ပထမဆုံး American Business Corner ရုံးခန်း မန္တလေး၌ ဖွင့်လှစ်

ပထမဆုံး American Business Corner ရုံးခန်း မန္တလေး၌ ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
13 Mar 2019 10:08 am တွင် တင်ခဲ့သည်
1037 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန် ပြည်ထောင်စု၏ အမေရိကန် စီးပွားရေးကော်နာ (American Business Corner-ABC) ရုံးခန်းကို အာဆီယံနိုင်ငံများအတွင်း ပထမဆုံးအနေဖြင့် မန္တလေးမြို့ ရတနာပုံဈေး (၃၄ လမ်းနှင့် ၇၈ လမ်းထောင့်) ရှိ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး (MRCCI) တွင် မတ်လ ၁၂ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ယင်းရုံးမှတဆင့် မြန်မာနှင့် အမေရိကန်နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကို ကူညီချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ABC အနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ တီထွင်ဖန်တီးမှု၊ နည်းပညာပိုင်းဆိုင်ရာကဏ္ဍများတွင် အဓိကလုပ်ဆောင်မည်ဖြစ်ကြောင်း အာဆီယံစီးပွားရေးဆိုင်ရာကောင်စစ်ဝန် Mrs.Mergaret Hanson-Muse က ပြောကြားသည်။

“နှစ်နိုင်ငံကြားမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းလာအောင် ဆက်သွယ်ကူညီဆောင်ရွက်ပေးခြင်းဖြင့် နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုနဲ့ အမေရိကန်နဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်းဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Mr.Scot Marciel က ပြောကြားသည်။

ABC ရုံးခန်းကို မန္တလေးမြို့တွင် ဖွင့်လှစ်နိုင်ရန် MRCCI အသင်းရုံးသို့ ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက လာရောက်ဆွေးနွေးခဲ့ပြီး မန္တလေးတိုင်းတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ကောင်းမွန်သောနေရာ၊ နယ်ပယ်များရှိလာစေရန် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် နိုင်ငံတစ်ခုတည်းကို မမှီခိုလိုဘဲ နိုင်ငံပေါင်းများစွာရှိ စီးပွားရေးဈေးကွက်မြောက်မြားစွာအပေါ်တွင် မှီခိုရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“ABC (ရုံး) လာဖွင့်တာဟာ အမေရိကန်တစ်ခုတည်းတင်မဟုတ်ဘဲ တောင်အမေရိကတိုက်ကြီးတစ်ခုလုံးကို လှမ်းမျှော်ကြည့်ရပါမယ်”ဟု ၎င်းက ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စု၏ American Business Corner (ABC) ကို ၂၀၁၂ ခုနှစ်၌ အိန္ဒိယနိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံကို ပထမဆုံးရွေးချယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ABC ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...

နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service