ရန်ကုန်မြို့တွင် တိုက်ခန်းများထက် မီနီကွန်ဒိုများ အရောင်းသွက်နေ

ရန်ကုန်မြို့တွင် တိုက်ခန်းများထက် မီနီကွန်ဒိုများ အရောင်းသွက်နေ - Property News in Myanmar from iMyanmarHouse.com
17 Dec 2018 10:14 am တွင် တင်ခဲ့သည်
1709 ကြိမ် ကြည့်ရှု့ပြီး

လတ်တလော ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် တိုက်ခန်းများထက် မီနီကွန်ဒိုများက ပိုမိုအရောင်းဖြစ်နေသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

လူနေထိုင်မှုအဆင့်အတန်း မြင့်မားလာသည်နှင့်အညီ အိမ်ရာဝယ်ယူသူများကလည်း ဓာတ်လှေကားဝန်ဆောင်မှု၊ အထွေထွေဝန်ဆောင်မှုများ ပါဝင်ပြီး ထိန်းသိမ်း မှုရှိသည့် မီနီကွန်ဒိုများကို ပိုမို စိတ်ဝင်စားလာသည်။

ရန်ကုန်မြို့ရှိ တိုက်ခန်းအများစုသည် မီနီကွန်ဒိုများနှင့် ဈေးနှုန်းအများအပြားကွာခြားမှုမရှိ သော်လည်း သက်တမ်းကြာလာသဖြင့် ပိုမိုဟောင်းနွမ်းလာပြီး ဝန်ဆောင်မှုများ မပါဝင်ခြင်းကြောင့် အဝယ်နည်းလာသည်ဟု စိုးစံလင်း အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ဒေါ်မေသူက ဆိုသည်။

လက်ရှိတွင် ဝယ်ယူသူများ က အထပ်နိမ့်တိုက်ခန်းအဟောင်း များ ဝယ်ယူမည့်အစား ဈေးနှုန်းတူညီသည့် ဝန်ဆောင်မှုပါဝင်သော အထပ်မြင့် မီနီကွန်ဒိုအခန်းများကို ဝယ်ယူရန် ပိုမိုရွေးချယ်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

‘‘အလွှာချင်းတူမယ်ဆိုရင် ဈေးက ပျမ်းမျှ ၂၀၀၊ ၃၀၀ လောက်ကွာမယ်။ ရိုးရိုးတိုက်ခန်းကို ပထမထပ်ဆိုရင် (၂၅ ပေ × ပေ ၅၀) ကို သိန်း ၁,၀၀၀၊ ၁,၅၀၀ ကြား သူတို့ (ပိုင်ရှင်)တွေက ရောင်းချင်တယ်။ မီနီကွန်ဒို ပထမထပ်ဆိုရင်လည်း ဈေးက သိပ်မကွာတော့ဘူး။ အဲဒီလောက်ဝန်းကျင်ပဲ ရှိတယ်။ အလွှာမြင့်ဆိုရင်တော့ နည်းနည်းကွာမယ်’’ဟု ရွှေဥဒေါင်းမင်း အိမ်ခြံမြေဝန်ဆောင်မှု မန်နေဂျာ ဒေါ်သင်းသင်းကဆိုသည်။

တိုက်ခန်းတွင် နေထိုင်ရသည်မှာ အဆင်မပြေပုံကို တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ယုယုအေးက ‘‘တိုက်ခန်းတွေက အထပ်နိမ့်တော့လည်း ပိုက်ဆံ မတတ်နိုင်ဘူး။ မြင့်တော့လည်း လူကြီးတွေအတွက် တက်ရတာ အဆင်မပြေဘူးလေ။ အဲဒါကြောင့် မီနီကွန်ဒိုတွေကို ပိုကြိုက်ပါတယ်’’ဟု ဆိုသည်။

စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံကဲ့သို့ Downtown မြို့နယ် များမှ မီနီကွန်ဒိုများကို ကျပ်သိန်း ၁,၀၀၀ မှ ၁,၅၀၀ အတွင်း ရောင်း ချနေပြီး တောင်ဥက္ကလာပမြို့နယ် တွင်မူ ကျပ်သိန်း ၈၀၀ ခန့်ရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service