မန္တလေးမြို့ နေအိမ် စာရင်းများ ပြန်လည် ကောက်ယူမှု ၉၈ ရာခိုင်နှုန်း ပြီးစီး

မန္တလေးမြို့ နေအိမ် စာရင်းများ ပြန်လည် ကောက်ယူမှု ၉၈ ရာခိုင်နှုန်း ပြီးစီး - Property News in Myanmar from iMyanmarHouse.com
13 Mar 2019 12:25 pm တွင် တင်ခဲ့သည်
697 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ် စာရင်းများကို ပြန်လည် ကောက်ယူလျက် ရှိရာ ၉၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူမှုကို အခွန် ဌာန၊ စီမံဌာန၊ မြေယာ ဌာန၊ ရေသန့် ဌာန၊ အဆောက်အအုံ ဌာနတို့မှ တာဝန်ရှိ သူ များ ပါဝင်သည့် ပူးပေါင်း အဖွဲ့နှင့် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီကပြော သည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က “ ဘယ်လို စီမံကိန်းပဲ ရေးဆွဲရေးဆွဲ အခြေခံ အကျ ဆုံးနဲ့ မရှိမဖြစ် အဓိက လိုအပ်တာက မြို့ပြနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပါ။ အချက်အလက်တွေက ပြောင်းလဲလေ့ ရှိတော့ Up to date ဖြစ်ဖို့လည်း အရေးကြီးပါတယ်”ဟု ပြောဆိုသည်။

လက်ရှိ ကောက်ယူပြီးစီးသည့် မြို့နယ်များ အနေနှင့် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ပြည်ကြီး တံခွန်၊ ချမ်းမြ သာစည် မြို့နယ်တို့ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် နေအိမ် အများစုသည် ယခုအခါ ပြောင်းလဲ ဆောက်လုပ်ထားကြပြီး အခွန်ပေးဆောင်ရာတွင် ပြောင်းလဲ ဆောက်လုပ်ခြင်း မပြုခင်က နှုန်းထားများဖြင့်သာ ပေးဆောင်နေကြသည့် အတွက် အခွန်များ ဆုံးရှုံးမှု ရှိနေသဖြင့် အခွန်စံ နှုန်း ပြည့်မီစွာ ကောက်ခံနိုင်ရေးနှင့် ရရှိလာသော အချက်အလက်များကို အခြေခံ၍ အနာဂတ်စီမံကိန်းများ ရေးဆွဲနိုင်ရေး ရည်ရွယ်၍ နေအိမ်စာရင်းများ ပြန်လည်ကောက်ယူခြင်း လုပ်ငန်းကို လုပ်ဆောင်ခြင်းဟု သိရသည်။

ဦးကျော်ဇောအောင်က“အများဆုံး တွေ့နေရတာက စာရင်းမှာ ထရံကာကနေ လက်ရှိ မြေပြင်မှာတော့ နံကပ်၊ အာစီ၂ ထပ် တိုက်၊ ၃ ထပ်တိုက်အမျိုးအစား ဖြစ်နေတာမျိုးတွေကများပါတယ်။ အဆောက်အအုံတွေ အနေနဲ့ သူ့အမျိုးအစားနဲ့သူ သတ် မှတ် နှုန်းထားတွေရှိပါတယ်။ မြေပြင်မှာ ကောက်ခံနေတာတွေက ထရံကာဈေးနှုန်းတွေ ဖြစ်နေတဲ့အတွက် မြေပြင်မှာ ရှိနေ တဲ့ အဆောက်အအုံ အတိုင်း အခွန်ဆောင်လာအောင် တည့်မတ်ပေးခြင်းသာ ဖြစ်ပါတယ်”ဟု ဆက်လက် ပြောသည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အိမ်များအား နေအိမ် စာရင်း ပြန်လည် ကောက်ယူ ခြင်း လုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်က စတင် ကောက်ယူခဲ့ခြင်း ဖြစ်ရာ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက် အထိ ကောက်ယူခဲ့သည့် စာရင်းအရ နေအိမ်ပေါင်း ၂ သိန်း ၅ သောင်း ၆ ထောင်ကျော် (၂၅၆၈၀၅) ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က“မန္တလေး ၆ မြို့ နယ်မှာ မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ အချက်အလက်တွေကို ကောက်ယူခဲ့ရာမှာ ဥပမာ အနေနဲ့ အိမ်ထောင်စု ပေါင်း ၂၅၆၈၀၅ မှာ ဂရန် ရှိတာ ၉၁၂၆၇ နဲ့ ဂရန် မရှိတာ ၁၆၅၅၃၈ အိမ်ရှိတယ် ဆိုတော့ မရှိတာက ၆၄ ဒသမ ၄ ရာခိုင်နှုန်း အထိ ရှိနေတာကို တွေ့ရှိရပါတယ်  ” ဟု သူ၏ Facebook ၌ ပြောကြားထားသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် စည်ပင် နယ်နိမိတ် အတွင်းရှိ နေအိမ်များ အခွန်ကောက်ခံရာ တွင် ၆လလျှင် တကြိမ် ကောက်ခံနေခြင်းဖြစ်ရာ တကြိမ်နှင့်တကြိမ် ကောက်ခံမှုကြား၌ နေအိမ်တချို့သည် ပြင်ဆင်၊ အသစ် တည်ဆောက်ခြင်းများကို ခွင့်ပြုချက် မယူဘဲ ပြုလုပ်နေကြသည့် အတွက် သတ်မှတ် အခွန်စံနှုန်း အတိုင်း ပြည့်မီ စွာ မရရှိခြင်းကြောင့် အခွန် ဆုံးရှုံးမှု ရှိနေကြောင်း သိရသည်။

