Moonstruck ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်မင်းသမီး၊ အဆိုတော် ရှားက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချ

Moonstruck ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်မင်းသမီး၊ အဆိုတော် ရှားက လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
7 Jan 2019 1:07 pm တွင် တင်ခဲ့သည်
762 ကြိမ် ကြည့်ရှု့ပြီး

Moonstruck ဇာတ်ကားဖြင့် အော်စကာဆုရခဲ့သူ အမေရိကန်မင်းသမီး၊ အဆိုတော် ရှားသည် လော့စ်အိန်ဂျလိမြို့ရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချလိုက်သည်။

ငယ်မည်မှာ ရှယ်ရီလင်း ဆာကီးဇီယမ်ဖြစ်ပြီး ၁၉၄၆ ခုနှစ်၊ မေလ ၂၀ ရက်တွင် မွေးဖွားသည်။

ရှားသည် အနုပညာနယ်စုံတွင် ထူးချွန်ခဲ့သူတစ်ဦးဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ တေးရေး၊ စာရေးဆရာမ၊ ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်ဘဝမျိုးစုံတွင် ကျင်လည်အောင်မြင်ခဲ့သူ ဖြစ်သည်။

တေးဂီတဘက်တွင် ဂရမ်မီဆု၊ အင်မီဆုများရရှိခဲ့သကဲ့သို့ ရုပ်ရှင်ဘက်တွင်လည်း အော်စကာဆု ၁ ခု၊ ရွှေကမ္ဘာလုံးဆု ၃ ခုနှင့် ကိန်းရုပ်ရှင်ပွဲတော်ဆု ၁ ခု ရရှိခဲ့သည်အထိ အောင်မြင်ခဲ့သည်။

စီးပွားရေးအရ ၁၉၉၈ ခုနှစ်တွင် ထွက်ရှိခဲ့သော Believe အမည်ရှိ ဆင်ဂယ်အယ်လ်ဘမ်မှာ ဗြိတိန်သမိုင်းတစ်လျှောက် အရောင်းရဆုံး အမျိုးသမီးတေးအယ်လ်ဘမ်အဖြစ် စံချိန်တင်ထားသည်။

ရှားသည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီးဖြစ်ရာ သမိုင်းတစ်လျှောက် အရောင်းရဆုံး ဂီတပညာရှင်များစာရင်းတွင် တစ်ဦးအပါအဝင်လည်း ဖြစ်သည်။

ယခုရောင်းချလိုက်သောနေအိမ်မှာ ရှားအနေဖြင့် တခါတရံလာရောက်အပန်းဖြေလေ့ရှိသည့်နေအိမ်သာဖြစ်ပြီး အိပ်ခန်း ၄ ခန်း ပါဝင်သည်။

တူးဒေါ် ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကမ္ဘာကျော်တို့အခြေချရာ Coldwater Canyon အရပ်တွင် တည်ရှိသည်။

ရှားက ယခုနေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၀၇၃ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

ယခုရောင်းဈေးအရ ရှားအတွက် အနည်းငယ်အရှုံးပေါ်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၂ ဒသမ ၁၂၅ သန်း ပေးခဲ့ရခြင်းကြောင့် ဖြစ်သည်။

ဝယ်လက်မည်သူဖြစ်သည်ကိုမူ မသိရသေးချေ။

ယင်းနေအိမ်သည် နာမည်ကျော်တို့ နှစ်သက်သည့်နေရာတစ်ခုဖြစ်နေသည်ကား အံ့အားသင့်ဖွယ်မဟုတ်ချေ။

နေအိမ်တည်ရှိရာ ဧကဝက် မြေ၏  အရပ် ၃ မျက်နှာတွင် လူမရှိသော မြေနေရာများဝန်းပတ်ထားရာ ယခုနေအိမ်ပိုင်ရှင်များအတွက် privacy ဖြစ်မှု ရရှိစေသည်။

ကျွန်းကို အဓိကအသုံးပြုကာ ၁၉၅၇ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားခဲ့ကာ Hilton & Hyland ကုမ္ပဏီမှတစ်ဆင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၃၀၀၀ ရှိပြီး အိမ်ပြင်ပတွင် ပန်းဥယျာဉ်၊ ရေကန်၊ အိမ်တွင်းတွင် မြင့်မားသော မျက်နှာကျက်များ၊ သစ်မာသားကြမ်းခင်းများတွေ့ရမည်ဖြစ်ပြီး Master Bedroom တွင် မီးလင်းဖို ၂ ခု ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service