ကချင်ပြည်နယ်တွင် စီးပွားရေးဇုန်တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် အကျိုးတူပူးပေါင်းမည့် ကုမ္ပဏီထူထောင်

ကချင်ပြည်နယ်တွင် စီးပွားရေးဇုန်တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် အကျိုးတူပူးပေါင်းမည့် ကုမ္ပဏီထူထောင် - Property News in Myanmar from iMyanmarHouse.com
15 Jan 2019 10:37 am တွင် တင်ခဲ့သည်
1194 ကြိမ် ကြည့်ရှု့ပြီး

ကချင်ပြည်နယ်တွင် စီး ပွားရေးဇုန်တစ်ခုတည်ဆောက်ရန် ကချင်ပြည်နယ် အစိုးရက ကမ်းလှမ်းထား၍ ပြည်နယ်အစိုးရနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်မည့် ကုမ္ပဏီ ထူထောင်ခဲ့ ကြောင်း သီလ၀ါအထူးစီးပွားရေး ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ဇန်န၀ါရီ ၁၂ ရက်တွင် ပြောသည်။

MTSH ကုမ္ပဏီသည် သီလ၀ါအထူးစီးပွားရေးဇုန်ကို မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ခွင့် ရသည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်၍ ရှယ်ယာ ရှင် ၁၇,၀၀၀ ကျော် ရှိသည်။

‘‘နိုင်ငံအတွက် အထူးလိုအပ်တဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းတွေ မှာ ၀င်ရောက်ပြီး လုပ်ဆောင်သွားမယ်။ အတွေ့အကြုံကိုအကျိုးရှိအောင် အသုံးချသွားမယ်။ နိုင်ငံ တော်ရော အကျိုးရှိမယ်။ ရှယ်ယာရှင်လည်း အကျိုးရှိမယ်’’ဟု ဦးဝင်းအောင်က MTSH ၏ ၂၀၁၉နှစ်ကူးညစာစားပွဲတွင် ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းတည်ထောင်ရန် အကျိုးဖြစ်ထွန်းမှုနှင့် စီးပွားရေးအရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာမည်ဟု ကုမ္ပဏီက ၂၀၁၈ အတွင်း ကြေညာခဲ့သည်။

မြေဧက ၄,၇၀၀ အကျယ် တွင် အကောင်အထည်ဖော်မည့် ‘ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးစီမံကိန်း’ ဟု အမည်ပေးထားသော စက်မှုဇုန်ကိုထူထောင်ရန် ကချင်ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်ထိန်ချုံးဟိန်ရုန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်တို့သည် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနားလည်မှု စာချွန်လွှာကို ၂၀၁၈ မေလ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းတွင် အပိုင်းသုံးပိုင်း ပါဝင်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း (၁)တွင် လယ်ယာထွက်ကုန်များ ကို တန်ဖိုးမြင့်ထွက်ကုန်များအဖြစ်အဆင့်မြှင့်တင်ပြီး ပြည်တွင်း နှင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်ဖြစ် ကြောင်း ကချင်ပြည်နယ်အစိုးရ က ပြောကြားထားသည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် ပြည်နယ်အစိုးရ က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ရန် စီစဉ်ထားသည်။

ကချင်ပြည်နယ်တွင် စက်မှုဇုန်တစ်ခု မဖြစ်မနေလိုအပ်နေ ပြီး ယခင်အစိုးရ လက်ထက်၌ ၀ိုင်းမော်မြို့တွင် အကောင်အထည်ဖော်ရန် စီစဉ်သော်လည်း မအောင်မြင်ခဲ့ဟု မြစ်ကြီးနားမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service