ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့တွင်း မိုးပျံရထားလမ်း စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတစ်ခုက လွှတ်တော်ကိုယ်စားလှယ်အား လာရောက်ရှင်းပြ

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့တွင်း မိုးပျံရထားလမ်း စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတစ်ခုက လွှတ်တော်ကိုယ်စားလှယ်အား လာရောက်ရှင်းပြ - Property News in Myanmar from iMyanmarHouse.com
15 Jan 2019 11:08 am တွင် တင်ခဲ့သည်
737 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့တွင်း မိုးပျံရထားလမ်း စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတစ်ခုက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီ ၁၄ ရက်က လာရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ဆောင်ရွက်မည့် မိုးပျံရထားစီမံကိန်းအတွက် အမှတ်(၂) တရုတ်နိုင်ငံ မီးရထားအင်ဂျင်နီယာကုမ္ပဏီ (CREEC) က မိုးပျံရထားလမ်း ဆောင်ရွက်မည့် အကြောင်းအရာများကို လွှတ်တော်ကိုယ်စားလှယ်များအား ပထမအကြိမ် လာရောက် ရှင်းလင်းခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

“တရုတ်အစိုးရ လက်အောက်မှာရှိတဲ့ CREEC ဆိုတဲ့ ကုမ္ပဏီက လာရှင်းတာပါ။ JICA နဲ့ မီးရထားလမ်း အဆင်မြင့် ဆောင်ရွက်နေတဲ့ဟာက အများကြီးလူတွေကို သယ်ယူပို့ဆောင်ပေးနိုင်မှာ သိပ်မဟုတ်ဘူး။ အခု တရုတ်ကုမ္ပဏီက မိုးပျံရထားကို လျှပ်စစ် အသုံးပြုပြီးတော့ ဆောင်ရွက်မယ်ဆိုရင် တစ်ရက်ကို လူဦးရေ လေးသိန်းလောက် သယ်ယူ ပို့ဆောင်လုပ်ပေးနိုင်မယ်။ အခု အစ်ကိုတို့ဆီမှာ ခုနစ်သောင်းလောက်ပဲ လုပ်ပေးနိုင်တယ်။ JICA နဲ့ ဆောင်ရွက်ပြီးလို့ရှိရင်လည်း ကိုးသောင်းလောက်ပဲ ဆောင်ရွက်ပေးနိုင်မယ်။ ဒီအတွက် ဒီမှာရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်စေချင်တယ်။ တိုင်းအစိုးရ လိုချင်တဲ့ဟာတွေကို သူတို့ကုမ္ပဏီဘက်က အကုန်လုံး လုပ်ပေးနိုင်တယ်။ ငွေလည်း ချေးစရာမလိုဘူး။ သူတို့ ရင်းနှီးမြှုပ်နှံမှုနဲ့ပဲ လုပ်မယ်။ တိုင်းအစိုးရက ငွေလည်း မစိုက်ရဘူး။ ငွေလည်း မချေးရဘူး။ ဒါမျိုးတွေ ဆောင်ရွက်မယ်ဆိုတော့ လွှတ်တော်ရဲ့ သဘောထားလေး လာမေးတာပါ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ထို့ပြင် မိုးပျံရထားလမ်း၏ ခရီးအကွာအဝေးမှာ ၃၇ ဒသမ ၉ ကီလိုမီတာ ရှိမည်ဖြစ်ပြီး ပထမလမ်းကြောင်းအနေဖြင့် ကြည့်မြင်တိုင်မြို့နယ်မှ မင်္ဂလာဒုံမြို့နယ်၊ ဒုတိယလမ်းကြောင်းမှာ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖြစ်ကြောင်း၊ အမြန်နှုန်း အနေဖြင့် တစ်နာရီ ၈၀ ကီလိုနှုန်း မောင်းနှင်နိုင်ပြီး အသံဆူညံမှုမရှိဘဲ ရန်ကုန်မြို့နှင့် ကိုက်ညီသည့်ဒီဇိုင်း တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ ရထားခအနေဖြင့် တစ်ဦးလျှင် ပျမ်းမျှ ကျပ် ၅၀၀ သတ်မှတ်ပြီး သံဃာတော်များ၊ သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်းများကို အခမဲ့ စီးနင်းခွင့်ပြုမည် ဖြစ်ကြောင်းနှင့် စီမံကိန်းဆောင်ရွက်ခွင့်ရပါက သုံးနှစ်အတွင်း အပြီးဆောင်ရွက်နိုင်သည်ကို ကုမ္ပဏီဘက်မှ ရှင်းလင်းခဲ့ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုကျတော့ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံလောက် ရှိမယ်။ တစ်ကီလိုမီတာကို ကုန်ကျစရိတ်က ဒေါ်လာ သန်း ၄၀ လောက် ကုန်မယ်” ဟု ဦးသန်းနိုင်ဦး က ပြော ကြားသည်။

