ရန်ကုန်မြို့ရှိ အိမ်ရာ ၅၀ ရာခိုင်နှုန်း သဘာဝဘေးဒဏ် ခံနိုင်ရည်မရှိဟုဆို

ရန်ကုန်မြို့ရှိ အိမ်ရာ ၅၀ ရာခိုင်နှုန်း သဘာဝဘေးဒဏ် ခံနိုင်ရည်မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 11:41 am တွင် တင်ခဲ့သည်
1145 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ရှိ အိမ်ရာ ၅၀ ရာခိုင်နှုန်းခန့်သည် သဘာဝ ဘေးဒဏ်ခံနိုင်ရည်မရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

သဘာဝဘေးအန္တရာယ် တစ်မျိုးမျိုး ကြုံတွေ့မည်ဆိုပါက မြို့ နေထိုင်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနိုင်သည်ဟု ၎င်းက ဆိုသည်။ ၂၀၁၄ သန်း ခေါင်စာရင်းအရ ရန်ကုန်မြို့ နေ ထိုင်သူများ၏ အိမ်ရာစုစုပေါင်း တွင် ၂၅ ရာခိုင်နှုန်းသည် စံချိန်မီ တည်ဆောက်ထားသည်ဟု ၎င်း က ဆိုသည်။ ထို့အပြင် မိသားစု ပေါင်း တစ်သိန်းခွဲ၊ လူဦးရေ ငါး သိန်းခန့်ကလည်း ကျူးကျော်တဲ များတွင် နေထိုင်နေရသည်ဟု ဦးမြင့်နိုင်က ယမန်နေ့တွင် ဖွင့် လှစ်သည့် ရန်ကုန်မြို့ပြ ပြခန်းဖွင့် ပွဲ၌ ပြောသည်။

‘‘ ဒါက ပကတိအခြေအနေ မှန်ပါပဲ ’’ဟု ဦးမြင့်နိုင်က ဆိုသည်။ထိုအခြေအနေများကို ကျော်လွှား နိုင်ရန် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေး တိုင်းအစိုးရက ကာလလတ်မူဝါဒသုံးရပ် ချမှတ်ထားသည်။ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ပိုမိုထုတ်လုပ်နိုင်ရေး၊ အိမ်ရာကဏ္ဍအတွက် အာမခံချက်ရှိသည့် ဘဏ္ဍာရေးတစ်ရပ် ထူထောင်နိုင်ရေး၊ အိမ်ရာကဏ္ဍလိုအပ်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးတို့ကို ဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်တိုင်းတွင် အိမ်ရာ လိုအပ်ချက် ကြီးမားပြီး ထုတ်လုပ် နိုင်မှုပမာဏ နည်းပါးသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ရန်ကုန် မြို့အိမ်ရာအခြေအနေစစ်တမ်း တွင် ဖော်ပြထားသည်။ တိုင်း အစိုးရနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၏ တောင်းဆိုချက် အရ အာရှဖွံ့ဖြိုးရေးဘဏ်က ယင်းစစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အိမ်ခြံမြေနှင့် ပတ်သက်သည့် ဥပဒေများ ရှုပ်ထွေးမှု၊ အိမ်ရာကဏ္ဍသို့ ဘဏ္ဍာငွေကြေး စီးဆင်းမှု အားနည်းချက်၊ အိမ်ရာ နှင့် ပတ်သက်သော သတင်းအချက်အလက်များ မရှိခြင်း အခြေ အနေမျိုးကို ရန်ကုန်မြို့တွင် ကြုံ တွေ့နေရသည်ဟု ဆိုထားသည်။

အရပ်သား အစိုးရလက်ထက်တွင် တည်ဆောက်သည့် အဆောက်အအုံအချို့၌ သဘာဝ ဘေးတွက်ချက်ပြီး တည်ဆောက် မှုများလည်းရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့က ပြောသည်။ သို့သော် ၂၀၁၀မတိုင်မီက တည်ဆောက်ခဲ့သည့်အိမ်ရာအချို့တွင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ကို ထည့်သွင်းတွက်ချက် တည်ဆောက်မှုနည်းခဲ့ကြောင်း ကန်ထရိုက်တာတစ်ဦး က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service