ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် အရောင်းရဆုံး အမျိုးသမီးအဖွဲ့ဖြစ်သော Spice Girls အဖွဲ့မှ မယ်လာနီ ဘရောင်းက ကယ်လီဖိုးနီးယားပြည်နယ်ရှိနေအိမ်ကို အရောင်းဈေးကွက်တင်

ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် အရောင်းရဆုံး အမျိုးသမီးအဖွဲ့ဖြစ်သော Spice Girls အဖွဲ့မှ မယ်လာနီ ဘရောင်းက ကယ်လီဖိုးနီးယားပြည်နယ်ရှိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
7 Mar 2019 10:55 am တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

Spice Girls အဖွဲ့သည် မိန်းကလေးများဖြင့် ဖွဲ့စည်းထားသော အင်္ဂလိပ် ပေါ့ပ်တေးသံရှင်များအဖွဲ့ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

Spice Girls တွင် "Scary Spice" ဟု အမည်ပေးထားသော မယ်လာနီ ဘရောင်း၊ "Sporty Spice" ဟူသော nick name ဖြင့် မယ်လာနီ ချီဇင်မ်၊ "Baby Spice" ဟူသောအမည်ဖြင့် အင်မာ ဘန်တန်၊ "Ginger Spice" ဟူသည့် အမည်ဖြင့် ဂျဲရီ ဟားလဝယ်လ်၊ "Posh Spice" ဟူသော nick name ဖြင့် ဗစ်တိုးရီးယားဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ ဇနီး) တို့ ပါဝင်ဖွဲ့စည်းခဲ့ကြသည်။

၎င်းတို့၏ ပထမဆုံး ပွဲဦးထွက် ဆင်ဂယ်လ်ဓာတ်ပြားဖြစ်သော "Wannabe" ကို ၁၉၉၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် နံပါတ် ၁ အရောင်းရဆုံးအဖြစ် ရပ်တည်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုကို ရရှိခဲ့သည်။

ယင်းနောက် ပထမဆုံး ပွဲဦးထွက် တေးအယ်ဘယ်ဖြစ်သည့် Spice ကို ထုတ်လုပ်ခဲ့ရာ ကမ္ဘာတစ်ဝန်း ချပ်ရေ ၃၁ သန်းကျော် ရောင်းချခဲ့ရပြီး ကမ္ဘာ့ဂီတသမိုင်းတွင် အမျိုးသမီးအဖွဲ့တစ်ဖွဲ့၏ အရောင်းရဆုံးတေးအယ်လ်ဘမ်အဖြစ် စံချိန်တင်ခဲ့သည်။ ထို့နောက် ဆက်လက်ထုတ်လုပ်သည့် တေးအယ်လ်ဘမ်ဖြစ်သော Spiceworld သည် ကမ္ဘာတစ်ဝန်း ချပ်ရေ သန်း ၂၀ ကျော် ရောင်းချခဲ့ရသည်။

Spice Girls အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ ၈၅ သန်း ရောင်းချခဲ့ရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းရဆုံး အမျိုးသမီးအဖွဲ့၊ အရောင်းရဆုံး ပေါ့ပ်ဂီတအဖွဲ့၊ The Beatles နောက်ပိုင်းတွင် အအောင်မြင်ဆုံး ဗြိတိသျှ ပေါ့ပ်ဂီတအဖွဲ့အဖြစ် စံချိန်တင်ထားသည်။

ယခုအခါ Scary Spice ဟု ခေါ်ကြသော မယ်လာနီ ဘရောင်းက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၎င်း၏ နေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

မယ်လာနီ ဘရောင်း၏နေအိမ်မှာ ၄ ထပ်အဆောက်အအုံဖြစ်ပြီး ခင်ပွန်းဟောင်း ရုပ်ရှင်ဒါရိုက်တာ စတီဖင် ဘယ်လာဖွန်တီနှင့်အတူ ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၃၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ၅ နှစ်ကြာ ပူးတွဲပိုင်ဆိုင်ခဲ့ကြသည်။

အဆင့်မြင့်နည်းပညာများ အသုံးပြုထားသည့်နေအိမ်ဖြစ်ပြီး smart home system ကို ထည့်သွင်းထားရာ ပြတင်းလိုက်ကာများ၊ မီးများ၊ တေးဂီတဖွင့်လှစ်မှုများကို မိမိတို့၏ ဖုန်းဖြင့် တိုက်ရိုက်ထိန်းချုပ်လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

“လိုအပ်ချက်တွေအားလုံး ဖြည့်တင်းပေးထားတဲ့ လုံးဝအဆင့်မြင့်နေအိမ်ဖြစ်ပြီး မီးလင်းဖိုက မီးကိုတောင် အဝေးထိန်းစနစ်နဲ့ မီးမွှေးလို့ ရပါတယ်”ဟု ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေအကျိုးဆောင် ဘင် ဘီလက်ခ်က ပြောကြားသည်။

လုံခြုံရေးနှင့် ပတ်သက်သည့်ကိရိယာများလည်းတပ်ဆင်ပေးထားရာတွင် နေအိမ်ပတ်လည်၌ ရဲတပ်ဖွဲ့သို့ တိုက်ရိုက်အချက်ပေး ခေါ်ဆိုနိုင်သည့် အရေးပေါ်ခလုတ်များစွာ တပ်ဆင်ပေးထားသည်။

မယ်လာနီဘရောင်းနှင့် မစ္စတာ ဘီလာဖွန်တီတို့ ၂ ဦးလုံးမှာ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယခုနေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ရေပိုက်လိုင်းနှင့် လျှပ်စစ်မီးပိုင်း၊ အပူ- လေဝင်လေထွက်စနစ်နှင့် လေအေးပေးစနစ် (HVAC ) တို့လည်း အပါအဝင်ဖြစ်သည်။

မယ်လာနီ ဘရောင်းသည် လာမည့်မေလတွင် Spice Girls အဖွဲ့ ပြန်လည်ပေါင်းထုပ်ကာ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲများ ထွက်ရှိမည့် ခရီးစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service