တရုတ်ထိပ်တန်းကုမ္ပဏီကြီး Alibaba က လူသားဝန်ထမ်းမရှိသော ဟိုတယ်ကြီးတစ်လုံး ဟန်ကျိုးမြို့တွင် ဖွင့်လှစ်

တရုတ်ထိပ်တန်းကုမ္ပဏီကြီး Alibaba က လူသားဝန်ထမ်းမရှိသော ဟိုတယ်ကြီးတစ်လုံး ဟန်ကျိုးမြို့တွင် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
20 Dec 2018 12:28 pm တွင် တင်ခဲ့သည်
8576 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ထိပ်တန်းကုမ္ပဏီကြီး Alibaba သည် လူသားဝန်ထမ်းမရှိသော ဟိုတယ်ကြီးတစ်လုံးကို ဟန်ကျိုးမြို့တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဟိုတယ်ကြီးကို FlyZoo ဟု အမည်ပေးထားပြီး မဖွင့်လှစ်မီ ၂ နှစ်ခန့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

Alibaba ၏ ရုံးချုပ် အခြေစိုက်ရာ ဟန်ကျိုးမြို့ အရှေ့ပိုင်းတွင်ပင် တည်ရှိသည်။

သမားရိုးကျ လုပ်ငန်းဆောင်ရွက်ပုံများကို နည်းပညာအခြေခံသည့်လုပ်ငန်းများအဖြစ် ပြောင်းလဲရန် Alibaba က ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

FlyZoo ဟိုတယ်ကြီးတွင် အခန်းငှားရမ်းခြင်း၊ ပြန်လည်အပ်နှံခြင်း အစရှိသည့် လုပ်ငန်းဆောင်တာများမှအစ လူသားပါဝင်တော့မည် မဟုတ်ဘဲ စက်ရုပ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဧည့်သည်များ တည်းခိုနေထိုင်စဉ် ဆောင်ရွက်ဖွယ်ရှိသည့် ကိစ္စရပ်များကို သမားရိုးကျအားဖြင့် ဟိုတယ်ဝန်ထမ်းများက ဆောင်ရွက်ပေးခြင်းဖြစ်သော်လည်း FlyZoo ဟိုတယ်ကြီးတွင်မူ စက်ရုပ်များမှ ဆောင်ရွက်ပေးမည် ဖြစ်သည်။

ဧည့်သည်များသည် မိမိတို့အလိုရှိရာ ဝန်ဆောင်မှုကို အိပ်ခန်းအတွင်းမှ မထွက်ဘဲ အခန်းတွင်းတွင် တပ်ဆင်ထားသည့် စမတ်ကိရိယာများမှတဆင့် ဝန်ဆောင်မှုတောင်းခံနိုင်မည် ဖြစ်သည်။

ဟိုတယ်သို့ ဝင်ရောက်လာသည်နှင့် တစ်မီတာခန့် အမြင့်ရှိသော စက်ရုပ်တစ်ရုပ်က ကြိုဆိုနှုတ်ဆက်မည်ဖြစ်သည်။

အဆိုပါစက်ရုပ်များတွင် လူတို့၏ မျက်နှာကို မှတ်မိသိရှိနိုင်သည့် Facial Recognition နည်းပညာထည့်သွင်းပေးထားသည်ဟု ဆိုသည်။ ယင်းနောက် အဆိုပါစက်ရုပ်ကပင် ဓာတ်လှေကားရှိရာသို့ လမ်းညွှန်ပေးမည် ဖြစ်သည်။

ဟိုတယ်အတွင်းရှိ တံခါးအားလုံးတွင်လည်း Facial Recognition နည်းပညာကို အသုံးပြုထားသည်။

ဓာတ်လှေကားကလည်း ဧည့်သည်ကို Facial Recognition ဖြင့် စစ်ဆေးပြီးနောက် လိုရာအထပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အိပ်ခန်းတွင်လည်း အလားတူပင် ဖြစ်သည်။

အခန်းတွင်းရှိ လေအေးပေးစက်၊ ရုပ်မြင်သံကြား၊ မီးလုံးများ၊ လိုက်ကာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လက်ဖြင့်ကိုယ်တိုင်သွားရောက် ဖွင့်လှစ်ရန် မလိုဘဲ အခန်းတွင်းတွင် တပ်ဆင်ပေးထားသော Tmall Genie အမည်ရှိ စမတ်စပီကာသို့ နှုတ်မှ ညွှန်ကြားပေးလိုက်သည်နှင့် အလိုအလျောက် ဖွင့်လှစ်ပြီး ဖြစ်မည် ဖြစ်သည်။

ဟိုတယ်မှ ပြန်လည်ထွက်ခွာချိန်တွင်လည်း သမားရိုးကျလုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ရန် မလိုဘဲ ဟိုတယ်၏ App မှတဆင့် check-out ပြုလုပ်နိုင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service