ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အသုံးပြုမည့် ဂျပန်နိုင်ငံမှ ရထားသံလမ်းများ လာမည့် ဧပြီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အသုံးပြုမည့် ဂျပန်နိုင်ငံမှ ရထားသံလမ်းများ လာမည့် ဧပြီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် - Property News in Myanmar from iMyanmarHouse.com
9 Jan 2019 10:27 am တွင် တင်ခဲ့သည်
3579 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အသုံးပြုမည့် ဂျပန်နိုင်ငံမှ ရထားသံလမ်းများ လာမည့် ဧပြီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

“အခုလောလောဆယ်တော့ သံလမ်းတွေ မရောက်သေးတဲ့အတွက် မြန်မာ့မီးရထားက ဆောင်ရွက်ထားရမယ့် အကြိုအင်ဂျင်နီယာ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်။ ရထားသံလမ်းတွေ ရောက်ရှိလာတာနဲ့ ရထားလမ်း အဆင့်မြှင့်တင်မှုကို စတင်မှာပါ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း (အဆင့်-၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ၁၆၆ မိုင်အား ၂၀၁၈ ခုနှစ် နိုဝင်ဘာက တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေပြီး၊ သံလမ်းများ ရောက်ရှိသည်နှင့် ရထားလမ်း အဆင့်မြှင့်တင်မှုအား စတင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အပိုင်း-၂) ဖြစ်သည့် တောင်ငူ-မန္တလေး လမ်းပိုင်း ၂၁၉ မိုင်အား အဆင့်မြှင့်တင်နိုင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၉ တွင် စတင်မည် ဖြစ်သည်။

အဆိုပါ တောင်ငူ-မန္တလေး လမ်းပိုင်း ၂၁၉ မိုင် အဆင့်မြှင့်တင်မှုအား ၂၀၁၉ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) ညောင်လေးပင်-တောင်ငူ ရထားလမ်းပိုင်းအကြား သံလမ်းနှင့် အချက်ပြလုပ်ငန်း တပ်ဆင်ခြင်း လုပ်ငန်းများအား နိုဝင်ဘာ ၁၁ ရက်၊ ညနေ ၃ နာရီက ညောင်လေးပင် ဘူတာရုံ၌ စတင် ဆောင်ရွက်ခဲ့သည်။

ယခု စတင်ဆောင်ရွက်သည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်-၁ အား အပိုင်း သုံးပိုင်းခွဲခြား ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပဲခူး-ညောင်လေးလမ်းပိုင်းနှင့် ညောင်လေးပင်-တောင်ငူ လမ်းပိုင်းတို့အား စာချုပ် ချုပ်ဆိုပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

“ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အဆင့်-၁) ကို အပိုင်း သုံးပိုင်းနဲ့ ဆောင်ရွက်တဲ့နေရာမှာ ပဲခူး-ညောင်လေးပင်လမ်းပိုင်းနှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်းတို့အား စာချုပ် ချုပ်ဆိုပြီး ဖြစ်လို့ လုပ်ငန်းစတင်တာ ဖြစ်ပါတယ်။ အခု စတင်ချိန်မှာတော့ ပစ္စည်းစုဆောင်းတာနဲ့ ဆိုက်ရုံး တည်ဆောက်တာ စတဲ့ အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေကို စတင် လုပ်ဆောင်နေတာပေါ့။ စီမံကိန်းကာလက လေးနှစ်ဖြစ်တဲ့အတွက် နောက်ကျန်တဲ့ သုံးနှစ်ကို သုံးပိုင်း ခွဲခြား ဆောင်ရွက်သွားမှာပါ။ (အပိုင်း-၂) ဖြစ်တဲ့ တောင်ငူ-မန္တလေး လမ်းပိုင်း ၂၁၉ မိုင် အဆင့်မြှင့်တင်မှုကိုတော့ ၂၀၁၉ မှာ စတင်မှာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးမင်းချမ်းမွန်က The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ၂ ဒသမ ၇ ဘီလျံ သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ် လုပ်ဆောင်သွားရန် ကနဦး လျာထားသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ သယ်ယူပို့ဆောင်ရေးအနေနှင့် အမြန်ရထား ခြောက်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-နေပြည်တော် အစုန်အဆန် လေးစင်းတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Credit:   Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service