One direction အဖွဲ့ဝင် အဆိုတော်တစ်ဦးဖြစ်သူ ဇန်မလစ်ခ်က ကမ္ဘာကျော်မော်ဒယ် ဂျီဂျီဟာဒစ်နှင့် နယူးယောက်တွင် နေထိုင်ရန် စီစဉ်လျက်ရှိပြီး လော့စ်အိန်ဂျလိရှိနေအိမ်ကို အရောင်းဈေးကွက်တင်

One direction အဖွဲ့ဝင် အဆိုတော်တစ်ဦးဖြစ်သူ ဇန်မလစ်ခ်က ကမ္ဘာကျော်မော်ဒယ် ဂျီဂျီဟာဒစ်နှင့် နယူးယောက်တွင် နေထိုင်ရန် စီစဉ်လျက်ရှိပြီး လော့စ်အိန်ဂျလိရှိနေအိမ်ကို အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
12 Nov 2018 11:01 am တွင် တင်ခဲ့သည်
986 ကြိမ် ကြည့်ရှု့ပြီး

ဇန်မလစ်ခ်သည် အင်္ဂလိပ်တေးရေး၊ အဆိုတော်ဖြစ်ပြီး အနောက်ယော့ခ်ရှိုင်းယားပြည်နယ်၊ ဘရက်ဒ်ဖို့ဒ်မြို့တွင် မွေးဖွားသည်။

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသော X Factor ပြိုင်ပွဲတွင် အဆိုဝင်ပြိုင်ရင်း နောင်အခါ One direction အဖွဲ့သားများဖြစ်လာမည့် ဟယ်ရီစတိုင်၊ နီးလ် ဟိုရန်၊ လီအန် ပိန်း၊ လူးဝစ် တွမ်လီဆန်တို့နှင့် ဆုံစည်းခဲ့ခြင်းဖြစ်သည်။

One direction သည် Brit Awards ၇ ကြိမ်၊ MTV Video Music Awards ၄ ကြိမ်၊ Billboard Music Awards ၆ ကြိမ်၊ American Music Awards ၇ ကြိမ်ရရှိထားပြီး ၂၀၁၃ ခုနှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၇၅ သန်း ရရှိခဲ့ရာ ဖော့ဘ်မဂ္ဂဇင်းကြီးက ဖော်ပြသော အသက် ၃၀ အောက် ဝင်ငွေအကောင်းဆုံး အကျော်အမော်များစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ်က ထုတ်လုပ်ခဲ့သော တေးအယ်လ်ဘမ်ဖြစ်သည့် Midnight Memories သည် ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့အရောင်းရဆုံး တေးအယ်လ်ဘမ်ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ ၄ သန်းကျော် ရောင်းချခဲ့ရသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ် အချက်အလက်များအရ One direction သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၅၀ ကျော် ရောင်းချထားရပြီးဖြစ်သည်ဟု ဆိုသည်။

ဇန်မလစ်ခ်သည် ၂၀၁၅ ခုနှစ်တွင် One direction အဖွဲ့မှ နှုတ်ထွက်သွားခဲ့၏။

ယခုအခါ ဇန်မလစ်က လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ဇန်မလစ်က နယူးယောက်တွင် သူ၏ချစ်သူ ကမ္ဘာကျော် မော်ဒယ် ဂျီဂျီဟာဒစ်နှင့် အတူနေထိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဂျီဂျီဟာဒစ်နှင့်အတူ နယူးယောက်တွင် အမြဲအခြေချနေထိုင်ရန်လည်း ဇန်မလစ်က ရည်ရွယ်ထားသည်။

ဘဲအဲရ်ရှိ စံအိမ်ကို ဇန်မလစ်က ကန်ဒေါ်လာ ၃၄၉၅၀၀၀ ဈေးခေါ်ထားသည်။

လော့စ်အိန်ဂျလိတွင် ၂ နှစ်နေထိုင်ပြီးနောက် အနောက်ဘက်ကမ်းရိုးတန်းမှ အရှေ့ဘက်သို့ ပြောင်းရွှေ့ရန် စီစဉ်ခြင်းလည်း ဖြစ်သည်။

ယခုစံအိမ်ကို ဝယ်ယူပြီးနောက် ကြမ်းပြင်ပေါ်တွင် မွေ့ယာခင်းကာ ၆ လခန့် နေထိုင်ခဲ့၏။

ပတ်ဝန်းကျင်၏ လူသူကျဲပါးမှုကို သဘောကျခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

နယူးယောက်တွင် ချစ်သူဂျီဂျီနှင့်အတူ နေထိုင်ရန် ပြင်ဆင်ပြီးနောက်ပိုင်း လန်ဒန်ရှိ နေအိမ်ကိုလည်း အရောင်းဈေးကွက်တင်ထားခဲ့သည်။

ဂျီဂျီနှင့် ဇန်တို့သည် မတ်လအတွင်း လမ်းခွဲလိုက်ကြပြီးနောက် ဇွန်လတွင် အချစ်ရေးဇာတ်လမ်း ပြန်ဆက်ကြပြန်သည်။

ဂျီဂျီနှင့် ဇန်တို့သည် ၂၀၁၅ ခုနှစ်အတွင်း စတင်ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်း Vogue မဂ္ဂဇင်းကြီး၏ အဖုံးတွင် အတူပါဝင်ခဲ့ကြဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service