စင်္ကာပူတွင် အိမ်ခြံမြေလေလံပွဲများမှ ရောင်းအား ၇ နှစ်ဆက်တိုက် ကျဆင်း

စင်္ကာပူတွင် အိမ်ခြံမြေလေလံပွဲများမှ ရောင်းအား ၇ နှစ်ဆက်တိုက် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
2 Jan 2019 12:57 pm တွင် တင်ခဲ့သည်
1040 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် ၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူအိမ်ခြံမြေလေလံပွဲများ၌ စုစုပေါင်း ရောင်းအားသည် ၂၀၁၇ ခုနှစ်အောက် ထက်ဝက်နီးပါး သိသိသာသာပင် လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း စင်္ကာပူအိမ်ခြံမြေလေလံပွဲများ၌ စုစုပေါင်းရောင်းအားတန်ဖိုး သည် ၂၀၁၇ ခုနှစ်အောက် ထက်ဝက်နီးပါး လျော့နည်းခဲ့ပြီး ကိန်းဂဏန်းအားဖြင့် စင်္ကာပူဒေါ်လာ ၁၀၁ ဒသမ ၅ သန်းမှ ၅၄ ဒသမ ၁၂ သန်းသို့ ကျဆင်းခဲ့ကြောင်း၊ ယင်းသည် ၂၀၁၂ ခုနှစ်ကတည်းက အနိမ့်ဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု

စီမံခန့်ခွဲရေးကုမ္ပဏီ JLL ၏ အစီရင်ခံစာအသစ်တစ်ရပ်က ဖော်ပြခဲ့သည်။

"ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်း သစ်တွေက ဝယ်လက်တွေကို ဘေးမှာဆက်ထိုင်စေလိုက်ပါတယ်။ အထူးသဖြင့် ၂၀၁၈ ဒုတိယနှစ်ဝက်မှာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေက တခြားဈေးကွက်တွေထက် လူနေအိမ်ခြံမြေဈေးကွက်ကို သိသိသာသာသက်ရောက်မှုရှိစေပါတယ်" ဟု JLL ၏ လေလံပွဲနှင့်ရောင်းအားကဏ္ဍဆိုင်ရာ ခေါင်းဆောင် Mok Sze Sze က ပြောကြားခဲ့သည်။

အကြွေးစနစ်ဖြင့် ရောင်းချထားခဲ့ပြီး အကြွေးပြန်မဆပ်နိုင်သဖြင့် ပြန်လည်သိမ်းယူရသော အိမ်ခြံမြေများ ဈေးကွက်ထဲသို့ ၂၀၁၉ ခုနှစ်အတွင်း ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ပမာဏအားဖြင့် ၂၀၁၈ ခုနှစ်ထက် ၂၀၁၉ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား များပြားလာနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း လေလံတင်ရောင်းခဲ့သည့် အိမ်ခြံမြေစုစုပေါင်း ၃၄ ခု ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမူ ၄၄ ခု ရှိခဲ့သည်။ စုစုပေါင်းအိမ်ခြံမြေရောင်းအား စင်္ကာပူ ဒေါ်လာ ၅၄ ဒသမ ၁၂ သန်းတွင် ၈၃ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် စင်္ကာပူဒေါ်လာ ၄၅ ဒသမ ၂၇ သန်းဖိုးသည် လူနေအိမ်ခြံမြေများဖြစ်သည်။

Knight Frank အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီမှ ထုတ်ပြန်သည့် အချက်အလက်များကလည်း စင်္ကာပူတွင် ၂၀၁၈ ခုနှစ် အိမ်ခြံမြေလေလံပွဲများမှ ရောင်းချရသည့် စုစုပေါင်းတန်ဖိုးသည် ၄၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စင်္ကာပူဒေါ်လာ ၄၆ ဒသမ ၄ သန်းသာ ရှိခဲ့ကြောင်း ပြသနေသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service