တန်ဖိုးနည်းအိမ်ခန်းများကို ၂၀၁၉ တွင် ဟောင်ကောင်အစိုးရ ရောင်းချမည်

တန်ဖိုးနည်းအိမ်ခန်းများကို ၂၀၁၉ တွင် ဟောင်ကောင်အစိုးရ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
26 Dec 2018 10:40 am တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်၌ အစိုးရ၏ တန်ဖိုးနည်းအိမ်ခန်းပထမအသုတ်အတွက် ရှေ့လ (ဇန်နဝါရီ) တွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသော ဟောင်ကောင်စီးပွားရေးဂျာနယ် Hong Kong Economic Journal က အမည်မဖော်လိုသူရင်းမြစ်အချို့ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ပထမဆုံးအကြိမ်အိမ်ဝယ်ယူမည့်သူများ အဆင်ပြေစေရေး ကူညီရန်ကြိုးပမ်းမှုအဖြစ် ဟောင်ကောင်အစိုးရက Kowloon အရပ်ရှိ လူနေအိမ်ခန်း ၄၅၀ ကို ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၃,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၆၆၂) ဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းဈေးနှုန်းသည် ဈေးကွက်ပေါက်ဈေးအောက် ၃၈ ရာခိုင်နှုန်း လျော့နည်းသည်။

"'ဒီအစီအစဉ်က အိမ်ပိုင်ရှိလိုသူတွေအများကြီးထဲက အနည်းငယ်ကိုမှ အနည်းငယ်လေးအတွက်ပဲ အဆင်ပြေစေမှာပါ" ဟု ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီ JLL ၏ သုတေသနခေါင်းဆောင် ဒန်းနစ်မာက ဘလွန်းဘတ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

အဆိုပါအိမ်ခန်းဝယ်ယူခွင့်အား လစဉ်ဝင်ငွေ ဟောင်ကောင်ဒေါ်လာ ၃၇,၀၀၀ ထက် မပိုသော အမြဲတမ်းနေထိုင်ခွင့်ရရှိသူ မည်သူမဆို လျှောက်ထားနိုင်မည် ဖြစ်သည်။ ဝယ်ယူခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ကာလအတွင်း ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်ခေါင်းဆောင်အဖြစ် ကယ်ရီလမ် ရွေးကောက်ခံရပြီးနောက် သူမ၏ ပထမဆုံးမိန့်ခွန်းတွင် အဆိုပါတန်ဖိုးနည်းအိမ်ခန်းအစီအစဉ်ကို အဦးဆုံးပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြောကြားပြီးနောက် သူမသည် ဟောင်ကောင်အိမ်ခန်းပိုင်ဆိုင်နိုင်စွမ်းအကျပ်အတည်းအား သက်သာစေရေး စီမံမှုများ ဖင့်နှေးနေခဲ့သည်ဟု ဝေဖန်သူများက သုံးသပ်ထားသည်။

ဟောင်ကောင်အိမ်ဈေးများသည် ပြီးခဲ့သည့် လေးလအတွင်း ဆက်တိုက်ကျဆင်းနေခဲ့သော်လည်း ငါးနှစ်အတွင်းမူ ၅၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာကြောင်း Centaline အိမ်ခြံမြေအေဂျင်စီ၏ သုတေသနတစ်ရပ်ကို ကိုးကား၍လည်း ဘလွန်းဘတ်က ဖော်ပြခဲ့သည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service