ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က အငှားချထားလျက်ရှိသည့် နေအိမ် မူရင်းခေါ်ဈေးမှ ၁၃ သန်းလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်ရှာတွေ့

ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က အငှားချထားလျက်ရှိသည့် နေအိမ် မူရင်းခေါ်ဈေးမှ ၁၃ သန်းလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
19 Mar 2019 12:18 pm တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး

တေလာဆွစ်ဖ်ကိုပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် မွေးဖွားသည်။

တေလာဆွစ်ဖ်၏မိခင်မှာအမေရိကန်သူဖြစ်သော်လည်းတေလာဆွစ်ဖ် ငယ်စဉ်တွင် စင်္ကာပူ၌ ၁၀ နှစ်ခန့် နေထိုင်ခဲ့ကြသည်။

တေလာဆွစ်ဖ်သည် ၂၀၀၆ ခုနှစ်တွင် ပထမဆုံးတေးအယ်လ်ဘမ် eponymous ဖြင့် ကန်းထရီးဂီတလောကသို့ စတင်အခြေချခဲ့သည်။

ဒုတိယအယ်လ်ဘမ်ဖြစ်သောFearlessကို ၂၀၀၈ ခုနှစ်တွင် သီဆိုထုတ်လုပ်ခဲ့ရာအမေရိကန်ပြည်ထောင်စု၌ ၂၀၀၉ ခုနှစ်အတွင်းအရောင်းရဆုံးတေးအယ်လ်ဘမ်ဖြစ်လာခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ West Village အရပ်တွင် ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ် ပိုင်ဆိုင်ထားပြီး အငှားချထား လျက်ရှိသော နေအိမ်မှာ မူရင်းခေါ်ဈေးအောက် ထက်ဝက်နီးပါး လျှော့ချပေးလိုက်ပြီးနောက် ယခုအခါ ဝယ်လက်ရှာတွေ့ သွားပြီ ဖြစ်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တေလာဆွစ်ဖ်သည် West Village အရပ်၊ ကော်နီလီယာလမ်း၊ အမှတ် ၂၃ ရှိ နေအိမ်ကို အလွန်မြတ်နိုးပြီး ၂၀၁၆ ခုနှစ်တွင်မူ တစ်လ လျှင် ကန်ဒေါ်လာ ၃၉၅၀၀ ဖြင့် အငှားချထားခဲ့သည်။

နယူးယောက်မြို့၊ ထရိုင်ဘက်ကာအရပ်၊ ဖရန်ကင်လမ်းရှိ ကန်ဒေါ်လာ သန်း ၅၀ တန် နေအိမ်ကို တေလာဆွစ်ဖ်က ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေချိန်တွင် ယင်းသို့ အငှားချထားခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင်မူ ကန်ဒေါ်လာ ၂၄ ဒသမ ၅ သန်းဖြင့် စတင်အရောင်းဈေးကွက်ဝင်လာပြီး တေလာဆွစ်ဖ်ထံမှ ဝယ်ယူထားသည့် ဝယ်လက်က ပြန်လည်ရောင်းချခြင်းဖြစ်သည်။

အကျယ် ၂၁ ပေရှိပြီး အုတ်ဖြင့် ဆောက်လုပ်ထားသောနေအိမ်ဖြစ်ကာ ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်သည်။

အရောင်းအဝယ်ဖြစ်သွားသည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြစ်သည်ဟု ဆိုသည်။

ရောင်းချသူ ဒေးဗစ် အယ်လ်ဒီသည် အဆိုပါနေအိမ်ကို ၂၀၀၅ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသည့် အကျိုးဆောင်များမှာ Corcoran ကုမ္ပဏီမှ ဒီဘိုရာ ဂရပ်ဘ်မန်း၊ လောရင့်စ် ကာတီနှင့် မားကပ်စ် ဘန့်ခ်ျမိုင်ယာတို့ဖြစ်သည်။

ဒေးဗစ် အယ်လ်ဒီသည် ၎င်းပိုင်ဆိုင်ထားစဉ် နှစ်ကာလများအတွင်း နေအိမ်ကို ခေတ်မီမွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး သီးသန့်ဂိုထောင် တစ်လုံးနှင့် ရေကူးကန်တစ်ခုတို့ ထပ်မံထည့်သွင်းခဲ့သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၅၀၀ ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

ပုံမှန်ထက်ပိုမိုမြင့်မားသည့် မျက်နှာကြက်များ၊ မီးလင်းဖို ၃ ခု၊ သစ်မာသားကြမ်းခင်းများ နေအိမ်အတွင်း တွေ့ရသည်။

တေလာဆွစ်ဖ်နှင့် ပတ်သက်သည့် အိမ်ခြံမြေသတင်းများကို ယခင်ကလည်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ဖူးရာ အောက်ဖော်ပြပါ အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

(၁) https://www.imyanmarhouse.com/news/read/729744

(၂) https://www.imyanmarhouse.com/news/read/704667

(၃) https://www.imyanmarhouse.com/news/read/487324

(၄) https://www.imyanmarhouse.com/news/read/458247

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service