကလဲ iMyanmarHouse.com ကနေ ကျွန်တော်တို့ကိုအကြံပေးတာပါ။ ကိုယ့်ကိုယ် ဦးစွာပထမ ယုံကြည်တဲ့ Customer တွေကို ဦးစားပေးသင့်တယ်ဆိုတဲ့အကြောင်း အကြံပေးလို့ ကျွန်တော်တို့ (1) သိန်းနဲ့စတင်ရောင်းချ ခဲ့တာဖြစ်ပါတယ်” ဟု KT Construction မှ ဒါရိုက်တာဖြစ်သူ ဦးထက်မြက်ကျော်သက်မှ ပြောကြားခဲ့သည်။

“iMyanmarHouse.com က ပေးတဲ့ အကြံဥာဏ်တွေနဲ့ ပထမဦးဆုံး အရောင်းဖွင့်ပွဲကို လုပ်လိုက်တဲ့အခါမှာ အခန်းတော်တော်များများရောင်းရပါတယ်။ ဒီတစ်ပွဲမှာတင် ကျပ်ငွေ (၅.၄) ဘီလီယံကျော်ဖိုး ရောင်းရတဲ့အတွက် တော်တော်လေး ဝမ်းသာကျေနပ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ အိမ်လိုချင်နေတဲ့ Customer တွေ အများကြီးရှိပါတယ်။ အိမ်တစ်အိမ်ရှိပြီးသားလူတွေကလဲ နောက်ထပ် သားတွေ သမီးတွေ ကြီးလာရင်နေဖို့၊ ရုံးခန်းလေးဖွင့်ဖို့၊ ဆိုင်ခန်းလေးဖွင့်ဖို့စသဖြင့် နောက်ထပ် အိမ်၊ခြံ၊မြေတိုက်ခန်းတွေကို လိုချင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက သူတို့တွေကို တကယ်တန်တဲ့ တကယ်မှန်ကန်တဲ့ဒီဇိုင်း ၊ မှန်ကန်တဲ့စံချိန်စံညွှန်း၊ မှန်ကန်တဲ့ဈေးနှုန်းနဲ့ သူတို့လိုအပ်တဲ့ ပုံသဏ္ဍာန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ဖန်တီးလိုက်တဲ့ အဆောက်အဦးသည် Customer ကိုယ်တိုင်ဖန်တီးရင်ရမယ့်ဈေးနှုန်းထက် ပိုပြီးသက်သာဖို့လိုတယ်။ Customer ကိုယ်တိုင် ဖန်တီးရင်ရမည့် စံညွှန်းထက် ပိုပြီးကောင်းဖို့လိုတယ်။ ဒီလိုမျိုးဖန်တီးပြီးတော့ Supply လုပ်ပေးမယ်ဆိုရင် ဈေးကွက်ထဲမှာ ရောင်းကောင်းမယ်လို့ထင်ပါတယ်။ ဝယ်ယူပြီးသား Coustomer တွေနဲ့ ထပ်မံဝယ်ယူမယ့် Coustomer များကို ပြောချင်တဲ့စကားကတော့ ကျွန်တော်တို့ KT Construction ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ထဲက တည်ထောင်ခဲ့တာဖြစ်ပြီးတော့ နောက်ထပ် နှစ်ပေါင်းများစွာလဲ ဆက်လက်ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ အားလုံးအပေါ် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ KT Construction နဲ့ iMyanmarHouse.com တို့ ပူးတွဲပြီးကျင်းပတဲ့ Asahi Condo အရောင်းပွဲတော် အောင်မြင်မှုအပေါ်မှာ ကျွန်တော်တို့ကို ယုံကြည်အားပေးတဲ့ Coustomer တွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်ပါတယ်။ ဒီလိုယုံကြည်အားပေးတဲ့ Coustomer တွေရဲ့ မေတ္တာကိုတရားကိုလဲ ဦးထိပ်ပန်ဆင်ပြီးတော့ ဒီထက်ပိုပြီးကောင်းမွန်တဲ့ စေတနာတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြန်လည်ပေးဆပ်သွားမယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်” ဟု ဦးထက်မြက်ကျော်သက်မှ ဖြည့်စွက် ပြောကြားခဲ့သည်။

“Asahi Condo ကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းကို ဆက်သွယ်လို့ ရပါတယ်။ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ဝယ်ယူနိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေတင်မက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းက အိမ်ခြံမြေတွေကို ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာအရောင်းပွဲတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ ပရိတ်သတ်ကြီးတွေကြောင့်ပါ။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်ကို လစဉ်ဝင်ရောက်အသုံးပြုနေသူပေါင်း (၂.၃) သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါ ဝင်ရောက်အသုံးပြုကာ အိမ်ခြံမြေ ရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကိုတင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်ရှိပါတယ်။ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း (၆၀၀) ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေနဲ့ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက် ပြောကြားခဲ့သည်။

 

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service