၆ နှစ်အတွင်း စင်္ကာပူနိုင်ငံသား ၃,၅၀၀ ခန့် အိမ်ငှားဘဝမှ အိမ်ပိုင်ရှင် ဖြစ်လာ

၆ နှစ်အတွင်း စင်္ကာပူနိုင်ငံသား ၃,၅၀၀ ခန့် အိမ်ငှားဘဝမှ အိမ်ပိုင်ရှင် ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 9:52 am တွင် တင်ခဲ့သည်
997 ကြိမ် ကြည့်ရှု့ပြီး

ပုံပါတိုက်ခန်းများအားငှားရမ်းနေထိုင်ခဲ့သူများသည် အိမ်ရာနှင့်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ Housing and Development Board (HDB) ၏ အိမ်ရာထောက်ပံ့ငွေအကူအညီဖြင့် အိမ်သစ်များဝယ်ယူနိုင်ခဲ့ကြကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ၂၀၁၈ ခုနှစ်အတောအတွင်း သူတို့၏ပထမဆုံးနေအိမ်ကို ဝယ်ယူနိုင်ခဲ့သည့်အိမ်ငှားဦးရေ ၃,၅၀၀ ခန့်ရှိပြီဖြစ်ကြောင်း၊ သူတို့အနက် ၂,၀၀၀ ခန့်မှာ သူတို့ပိုင်အိမ်ခန်းသစ်ဆီ ပြောင်းရွှေ့ပြီးဖြစ်ကြောင်း The New Paper စင်္ကာပူသတင်းစာက HDB ထုတ်ပြန်ချက်တစ်ရပ်အား ကိုးကား၍ ဖော်ပြခဲ့သည်။

သူတို့သည် အိုးအိမ်ဘုတ်အဖွဲ့မှ ချေးငွေ စင်္ကာပူဒေါ်လာ တစ်သိန်းနှင့် အိမ်ရာထောက်ပံ့ငွေ စင်္ကာပူဒေါ်လာ ခုနစ်သောင်းအကူအညီဖြင့် တိုက်ခန်းဝယ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

တစ်နှစ်လျှင် အိမ်ငှားဦးရေ ပျမ်းမျှ ၆၀၀ ဝန်းကျင်သည် အိမ်ပိုင်ရှင်များ ဖြစ်လာခဲ့ကြကြောင်း HDB က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်ခြောက်နှစ်အတွင်း အိမ်ဝယ်နိုင်ခဲ့သည့် ထို ၃,၅၀၀ ဦးအနက် ၂၈ ရာခိုင်နှုန်းက အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းများအား ဝယ်ယူခဲ့ကြခြင်းဖြစ်ပြီး ၄၇ ရာခိုင်နှုန်းက အိပ်ခန်းသုံးခန်းပါတိုက်ခန်းများအား ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

HDB တိုက်ခန်းဆိုသည်မှာ HDB ၏ စီမံမှုအောက် ၉၉ နှစ်အတွက်သာ ယာယီအငှားချသော စင်္ကာပူပြည်သူ့အိမ်ရာများမှ တိုက်ခန်းများ ဖြစ်သည်။

၇၂ ရာခိုင်နှုန်းဝန်းကျင်က အထူးထောက်ပံ့ကြေး သို့မဟုတ် ထပ်ဆောင်းထောက်ပံ့ကြေး သို့မဟုတ် ယင်းထောက်ပံ့ကြေးနှစ်မျိုးစလုံးဖြင့် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

ုစင်္ကာပူတွင် HDB မှ တိုက်ခန်းတစ်ခန်းအား ပထမဆုံးအကြိမ်ဝယ်ယူသူသည် အထူးထောက်ပံ့ကြေး (စင်္ကာပူဒေါ်လာလေးသောင်းအထိ) နှင့် ထပ်ဆောင်းထောက်ပံ့ကြေး (စင်္ကာပူဒေါ်လာလေးသောင်းအထိ) စုစုပေါင်း စင်္ကာပူဒေါ်လာရှစ်သောင်းအထိ ခံစားခွင့်ရှိသည်။

ပြန်လည်ရောင်းချသောတိုက်ခန်းအား ဝယ်ယူပါက စုစုပေါင်းထောက်ပံ့ကြေး စင်္ကာပူဒေါ်လာတစ်သိန်းတစ်သောင်းအထိ ရရှိနိုင်ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service