လန်ဒန်ရှိ လမ်းတစ်ခုပေါ်တွင် အိမ်သာလာရောက်ချထားခြင်းကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များ ပေါင် ၂၀၀၀၀ ခန့် ဈေးနှုန်းကျဆင်း

လန်ဒန်ရှိ လမ်းတစ်ခုပေါ်တွင် အိမ်သာလာရောက်ချထားခြင်းကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များ ပေါင် ၂၀၀၀၀ ခန့် ဈေးနှုန်းကျဆင်း - Property News in Myanmar from iMyanmarHouse.com
11 Dec 2018 11:47 am တွင် တင်ခဲ့သည်
936 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ အရှေ့တောင်ဘက် ဘင်ဂျင်ဟေးလ်အရပ်ရှိ လမ်းတစ်ခုပေါ်တွင် ဘတ်စ်ကားမောင်းနှင်သူများ အသုံးပြုနိုင်ရန် ရည်ရွယ်ကာ ရွှေ့ပြောင်းနိုင်သည့် အိမ်သာတစ်လုံးလာရောက်ချထားခြင်းကြောင့် လမ်းအတွင်းရှိ နေအိမ်များ၏ တန်ဖိုးမှာ ပေါင် ၂၀၀၀၀ ခန့် ကျဆင်းသွားခဲ့ရသည်။

ယခုလအတွင်း လမ်းအတွင်းရှိ မြက်ခင်းတစ်ခုပေါ်တွင် မီးခိုးရောင် သတ္တုအိမ်သာတစ်လုံးလာရောက်ချထားခြင်းကြောင့် အနီးဝန်းကျင်နေထိုင်သူများမှာ အနံ့ဆိုးများခံစားရလျက်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သူ အသက် ၄၁ နှစ်အရွယ်ရှိ ရစ်ချတ်ထရီဘယ်လ်က ပြောကြားသည်။

အဆိုပါနေရာရှိ နေအိမ်များ၏ ပျှမ်းမျှဈေးနှုန်းမှာ မူလက ပေါင် ၆၀၀၀၀ ရှိခဲ့ရာမှာ ယခုအခါ ပေါင် ၅၈၀၀၀ သာရှိတော့သည်ဟု ဆိုသည်။

လန်ဒန်မြို့ပို့ဆောင်ရေးအဖွဲ့က တောင်းပန်မှုများ ပြလုပ်ထားပြီး ပိုမိုသင့်တော်သည့်နေရာတစ်ခု ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

“ကျွန်တော် ကလေးတွေကို ကျောင်းသွားပို့ပြီး ပြန်လာတော့ အဲဒီအိမ်သာရောက်နေတာ ဖြစ်ပါတယ်။ မိနစ် ၃၀ လောက်အတွင်း အပြီးလုပ်သွားကြတာပါ” ဟု ရစ်ချတ်က ပြောကြားသည်။

“ဒီလိုလုပ်မယ်ဆိုတာ ကျွန်တော်တို့ကို ကြိုတင်သတိပေးထားတာတွေ မရှိပါဘူး။ ဒေသတွင်း အုပ်ချုပ်ရေးပိုင်းကလည်း ဒါကို သိတောင်မသိပါဘူး။ သူတို့အနေနဲ့ အဓိက ဘတ်စ်ကားတွေပြေးတဲ့လမ်းမှာ လုပ်သင့်ပါတယ်။ ဒီလမ်းမှာက ဘတ်စ်ကား တစ်စင်းပဲပြေးတာပါ။ ဒီအိမ်သာကြောင့် ကျွန်တော်တို့ရဲ့ အိမ်တန်ဖိုးတွေ ပေါင် ၂၀၀၀၀ လောက် ပြုတ်ကျသွားခဲ့ပါတယ်”

Project & Programme Delivery မှ ဒါရိုက်တာ နစ်ခ် ဖဲရ်ဟုမ်းက ပြောကြားရာတွင် “ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ဟာ ဘစ်ဂျင်ဟေးလ် အရပ်မှာ ဘတ်စ်ကားမောင်းသူတွေအတွက် အိမ်သာတစ်ခုထားရှိမယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံနေထိုင်သူတွေကို အကြောင်းမကြားခဲ့မိပါဘူး။ အိမ်သာရဲ့တည်နေရာအပေါ် ရတက်မအေးဖြစ်နေတာတွေ ကျွန်တော်တို့ နားလည်ပါတယ်။ ရှိပြီးသားအဆောက်အအုံကို ပြောင်းလဲမှုလုပ်ဖို့ နည်းလမ်းမရှိဘူးဆိုရင်တော့ ပိုပြီးသင့်တော်တဲ့နေရာ ရှာဖွေနိုင်ဖို့အတွက် ဒေသတွင်းအသိုက်အဝန်းနဲ့ ဆွေးနွေးသွားဖို့ ကမ်းလှမ်းထားပါတယ်” ဟု ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service