ဦးကျော်ဇောအောင်က“ယခင် နေအိမ်စာရင်းရှိက ၁သိန်း ၃ သောင်းကျော်ပဲ ရှိခဲ့တာပါ။ အခု စာရင်း ကောက်လိုက်တော့ ၂ သိန်း ၆ သောင်းနီးပါး ရှိနေတယ်။ အဲဒီတော့ စာရင်းရှိနဲ့ အရမ်း ကွာဟနေတော့ အခွန်စည်းကြပ်နိုင်ခြင်း မရှိတာက ပိုများ နေတယ်။ ဒါကြောင့် အဆောက်အအုံအလိုက် လက်ရှိ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားများ အတိုင်း ကောက်ခံနိုင်ခြင်း မရှိတော့ စည်ပင်အတွက်နစ်နာတယ်”ဟု ပြောသည်။

စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း၌ အဆောက်အအုံများ ပြောင်းလဲ ဆောက်လုပ်ရာတွင် ခွင့်ပြုချက်ယူ၍ ဆောက်လုပ်ရမည် ဖြစ်သော်လည်း မိမိ သေဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ မူလ ပိုင်ရှင်ထံမှတဆင့် ပြန်လည်ဝယ်ယူ၍ အိမ်များကို ပြောင်းလဲ ဆောက်လုပ်ကြသော်လည်း အမည်ပေါက် ပြောင်းလဲခြင်း မပြုလုပ်ကြသည့် အတွက်ကြောင့်လည်း အခွန်များ အလိုအလျောက် ဆုံးရှုံးနေကြောင်း သိရသည်။

မဟာအောင်မြေ မြို့နယ် မာလကာခြံ ရပ်ကွက်မှ ဦးစိုးတင့်က“ကျနော်တို့ဆီကို စည်ပင်ကနေ အိမ်ခွန်ဆိုပြီး ကောက်တာ ရှိ တယ်။ ၆ လခြားလောက် တခါ လာလာကောက်တယ်။ အဲဒါတွေ အပြင် ရေခွန် မီးခွန်လည်း ပေးဆောင်ရတာတွေ ရှိတယ်။ အိမ်ခွန်က တခါကောက်မှ ၁ သောင်းကျော်လေးပါ။ ကျနော့်အိမ်က အရင်က မြေစိုက်၂ ခန်း ပတ်လည်လေးပါ။ အခုတော့ ထရံကာ ၂ ထပ်ပြင်ဆောက်ထားတယ်။ ဒီတခါလာကောက်ရင်တော့ တိုးကောက်မယ်လို့တော့ ပြောသွားတယ်။ တလော ကလည်း စည်ပင်ကနေ စာရင်းတွေ လာကောက်သွားတာရှိတယ်”ဟု ပြောသည်။

ယခုအခါ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းများနှင့် ပြောင်းလဲ မှုများကို ပြုလုပ်လျက် ရှိပြီး လာမည့် ၂၀၂၀ ပြည့်နှစ် မကုန်မီ ပြီးစီးအောင် လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

 

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service