ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့်ကြီး အော်ဇီအော့စ်ဘွန်း၏ သမီးက အမေရိကန်ရုပ်ရှင်မင်းသမီး ရွန်နီမာယာ၏ နေအိမ်ကို ဝယ်ယူ

ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့်ကြီး အော်ဇီအော့စ်ဘွန်း၏ သမီးက အမေရိကန်ရုပ်ရှင်မင်းသမီး ရွန်နီမာယာ၏ နေအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
27 Nov 2018 11:20 am တွင် တင်ခဲ့သည်
920 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့်ကြီး အော်ဇီအော့စ်ဘွန်း၏ သမီးဖြစ်သူ ကယ်လီ အော့စ်ဘွန်းသည် အမေရိကန်ရုပ်ရှင်မင်းသမီး ရွန်နီမာယာ၏ နေအိမ်ကို ဝယ်ယူလိုက်ပြီဖြစ်သည်။

နေအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိမြို့လယ် လော့စ်ဖီလစ်ဇ်အရပ်တွင် တည်ရှိပြီး ကန်ဒေါ်လာ ၃ ဒသမ ၅၇၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်သည် နာမည်ကျော်အချို့၏ အကြားတွင် လက်ပြောင်းလက်လွှဲများ ဖြစ်ခဲ့သည့်နေအိမ်လည်း ဖြစ်သည်။

ရွန်နီမာယာက ယင်းနေအိမ်ကို သွေးစုပ်ဖုတ်ကောင်ဇာတ်ကား၊ တာဇံကားများဖြင့် နာမည်ကျော်ခဲ့သူ ဆွီဒင်လူမျိုး ရုပ်ရှင်သရုပ်ဆောင် အလက်ဇန္ဒား စကားစ်ဂါ့ဒ်ထံမှ ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၁၇ ခုနှစ်၊ မေလတွင် ကန်ဒေါ်လာ ၃ ဒသမ ၈၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး ရောင်းမထွက်သောကြောင့် နောက်ပိုင်းတွင် ကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်းသို့ ဈေးလျှော့ချပေးခဲ့သည်။ ယခုအခါ ကယ်လီအော့စ်ဘွန်းက ကန်ဒေါ်လာ ၃ ဒသမ ၅၇၅ သန်းဖြင့် ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ကာ အကျယ်အဝန်း ၂၃၄၀ စတုရန်းပေရှိပြီး မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

နေအိမ်အတွင်း အိပ်ခန်း ၂ ခန်းအပြင် ရုံးခန်းတစ်ခုလည်းပါဝင်သေးကာ ခြံဝန်းအတွင်းတွင်မူ တောင်ကုန်းစောင်း ပန်းဥယျာဉ်တစ်ခု ပါဝင်ပြီး သစ်ကြီးဝါးကြီးများလည်း ပေါက်ရောက်လျက်ရှိနေသည်။

ကယ်လီအော့စ်ဘွန်းသည် စိတ်ဝင်စားဖွယ်ရာ နေအိမ်များစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။

အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်သော E!’s မှ ထုတ်လွှင့်ပြသသည့် Fashion Police အစီအစဉ်တွင် ပါဝင်မှုပြီးဆုံးသွားပြီးနောက် ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၉၉၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

၂၀၁၄ ခုနှစ်တွင်လည်း အနောက်ဟောလိဝုဒ်တွင် လော့စ်အိန်ဂျလိအခြေစိုက် ဗိသုကာပညာရှင် ရောဘတ်ဘာ့ဒ် ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးထားသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၃၄၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး နောက်ဆုံးတွင် ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ရောင်းထွက်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service