အိန္ဒိယ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်တွင် ပြည်ပဝယ်လက်များ စံချိန်တင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်

အိန္ဒိယ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်တွင် ပြည်ပဝယ်လက်များ စံချိန်တင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
22 Feb 2019 12:30 pm တွင် တင်ခဲ့သည်
757 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး စီးပွားရေးတိုးတက်လာနေသော အိန္ဒိယနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်တွင် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတို့သည် ပြီးခဲ့သောနှစ်အတွင်း စံချိန်တင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း ဘလွန်းဘာ့ဂ်ျသတင်းတစ်ရပ်တွင် ဖော်ပြသည်။

“ပြည်ပဝယ်လက်တွေဟာ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယအိမ်ခြံမြေလောကမှာ ရောင်းချခဲ့တဲ့ အိမ်ခြံမြေတွေရဲ့ ၆၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြတယ်။

ဒါဟာ ဒေသတွင်း ပျှမ်းမျှနှုန်းထက် သာလွန်နေတဲ့ ပမာဏဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဟာ ကမ္ဘာလုံးဆိုင်ရာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ အစိတ်အပိုင်းတစ်ခုအဖြစ် တိုးတက်လာနေတာကို ပြသနေတဲ့အချက်လည်း ဖြစ်ပါတယ်”ဟု Asia-Pacific analytics မှ စီနီယာ ဒါရိုက်တာတစ်ဦးဖြစ်သူ ပီထရာ ဘလက်ဇ်ကိုဗာက ပြောကြားသည်။

အိန္ဒိယ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ် ၄ ရာခိုင်နှုန်း မြင့်တက်နေပြီး ပြီးခဲ့သော ၂၀၁၈ ခုနှစ်မှာမူ သမိုင်းတစ်လျှောက်အမြင့်မားဆုံးဖြစ်ခဲ့ပြီး ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖိုးအထိ ရှိခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများဖြစ်သော Blackstone, The Xander Group, Brookfeld AM နှင့် CPPIB ကုမ္ပဏီများ၊ အာရှ ဝယ်လက်များဖြစ်သော Mapletree Investments နှင့် GIC တို့သည် ဈေးကွက်ချဲ့ထွင်မှုများ ပြုလုပ်လာလျက်ရှိနေကြသည်။ မွန်ဘိုင်း၊ ဘန်ဂါလူရူနှင့် ချန်းနိုင်းတို့သည် နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများကြောင့် များစွာအကျိုးရှိနေသည်။”ဟု ‘Asia Pacific Capital Trends’ အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြသည်။

အိန္ဒိယ၏ ဘဏ္ဍာရေးမြို့တော်ဖြစ်သော မွန်ဘိုင်းတွင် ပြီးခဲ့သောနှစ်အတွင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေ ရောင်းချရမှုမှာ ၇ ဆခန့် မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံဖိုးအထိ ရောင်းချခဲ့ရသည်။

ထို့ကြောင့်ပင် အိန္ဒိယ၏ သက်ဝင်လှုပ်ရှားမှုအရှိဆုံးမြို့ကြီးများစာရင်းတွင် မွန်ဘိုင်းသည် ၂၀၁၇ ခုနှစ်က ၅၃ နေရာတွင်သာ ရပ်တည်ခဲ့ရာမှ ၂၀၁၈ တွင် နံပါတ် ၁၅ နေရာအထိ ရောက်ရှိလာသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service