ကမ္ဘာကျော်တင်းနစ်ကြယ်ပွင့် ဗီးနပ်စ်ဝီလျံက တောင်ဖလော်ရီဒါရှိ နေအိမ်ကို ဒေါ်လာ ၂ သန်းခွဲဝန်းကျင်ဖြင့် ရောင်းချ

ကမ္ဘာကျော်တင်းနစ်ကြယ်ပွင့် ဗီးနပ်စ်ဝီလျံက တောင်ဖလော်ရီဒါရှိ နေအိမ်ကို ဒေါ်လာ ၂ သန်းခွဲဝန်းကျင်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
27 Dec 2018 11:36 am တွင် တင်ခဲ့သည်
847 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော်တင်းနစ်ကြယ်ပွင့် ဗီးနပ်စ်ဝီလျံသည် အမေရိကန်ပြည်ထောင်စု၊ တောင်ဖလော်ရီဒါရှိ နေအိမ်ကို ဒေါ်လာ ၂ သန်းခွဲဝန်းကျင်ဖြင့် ရောင်းချလာသည်။

ဗီးနပ်စ်ဝီလျံသည် အဆိုပါနေအိမ်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ နာမည်ကျော် မာရာလာဂိုစံအိမ်ကြီးတည်ရှိရာ ပန်မ်ဘိခ်ျအရပ်တွင် တည်ရှိပြီး စတုရန်းပေ ၈၀၀၀ ခန့် အကျယ်အဝန်းရှိသည်။

အိပ်ခန်း ၆ ခန်းပါ နေအိမ်တွင် တောင်ဖလော်ရီဒါရှိ ဂန္ထဝင်စံအိမ်တစ်လုံးတွင် ရှိသင့်သည့် အရာများအားလုံး ပါဝင်သည်ဟု ဆိုသည်။

ပန်မ်ဘိခ်ျရှိ ဂေါက်ကွင်းဇုန်းအတွင်းတည်ရှိခြင်းဖြစ်ရာ BallenIsles Country Club တွင် အကျယ်ဝန်းဆုံးမြေနေရာဖြစ်ပြီး တစ်ဧကခန့် အကျယ်အဝန်းရှိသည်။ ညီမဖြစ်သူ ဆရီနာ ဝီလျံသည်လည်း ယခုနေအိမ်အနီးတွင်ပင် နေအိမ်တစ်လုံးပိုင်ဆိုင်ထားသည်။

မစ္စက် ဝီလျံသည် အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး ယခုနေအိမ်ကို ပိုင်ဆိုင်ထားသည်မှာ ဆယ်စုနှစ် ၂ ခုကျော်ရှိခဲ့ပြီဖြစ်သည်။

၁၉၉၈ ခုနှစ်တွင် ကန်ဒေါ်လာ ၅၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီး ၂ နှစ်ခန့်အကြာတွင် စတုရန်းပေ ၈၅၀၀ ကျယ်ဝန်းသော စံအိမ်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ခြံဝန်းအတွင်း အပန်းဖြေစခန်းဟန် ဆောက်လုပ်ထားသည့် ရေကူးကန်နှင့် spa တို့နှင့်အတူ ရှုခင်းကြည့်ရန်နေရာတစ်ခုနှင့် ရေကန်ကို စီးမိုးရှုမြင်ရမည့် စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသော patio တို့ ပါဝင်သည်။

နှစ်ထပ်အဆောက်အအုံအတွင်း ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသည့် ပြတင်းပေါက်များတွေ့ရပြီး ပင်မဧည့်ခန်းများတွင် စကျင်ကျောက် ကြမ်းပြင်များ ခင်းကျင်းထားကာ အိပ်ခန်းများတွင်မူ သစ်မာသားကြမ်းခင်းများခင်းထားသည်။

ထို့အပြင် အိမ်တွင်းရုပ်ရှင်ရုံ၊ စာဖတ်ခန်း၊ အားကစားလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်ပြီး ဒုတိယထပ်တွင်မူ ဧည့်သည်များ တည်းခိုရန် အခန်းများထည့်သွင်းပေးထားသည်။ အရောင်းဈေးကွက်တင်ခဲ့သည်မှာ Leibowitz Realty Group မှ အကျိုးဆောင်များဖြစ်ကြသော အင်ဒရူးနှင့် မိုက်ကယ် လိုင်ဘိုဝစ်ဇ်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service