ရင်းနှီးမြှုပ်နှံပုံစံအနေဖြင့် PPP+ Finance နှင့် BOT ပုံစံတို့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီဘက်က တောင်းဆိုချက်အနေဖြင့် မြို့တွင်းရှိ အခြား လမ်းပန်းဆက်သွယ်ရေးများနှင့် အလွယ်တကူ ချိတ်ဆက်ရန်နှင့် ဘူတာရုံများ ဆောက်လုပ်မည့်အကြောင်းအရာကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးရာတွင် ကုမ္ပဏီဘက်မှ တင်ပြသည့် Alternative way ပုံစံအတိုင်း မဆောင်ရွက်ဘဲ မူလ မြို့ပတ်ရထားလမ်းအပေါ်မှ မိုးပျံရထားလမ်း စီမံကိန်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

“သူတို့တင်ပြတဲ့ Alternative way ကို လက်မခံဘူး။ မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ မြေနေရာအသစ်တွေပေါ်မှာ ဆောင် ရွက်ရမယ်။ ဆောင်ရွက်မယ့် ဘူတာတွေက ကြည့်မြင်တိုင်ကနေ မင်္ဂလာဒုံအထိဆိုရင် ၂၄ ဘူတာရှိမယ်။ ဘူတာတိုင်းမှာ အနည်းဆုံး မြေတစ်ဧကနေ နှစ်ဧကလောက် လိုမယ်။ အဲဒါမျိုးမှာ မြေပိုင်ဆိုင်မှုမှာ ပြဿနာရှိနိုင်တယ်လေ။ မြေကိုရှင်းလင်းရာမှာ ပြဿနာရှိနိုင်တယ်။ ယနေ့တိုင်လည်း ရန်ကုန်တိုင်းအစိုးရက မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လာရင် လင်းရှင်းတာက အရမ်းကြန့်ကြာတာ အများကြီးရှိတော့ ဒါတွေ ဆွေးနွေးလို့ရှိရင် သူတို့ပြောတဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်း ပြီးမှာ မဟုတ်ဘူး။အဲဒီတော့ မူလ မြို့ပတ်ရထားလမ်း အပေါ်ကနေပဲ မိုးပျံရထားလမ်း စီမံကိန်းကို လုပ်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ အဲဒီအတိုင်းလည်း အစ်ကိုတို့ လုပ်စေချင်တယ်။ ရထားလမ်းရဲ့ ဝဲယာနှစ်ဖက်မှာက ပေ ၅၀ လောက် မီးရထားလမ်းပိုင်မြေတွေ ရှိတယ်။ အဲဒါဆိုရင် အငြင်းပွားမှု သိပ်မဖြစ်ဘူး။ အခြေခံအဆောက်အအုံတွေ လုပ်လို့ရမယ်။ ဘူတာတွေ လုပ်လို့ရမယ်။ အနီးက လူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရမယ်။ အဲဒါမျိုးတွေတော့ ပြန်ပြီး ဆွေးနွေးခဲ့တယ်”ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

ကုမ္ပဏီအနေဖြင့် မိုးပျံရထားလမ်း စီမံကိန်းဆောင်ရွက်မည့် သတင်းအချက်အလက်ကို လွှတ်တော် ကိုယ်စားလှယ်များထံ တင်ပြခြင်းဖြစ်ပြီး၊ NLD ပါတီ၏ စီးပွားရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရထံတို့ကို ဆက်တင်ပြမည်ဖြစ်ပြီး သဘောတူညီမှုရရှိပါက ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service